မက်ဆီနဲ့ ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးဆုကို လီဗာပူးနောက်ခံလူ ဗန်ဒစ်ချ် ဆွတ်ခူး

vandijk_01.jpg

ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးဆုကို လီဗာပူးနောက်ခံလူ ဗန်ဒစ်ချ် ဆွတ်ခူး

၂၀၁၈-၂၀၁၉ ရာသီအတွက် ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို လီဗာပူးနောက်ခံလူ ဗန်ဒစ်ချ်က ဆွတ်ခူးခဲ့ပါတယ်။ ဗန်ဒစ်ချ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၅)ကြိမ်စီ ဆွတ်ခူးခဲ့ဖူးတဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဒီဆု ဆွတ်ခူးခဲ့တာပါ။

အသက် (၂၈) နှစ်အရွယ်ရှိတဲ့ ဗန်ဒစ်ချ်ဟာ ပြီးခဲ့တဲ့ရာသီက ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ပေးဂိုးမရှိ ပွဲစဉ်အများဆုံးကစားနိုင်ခဲ့တဲ့ နောက်ခံလူဖြစ်ခဲ့ပြီး စပါးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်တဲ့
ခြေစွမ်းမျိုး ပြသခဲ့သူပါ။

အခုလို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အသင်းဖော်တွေနဲ့ မိသားစုကို ကျေးဇူးတင်တယ်လို့ ဗန်ဒစ်ချ်က ပြောခဲ့ပြီး သူ့ရဲ့ငယ်ဘဝမှာ လေးစားအားကျခဲ့တဲ့ ဘောလုံးသမားက ဘရာဇီးဂန ္ထဝင် ကစားသမား ရော်နယ်ဒင်ဟိုဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

၂၀၁၈- ၂၀၁၉ ရာသီအတွက် ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီး ကစားသမားဆုကို လိုင်ယွန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူ လူစီဘရွန့်က ဆွတ်ခူးခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ရာသီ ချန်ပီယံလိဂ် တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုကို လီဗာပူးဂိုးသမား အလစ်ဆန်ဘက်ကာက ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးနောက်ခံလူဆုကို လီဗာပူးနောက်ခံလူ ဗန်ဒစ်ချ်က ဆွတ်ခူးခဲ့ပါတယ်။ ချန်ပီယံလိဂ်တစ်နှစ်တာ အကောင်းဆုံးကွင်းလယ်လူဆုကို အေဂျက်စ်ကွင်းလယ်လူ(လက်ရှိဘာစီလိုနာကွင်းလယ်လူ)ဖရန်ကီဒီဂျောင်က ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးတိုက်စစ်မှူးဆုကို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက သိမ်းပိုက်ခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top