လကမ္ဘာခရီးစဉ်မှာ ဂျပန်ဘီလျံနာနဲ့အတူလိုက်မယ့် ဘဝလက်တွဲဖော်အဖြစ် လျှောက်ထားသူ သောင်းချီရှိခဲ့

yyl-036-7.jpg

ဂျပန်ဘီလျံနာတစ်ဦးက လကမ္ဘာခရီးစဉ်မှာ သူ့နဲ့အတူလိုက်မယ့် ဘဝလက်တွဲဖော်ကို ရှာဖွေနေတယ်ဆိုတဲ့သတင်းကို စာဖတ်ပရိသတ်တွေ ဖတ်ပြီးပြီထင်ပါတယ်။ အခုဆိုရင် သူ့ရဲ့လက်တွဲဖော်အဖြစ် လျှောက်ထားတဲ့လျှောက်လွှာတွေကို ပိတ်သိမ်းလိုက်ပါပြီ။

အသက် (၄၄) နှစ်ရှိပြီးဖြစ်တဲ့ ဖက်ရှင်လုပ်ငန်းပိုင်ရှင် ယုဆာကူ မဲဇဝါဟာ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ (၂) ဘီလျံရှိတဲ့ ဂျပန်လူမျိုးဘီလျံနာတစ်ယောက်ပါ။ သူက လကမ္ဘာကို ၂၀၂၃ခုနှစ်မှာ သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ လကမ္ဘာခရီးစဉ်ရဲ့ထူးခြားတဲ့အတွေ့အကြုံကို သူတစ်ယောက်တည်း မခံစားချင်တဲ့အတွက် သူ့ရဲ့လက်တွဲဖော်ကိုလည်း ခေါ်သွားချင်ခဲ့ပါတယ်။

ဒါကြောင့် လကမ္ဘာခရီးစဉ်မှာ အတူသွားမယ့် လက်တွဲဖော်ကို ရှာဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။ သူက Abema TV ဆိုတဲ့ Streaming Service နဲ့အတူပူပေါင်းပြီး သူ့ရဲ့ရှာဖွေမှုမှာ ပါဝင်မယ့် “Full Moon Lovers” လို့ခေါ်တဲ့ သတင်းမှတ်တမ်းဗီဒီယိုကို ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့လက်တွဲဖော်အဖြစ် လျှောက်ထားချင်ရင် လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • အသက် (၂၀) (သို့) အသက် (၂၀) နဲ့အထက် တစ်ယောက်တည်းသမား
  • ပင်ကိုစရိုက်ကောင်းပြီး အမြဲအကောင်းမြင်စိတ်ရှိရမည်
  • လကမ္ဘာကိုသွားဖို့ စိတ်ဝင်စားပြီး ပြင်ဆင်ဆောင်ရွက်မှုတွေမှာ ပါဝင်နိုင်ရမည်
  • ဘဝကို အပြည့်အဝပျော်ရွင်ချင်တဲ့သူ
  • ကမ္ဘာကြီးငြိမ်းချမ်းဖို့အတွက် ဆုတောင်းပေးတဲ့သူဖြစ်ရမည်

လျှောက်လွှာတွေကို ဇန်နဝါရီ (၁၇) ရက်နေ့က ပိတ်လိုက်တာဖြစ်ပါတယ်။ လျှောက်ထားသူအရေအတွက်က (၂၇၇၂၂) ရှိတယ်လို့ Streaming Service အရ သိရပါတယ်။ မဲဇဝါက သူ့ရဲ့နှလုံးသားကို အနိုင်ရတဲ့ဘယ်သူပဲဖြစ်ဖြစ် လကမ္ဘာကို ရောက်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်မယ်လို့ မီးမောင်းထိုးပြထားတဲ့အတွက် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာနယ်ပယ်တွေက အမျိုးသမီးတွေ စိတ်ဝင်စားခဲ့ပြီး တုံ့ပြန်ပြောဆိုမှုတွေရှိနေပါတယ်။ ဂျပန်ဘီလျံနာမဲဇဝါက သူ့ရဲ့လက်တွဲဖော်အဖြစ် ဘယ်သူကို ရွေးချယ်လိုက်တယ်ဆိုတာကို မတ်လကုန်မှာ ထုတ်ပြသွားမှာဖြစ်ပါတယ်။

Ref: 27,000 women apply to accompany Japanese billionaire to the moon as his girlfriend

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top