အဆုတ်စွမ်းဆောင်နိုင်အားတိုးစေမယ့် ရိုးရှင်းတဲ့နည်းလမ်းတွေ

yyl-007-13.jpg

လှေကားထစ်တွေ တတ်ရင် အသက်ရှုကျပ်သလို မကြာခဏ ခံစားဖူးသလား။ ဖြည်းဖြည်းမှန်မှန်ပြေးရင်တောင် အသက်ရှုရခက်သလို ဖြစ်မိပါသလား။ အသက်ရှုရခက်ပြီး မောဟိုက်ခြင်းက ပန်းနာရင်ကျပ်၊ ဆေးလိပ်သောက်ခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ သင်က အခုလိုခံစားနေရတယ်ဆိုရင် အဆုတ်စွမ်းဆောင်နိုင်အားတိုးလာဖို့ အရေးကြီးပါတယ်။ အဆုတ်စွမ်းဆောင်နိုင်အားတိုးလာစေဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းတွေ မျှဝေပေးလိုက်ရပါတယ်။

အသက်ရှုလေ့ကျင့်ခန်း

အသက်ရှုလေ့ကျင့်ခန်းက အဆုတ်စွမ်းဆောင်နိုင်အားကောင်းစေဖို့ အကူအညီဖြစ်စေပါတယ်။ အဆုတ်အားကောင်းစေဖို့ အသက်ရှုလေ့ကျင့်ခန်းများစွာရှိပါတယ်။ အသက်ရှုလေ့ကျင့်ခန်းတွေကို အလေ့အကျင့်လုပ်တာက သင့်အဆုတ်တွေကို အားကောင်းလာစေသလို ကျန်းမာလာစေမှာဖြစ်ပါတယ်။

Cardio လေ့ကျင့်ခန်း

Cardio လေ့ကျင့်ခန်းတွေက နှလုံးအတွက် ကောင်းရုံသာမက အဆုတ်အားကောင်းဖို့လည်း အကူအညီဖြစ်စေပါတယ်။ Cardio လေ့ကျင့်ခန်းကို မိနစ် (၃၀) လောက် နေ့တိုင်းလုပ်ဆောင်ပေးခြင်းက သင့်ကို တော်တော်လေး အကူအညီပေးနိုင်ပါတယ်။ Cardio လေ့ကျင့်ခန်းလုပ်တဲ့အခါ အဆုတ်က ပြင်းအားစိုက်ရတဲ့အတွက် အဆုတ်ကို အားကောင်းလာစေပါတယ်။ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာတွေက ကျွန်တော်တို့လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတချို့ပါပဲ။

ရေဓာတ်ပြည့်ဝအောင်နေပါ

ရေကို လုံလုံလောက်လောက်သောက်သုံးတာက အဆုတ်အတွက်လည်း အရေးကြီးပါတယ်။ သင်က ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အဆုတ်ရဲ့လုပ်ဆောင်ချက်အား ပိုကောင်းလာစေပါတယ်။

ခန္ဓာကိုယ်အနေအထားသတိထားပါ

ခန္ဓာကိုယ်အနေအထားနဲ့ အဆုတ်ကလည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပါတယ်။ ထိုင်ရင်းနဲ့ ပျော့တိပျော့ခွေနေရင်း အဆုတ်စွမ်းဆောင်နိုင်အားကို လျော့ကျသွားစေမှာပါ။ ခန္ဓာကိုယ်ဟန်ထားမမှန်ဘဲထိုင်တာက သင့်အဆုတ်ကို ညှစ်သလိုဖြစ်စေပြီး အဆုတ်ကို သေသွားစေနိုင်ပါတယ်။ ဒါကြောင့် ထိုင်တဲ့အခါ မတ်မတ်ထိုင်ပေးပါ။

အဆုတ်ကျန်းမာအောင် ဘယ်လိုဂရုစိုက်ရမလဲ

အပေါ်က နည်းလမ်းတွေက အဆုတ်စွမ်းဆောင်နိုင်အားကောင်းစေဖို့အတွက် အကူအညီပေးနိုင်ပေမဲ့ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတာ မှတ်ယူထားပါ။ အဆုတ်ကျန်းမာအောင် ဂရုစိုက်ဖို့အတွက်လည်း အောက်မှာ ဖော်ပြပေးမယ့်အဆင့်တွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

  • ဆေးလိပ်သောက်တာကို ရပ်တန့်ပစ်လိုက်ပါ
  • အန်တီအောက်စီဒန့်စ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပါ
  • သင့်အိမ်မှာရှိတဲ့ လေကို သန့်စင်အောင်ထားပါ

Ref: Here are 5 easy ways to improve your lung capacity

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top