ရေအောက်စူးစမ်းရှာဖွေရေး ရှေးဟောင်းပညာရှင်အဖွဲ့က ဖာရိုးဘုရင်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်

66082671_2464425730254999_4614971805847781376_n.jpg

ရေအောက်စူးစမ်းရှာဖွေရေး ရှေးဟောင်းပညာရှင်တစ်ယောက်ဟာ ပိရမစ်အောက်မှာ တည်ဆောက်ထားတဲ့ ဖာရိုးဘုရင်ရဲ့ဂူသချုၤ ိင်းကို သွားရောက်ပြီး လေ့လာမှုလုပ်ခဲ့ပါတယ်။ လှေကားထစ် (၆၅) ထစ် ဆင်းမှ ဂူဝင်ပေါက်ကို ရောက်မှာဖြစ်ပေမဲ့ လှေကားထစ်
(၄၀) ဆင်းပြီးချိန်မှာ ရေတွေဖုံးလွှမ်းနေလို့ သူတို့အဖွဲ့ အခက်တွေ့ခဲ့ပါတယ်။ လှေကားခွင်က ကျဉ်းလို့ ရေငုပ်ရာမှာ အသုံးပြုနေကြဖြစ်တဲ့ အောက်ဆီဂျင်ဘူးတွေနဲ့လည်း အဆင်မပြေပါဘူး။

ဒါကြောင့် ရေအောက်ထဲဆင်းရာမှာ အောက်ဆီဂျင်ရစေဖို့အတွက် ရေပိုက်တစ်စကို နှာခေါင်းမှာတပ်၊ ကျန်တစ်စကို ရေပေါ်မှာ နေရာချထားပြီး ရေငုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် (၁၀၀) ကစပြီး ရေမျက်နှာပြင်မြင့်တက်လာတဲ့အတွက် ဆူဒန်နိုင်ငံရဲ့ ပရိမစ်တစ်ခုအောက်မှာ တည်ဆောက်ထားတဲ့ ဖာရိုးဘုရင်ရဲ့ ဂူသင်္ချိုင်းကို သွားရောက်ဖို့ ပိုခက်ခဲခဲ့ပါတယ်။ ခရီယက်စ်မန်းနဲ့ သူ့အဖွဲ့ကတော့ နှစ် (၁၀၀) အတွင်းမှာ အဲဒီဂူသင်္ချိုင်းထံ သွားရောက်ခဲ့တဲ့ ပထမဆုံးအဖွဲ့ပါပဲ။

ဆူဒန်နိုင်ငံ နျူရီဒေသမှာရှိတဲ့ ရှေးဟောင်းဘုရင့်သင်္ချိုင်းဂူမှာ ရှေးဟောင်းပညာရပ်ဆိုင်ရာ ရေအောက်စူးစမ်းရှာဖွေမှုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ခရီယက်စ်မန်းက ပြောပါတယ်။ သချုၤ ိင်းဂူထဲမှာ မီနီဘတ်စ်တစ်စီးစာလောက်ရှိတဲ့ အခန်း (၃) ခန်းရှိပြီး အခန်းမျက်နှာကြက်တွေကတော့ လှပတဲ့ပေါင်းမိုးပုံစံရှိပါတယ်။ နောက်တစ်ခန်းကို ကူးသွားချိန်မှာတော့ ပိန်းပိတ်အောင်မှောင်လွန်းတယ်လို့ ဆိုပါတယ်။ အဲဒီအခန်းတွေထဲကနေ မြေထည်ရုပ်တုတွေနဲ့ ရွှေပြားတွေ တွေ့ရှိခဲ့ကြပါတယ်။ ရွှေပြားတွေကတော့ အသက်ငယ်ရွယ်တဲ့ ဖာရိုးဘုရင် နာစတာဆင်အတွက် ရည်စူးထားတာဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်နေပါတယ်။ နာစတာဆင်ဟာ ဆူဒန်နိုင်ငံကို ဘီစီ ၃၃၅ ကနေ ဘီစီ ၃၁၅ အထိ အုပ်ချုပ်ခဲ့တဲ့ ကက်ရှ်မင်းဆက်ဘုရင်ဖြစ်ပါတယ်။ ဆူဒန်နိုင်ငံက ပိရမစ်တွေဟာ အီဂျစ်နိုင်ငံက ပိရမစ်တွေလို ဘုရင့်ရုပ်အလောင်းတွေကို အထဲမှာ မြှုပ်နှံမထားဘဲ ပိရမစ်အောက်ဘက်မှာ မြှုပ်နှံလေ့ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top