အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားပြည်နယ်မှာ ဆန္ဒပြသူနှစ်ဦးအနက် တစ်ဦးဟာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက် ကက်ရှ်မီးယားဒေသမှာ အိန္ဒိယဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။
ကက်ရှ်မီးယားဒေသ မြို့တော် ဆာရီနာဂါ မြို့မှာ သေဆုံးခဲ့သူ ကိုင်ဆာဘတ်ရဲ့ ဈာပနအခမ်းအနားကို လူရာချီ လိုက်လံပို့ဆောင်ခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရာ ရဲတွေက ခဲလုံးတွေနဲ့ ပစ်ခတ်မှုလုပ်ခဲ့တဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
အိန္ဒိယအာဏာပိုင်တွေဟာ မြို့ရဲ့နေရာအချို့ကို နေဝင်မီးငြိမ်း အမိန့်ထုတ်ပြန်ထားပြီး အင်တာနက်အသုံးပြုမှုတွေကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ကက်ရှ်မီးယားဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ခါးသီးတဲ့ အငြင်းပွားမှုတွေ ဖြစ်စေတဲ့ဒေသ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ မြို့အတွင်း ဗလီတွေကို ရဲတွေက စီနင်းရှာဖွေမှုတွေကို ကန့်ကွက် ဆန်ကျင့်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုကို ခုခံကာကွယ်မှုတွေ လုပ်ခဲ့ရကြောင်း၊ ကားတွေနဲ့ လူအုပ်ထဲကို အတင်းမောင်းနှင်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြမှုတွေကြောင့် ဈေးဆိုင်တွေ၊ စီးပွားရေး လုပ်ငန်းတွေ ပိတ်ပင်ထားရပြီး မြို့အတွင်းရှိ လမ်းတွေမှာ လုံခြုံရေး တင်းကြပ်ထားရတယ်လို့သိရပါတယ်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရာနက်ဆင် ကက်ရှ်မီးယားပြည်နယ်ကို မလာမီ ရက်ပိုင်းအလိုမှာပဲ အခုလိုမျိုး အိန္ဒိယ ဆန်ကျင့်ရေး ဆန္ဒပြမှုတွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ မွတ်စလင် ခွဲထွက်ရေးသမားတွေဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်းတည်းက ကက်ရှ်မီးယားကို အိန္ဒိယ ထိန်းချုပ်မှုကို ဆန်ကျင့်ကာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိခဲ့တာပါ။ ကက်ရှ်မီးယားဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူထောင်ချီ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Ref: BBC “Kashmir unrest as protester run over by police dies”
Kaung Htet Ngwe (ရိုးရာလေး)