Vietjet လေကြောင်းလိုင်းရဲ့ သုညကျပ် လေယာဉ်လက်မှတ်နဲ့အတူ ဟနွိုင်းကတစ်ဆင့် အာရှတစ်လွှားဆီ အပန်းဖြေခရီး ထွက်ရအောင်

chao_duong_bay_moi_en.jpg

မြန်မာခရီးသွားတွေအနေနဲ့ နွေရာသီရဲ့အပူဒဏ်ကိုရှောင်ရှားရင်း ကမ္ဘာတစ်ဝှမ်းကို အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေတယ်ဆိုရင် ဈေးနှုန်းသက်သက်သာသာနဲ့ သွားလို့ရစေမယ့် အစီအစဉ်လေးတစ်ခုကို သတင်းကောင်းပါးပေးချင်ပါတယ်။

အာရှရဲ့ ဈေးအချိုဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Vietjet လေကြောင်းလိုင်းက လေယာဉ်လက်မှတ်စောင်ရေပေါင်း ၆ သိန်း ၇ သောင်းကို အထူးလျော့ဈေးနှုန်း သုည (0) ကျပ်နဲ့ (အခွန်နဲ့ အခြားပေးဆောင်ရမယ့်အခတွေမပါ) ရန်ကုန်-ဟနွိုင်းလမ်းကြောင်းအပါအဝင် ပြည်တွင်းပြည်ပခရီးစဉ်အားလုံးအတွက်ကို အခုချိန်ကစပြီး မတ်လ (၁၅) ရက်ထိ မြန်မာစံတော်ချိန် နေ့လယ် (၁၁) နာရီခွဲကနေ (၁) နာရီခွဲအတွင်း ရောင်းချပေးနေပါပြီ။ ဒီလိုအထူးလျော့ဈေးနှုန်းနဲ့ ရောင်းချတဲ့လက်မှတ်တွေက၂၀၁၉ ခုနှစ် မတ် (၁၄) ရက်ကနေ ဒီဇင်ဘာ (၃၁) ရက် အတွင်း (ရုံးပိတ်ရက်မပါ) ပျံသန်းမယ့် လေယာဉ်တွေအတွက်သာ ဖြစ်ပါတယ်။

ရန်ကုန်ကနေ ယဉ်ကျေးမှုအစုံရောယှက်နေပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အရာတွေရှိနေတဲ့ မြို့တော်ဟနွိုင်းကိုသွားမယ်ဆိုရင် ရိုးရာစားသောက်ဖွယ်ရာအမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ အနုဗညာလုပ်ငန်းတွေကိုလည်း တွေ့ကြုံခံစားနိုင်မှာပါ။

ဟနွိုင်းကနေတစ်ဆင့် ဗီယက်နမ်နိုင်ငံရဲ့ အလှပဆုံးမြို့တွေဆီကိုလည်း အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်ပါသေးတယ်။ ကမ္ဘာ့အံ့ဖွယ်ခုနှစ်ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Ha Long Bay ကို လေးနာရီဘတ်စ်ကားခရီးနဲ့ သွားရောက်နိုင်သလို လှပတဲ့ရှုခင်းတွေရှိရာ နှင်းပင်းကို နာရီဝက်ကြာကားမောင်းပြီးသွားနိုင်မှာပါ။ ရင်သပ်ရှုမောဖွယ်ရာ ဆပါ ရဲ့အလှဆုံးနေရာတွေကိုလည်း အလွယ်တကူသွားရောက်နိုင်တာမို့ ကိုယ်တိုင် သွားရောက်ခံစားကြည့်ရှုဖို့ပဲလိုတာပါ။

ဟနွိုင်းမြို့လယ်ခေါင်ရှိ Tortoise Tower (လိပ်မျှော်စင်)
ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးမှာပါဝင်တဲ့ ဟာလောင်းပင်လယ်အော်မှာ လှပတဲ့ထုံးကျောက်ဖြစ်တည်မှု (၁၀၀၀) ကျော်နဲ့ ပုံစံစုံအရွယ်အစားစုံကျွန်းများရှိနေပြီး အများစုက သဘာဝအတိုင်းပဲတည်ရှိနေပါသေးတယ်။
ဟနွိုင်းကနေ ရထားနဲ့ (၅) နာရီကြာခရီးနဲ့သွားရောက်နိုင်မယ့် အလွန်လှပသောရှုခင်းများရှိရာ ဆပါ

ဟနွိုင်းနဲ့ အာရှနိုင်ငံတွေကို လေ့လာနိုင်ဖို့ သင်ရဲ့ခရီးစဉ်ကို Vietjet လေကြောင်းလိုင်းရဲ့ သုညကျပ် လက်မှတ်နဲ့ စတင်လိုက်ပါ။

ဟနွိုင်းမြို့ဟာ သင့်ကို အခြားနိုင်ငံတကာမြို့တွေနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ အဓိက အချက်အချာကျတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဟနွိုင်းကနေ တိုကျို၊ ဘူဆန်၊ ဆိုးလ်နဲ့ တခြားသော အာရှနိုင်ငံတွေရဲ့မြို့တွေဆီ Vietjet လေကြောင်းလိုင်းရဲ့ သက်သာလှတဲ့ဈေးနှုန်းနဲ့ သွားရောက်နိုင်သလို ဟနွိုင်းမြို့ကိုသွားရောက်လိုတဲ့ မြန်မာခရီးသွားတွေအတွက် ရန်ကုန်-ဟနွိုင်း အသွားအပြန်ခရီးစဉ်ကို Vietjet လေကြောင်းလိုင်းက တစ်ပတ် (၅) ရက် ပြေးဆွဲပေးနေပါတယ်။

နာမည်ကျော်ကြားလှတဲ့ခရီးသွားမြို့တွေနဲ့ ချိတ်ဆက်ပေးဖို့၊ ခရီးသွားတွေရဲ့လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်ဖို့နဲ့ ဒေသဆိုင်ရာကုန်သွယ်ရေးကိုမြှင့်တင်ဖို့အတွက် ဟိုချီမင်း (ဗီယက်နမ်) – တိုကျို (နာရီတာ-ဂျပန်) နဲ့ ညာချန် (ဗီယက်နမ်) – ဘူဆန် (တောင်ကိုရီးယား) ခရီးစဉ်သစ်နှစ်ခုကိုလည်း Vietjet လေကြောင်းလိုင်းက မိတ်ဆက်ပေးထားပြီးပါပြီ။

ကမ္ဘာပေါ်မှာ ကြည့်ရှှုလည်ပတ်စရာနေရာတွေက အများကြီးရှိနေပါတယ်။ သင့်ရဲ့ခရီးစဉ်ကို Vietnam ကနေအစပြုပြီး ကမ္ဘာတစ်ဝှမ်းက တခြားနေရာတွေဆီကို ဈေးနှုန်းအသက်သာဆုံးနဲ့ သွားရောက်နိုင်ဖို့နဲ့ ကိုယ့်ရဲ့အကောင်းဆုံးအပန်းဖြေခရီးစဉ်ကို ကိုယ်တိုင်ဖန်တီးဖို့ အချိန်ဆွဲမနေဘေဲ Vietjet ရဲ့ လေယာဉ်တွေနဲ့ ပျံသန်းသွားလိုက်ပါ။ သတင်းကောင်းတစ်ခုကတော့ မြန်မာနိုင်ငံသားတွေဟာ ဗီယက်နမ်နိုင်ငံမှာ ဗီဇာမလိုဘဲ (၁၄) ရက်ထိ နေထိုင်နိုင်တာပါပဲ။ ဒါကြောင့် Vietjet ကိုပဲ ရွေးချယ်ပြီး ခရီးသွားသင့်နေပါပြီ။

လေယာဉ်လက်မှတ်တွေဝယ်ယူဖို့အတွက် www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar ကိုသွားရောက်နိုင်သလို Vietjet ရဲ့ “Fly it & Like it” မှာ အစီအစဉ်မှာလည်း ပါဝင်လို့ရပါတယ်။ မြန်မာခရီးသွားတွေအနေနဲ့ Hotline: 09 789 323 828 ကိုဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 မှာလည်းဝယ်ယူနိုင်ပြီး ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးက လက်မှတ်အရောင်းဌာနတွေမှာတော့ ရုံးဖွင့်ရက်အတွင်း မနက် (၉) နာရီကနေ ညနေ (၅) နာရီ၊ စနေနေ့မှာ မနက် (၉) နာရီကနေ နေ့လယ် (၁၂) နာရီ ကြား ရုံးချိန်အတွင်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကဲ…ဗီယက်နမ်နဲ့ ကမ္ဘာတစ်ဝှမ်းကနိုင်ငံတွေကိုလေ့လာနိုင်ဖို့ သင့်ရဲ့ခရီးစဉ်ကို Vietjet နဲ့သာ စတင်လိုက်ပါစို့
ဟနွိုင်းမှ ဂျပန်သို့ Vietjet နှင့်ပျံသန်းလိုက်ပါ

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top