လူပေါင်း ရာချီသေဆုံးခဲ့တဲ့ အာရှတိုက်တောင်ပိုင်းရဲ့ အဆုံးဝါးဆုံး ရေကြီးမှု

170822164340-india-flooding-super-tease.jpg

အိန္ဒိယနိုင်ငံနဲ့ နီပေါနိုင်ငံတွေမှာ ဒီလအတွင်းမှာပဲ လူ ၇၀၀ ကျော်ဟာ ရေကြီးမှုနဲ့ မြေပြိုမှုကြောင့် သေကြေပျက်စီးခဲ့ကြပါတယ်။ ဒီဆိုးဝါးလှတဲ့ ရေကြီးမှုဟာ အာရှတိုက်တောင်ပိုင်းနိုင်ငံတွေမှာ ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး လူပေါင်း ၂၄သန်းလောက်အပေါ် ထိခိုက်နစ်နာမှုတွေ ရှိစေခဲ့တယ်လို့ နိုင်ငံတကာကြက်ခြေနီအသင်းကြီး (International Federation of Red Cross) နဲ့ လခြမ်းနီအဖွဲ့အစည်း (Red Crescent Societies IFRC ) တို့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီအခြေအနေက ပိုဆိုးလာဖို့ပဲရှိတယ်လို့ IFRC ရဲ့ အတွင်းရေးမှူး ဂျာဂန်ချာပဂိန်း (Jagan Chapagain) က ပြောပါတယ်။ “ရေတွေက ဝိုင်းနေပြီး ရွာတွေက အဆက်အသွယ်ပြတ်နေပါတယ်။ အဲ့ဒီကိုရောက်အောင်သွားဖို့ တစ်ခုတည်းသော နည်းလမ်းက လှေနဲ့သွားဖို့ဖြစ်ပြီး စားနပ်ရိက္ခာတွေလဲ ပြတ်တောက်နေတယ်” လို့ သူကဆိုပါတယ်။

ဩဂုတ်လဟာ အာရှတောင်ပိုင်းမှာ မိုးရာသီဖြစ်တာကြောင့် မိုးတွေ အတော်ရွာသွန်းခဲ့ပါတယ်။ အာဏာပိုင်တွေက အခြေအနေပိုဆိုးဝါးပြီး ထိန်းမရဖြစ်မှာ စိုးရိမ်ပူပန်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း လူပေါင်း ၁၁၈ယောက်သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၄၅၀၀၀ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဒီနှစ်ရဲ့ ရေကြီးမှုဟာ အရင်နှစ်တွေထက် အများကြီးပိုဆိုးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရေကြီးမှုဟာလည်း ဒီနှစ်အဆိုးဆုံးလို့ သိရပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း အက်စ်ဆမ် (Assam)၊ ဘိုင်ဟား (Bihar)၊ အူတာပရာဒက် (Uttar Pradesh) ပြည်နယ်သုံးခုဟာ အဆိုးဆုံးဒဏ်ခံနေရပါတယ်။ ဘိုင်ဟားကတော့ အဆိုးဝါးဆုံးဖြစ်ပြီး လူပေါင်း ၃၀၄ယောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

နီပေါမြောက်ပိုင်းမှာလည်း ဩဂုတ်လ ၁၁ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုမှာ အနည်းဆုံးလူပေါင်း ၁၄၃ယောက် သေဆုံးခဲ့ပြီး အယောက်၃၀ပျောက်ဆုံးနေကာ ၄၃ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ အခုထိ ရေကြီးမှုတွေကြောင့် အိမ်ခြေပေါင်း ၈သောင်းကျော် ပျက်စီးခဲ့ပြီလို့ သိရပါတယ်။ ဝမ်းရောဂါတွေနဲ့ ငှက်ဖျားရောဂါကြောင့် သေကြပျက်စီးမှုတွေ များပြားလာမှာ စိုးရိမ်နေကြပါတယ်။

Ref: CNN : Hundreds dead, thousands at risk after massive flooding in South Asia

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top