ညအိပ်ရာဝင်နောက်ကျသူများ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ချေများ

girl-sleep.jpg

သုတေသန ပညာရှင်တွေ ပြောကြားချက်အရ ညဘက်နောက်ကျတဲ့ အထိမအိပ်ဘဲ မနက်နေဖင်ထိုးမှ ထလေ့ရှိသူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ချေများကြောင်း သိရပါတယ်။

ဗြိတိန်မှာရှိတဲ့ လူပေါင်း ၄ သိန်းကျော်ကို စစ်တမ်းကောက်ပြီး ၆ နှစ်ခွဲကြာ လေ့လာမှုပြီးတဲ့နောက် ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေလေ့ရှိသူတွေက စောစောအိပ်ပြီး စောစောထတဲ့ လူတွေထက် သေဆုံးနိုင်ချေ ၁ဝရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။

“ဒါက လျစ်လျူ ရှု မထားသင့်တဲ့ ပြည်သူ့ကျန်းမာရေးတစ်ရပ်ပါ။ ညဘက် စောစောမအိပ်ဘဲ အလုပ်လုပ်လေ့ရှိသူတွေကို နေ့ခင်းဘက်မှာပဲ အလုပ်ပြီးအောင် တိုက်တွန်းဖို့လိုပါတယ်”လို့ သုတေသနမှာ ပါဝင်လေ့လာခဲ့တဲ့ သုတေသီတစ်ဦးက ပြောပါတယ်။

“ညဉ့်နက်တဲ့အထိမအိပ်ဘဲ နေတဲ့အလေ့အကျင့်ကို ပြောင်းလဲလိုက်ရင်လည်း သူတို့မှာ ကျန်းမာရေး အကျိုးဆက်တွေ ခံစားရနိုင်တယ်”လို့ ချီကာဂိုတက္ကသိုလ်ကသုတေသနအဖွဲ့ဝင်တစ်ဦးကလည်း ကောက်ချက်ချပါတယ်။

ဒီပညာရှင် နှစ်ဦး ပူးပေါင်းပြီး ပြည်သူ့စစ်တမ်းတွေက တစ်ဆင့် အသက် ၃၈ နှစ် နဲ့ ၇၃ နှစ်ကြား လူဦးရေ သန်းတစ်ဝက်ကျော်ဆီက အချက်အလက်တွေ ကောက်ခံစုဆောင်းခဲ့ပါတယ်။ လုံးဝ မနက်စောစောမှာထသူပေါင်း ၂၇ ရာခိုင်နှုန်း ၊ မနက်စောစောထတာ ပိုများတဲ့ သူ ၃၅ ရာခိုင်နှုန်း ၊ ညဉ့်နက်တဲ့ အထိ နေတာ များတဲ့သူ ၂၈ ရာခိုင်နှုန်း ၊ ညဘက် မအိပ်ဘဲနေတာ အများဆုံးပဲဆိုသူ ၉ ရာခိုင်နှုန်း တွေ့ရပါတယ်။

ပါဝင်သူတွေရဲ့ ကိုယ်အလေးချိန် ၊ ဆေးလိပ်သောက်တဲ့ အလေ့အထတွေနဲ့ သူတို့ရဲ့ အလုပ်အကိုင်ကိုလည်း စာရင်းပြုစုခဲ့ပါတယ်။

၆ နှစ်ခွဲကြာတဲ့ အခါမှာ ပါဝင်သူတွေထဲက လူပေါင်း ၁၀၅၀၀ က သေဆုံးသွားကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ညဘက် မအိပ်ဘဲနေလေ့ရှိတဲ့ အုပ်စုထဲက သေဆုံးတဲ့ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း ပိုများကြောင်းတွေ့ရှိရပါတယ်။

Surrey တက္ကသိုလ်က ပရော်ဖက်ဆာ Malcolm Schantz ပြောကြားချက်အရ အိပ်ရာဝင်နောက်ကျသူတွေရဲ့ ကိုယ်တွင်း ဇီဝနာရီကအပြင်ပတ်ဝန်းကျင်နဲ့ မကိုက်ညီကြပါဘူး။ စိတ်ဖိစီးမှု ၊ စားသောက်ချိန်မမှန်မှု ၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ၊ မအိပ်ဘဲ တမင်နေလေ့ ရှိခြင်း စတဲ့ အကြောင်းရင်းတွေက တစ်ချက်ချက်ကြောင့် မအိပ်ကြတာဖြစ်ပြီး ဒီအချက်တွေကြောင့်ပဲ ကျန်းမာရေးထိခိုက်တာပါ။

ဒါကြောင့် ညအိပ်ချိန်နောက်ကျတဲ့ ဝန်ထမ်းတွေ အတွက် သင့်တော်တဲ့ အလုပ်ချိန် သတ်မှတ်မှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

Ref: CGTN

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top