အဏုမြူဗုံး ၂ ကြိမ် ကြုံခဲ့ပေမဲ့ အသက်ရှင်လွတ်မြောက်ခဲ့သူ

27-7-2022-yyl02.jpg

အဏုမြူဗုံး ၂ ကြိမ် ကြုံခဲ့ပေမဲ့ အသက်ရှင်လွတ်မြောက်ခဲ့သူ ယာမာဂူချီ

ဒုတိယကမ္ဘာစစ်အတွင်း ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေ အဏုမြူဗုံး ကြဲခံရချိန်မှာ ၂ ကြိမ်လုံး ကြုံခဲ့ပေမဲ့ အသက်ရှင်လွတ်မြောက်ခဲ့သူကတော့ ဂျပန်ရေကြောင်းအင်ဂျင်နီယာ ဆူတိုမိုယာမာဂူချီပါပဲ။ အဏုမြူဗုံး ကြဲချမှု ၂ ကြိမ်လုံး ကြုံခဲ့သူ အနည်းဆုံး ၇၀ ရှိတဲ့အနက် အသက်ရှင်လွတ်မြောက်ခဲ့သူအဖြစ် တရားဝင် မှတ်တမ်းတင်ခံရသူကတော့ ယာမာဂူချီတစ်ဦးပဲ ရှိပါတယ်။

တစ်မြို့လုံး ပြိုလဲပျက်စီး

မစ်ဆူဘီရှီကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ယာမာဂူချီဟာ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ဟီရိုရှီးမားမြို့ အဏုမြူဗုံး ကြဲခံရမှုနဲ့ ကြုံတွေ့ခဲ့တာပါ။ နောက်နေ့မှာတော့ သူက ရထားစီးပြီး သူ့ရဲ့ဇာတိဖြစ်တဲ့ နာဂါဆာကီမြို့ကို ပြန်သွားခဲ့ပြီး သြဂုတ်လ ၈ ရက်မှာ နာဂါဆာကီမြို့ကို ပြန်ရောက်ခဲ့ပါတယ်။ ဒဏ်ရာတွေ ရနေပေမဲ့ သြဂုတ်လ ၉ ရက်မှာ အလုပ်ကိုသွားခဲ့ပြီး အဲဒီနေ့မှာ နာဂါဆာကီမြို့ အဏုမြူဗုံး ကြဲခံရမှုနဲ့ ထပ်ကြုံခဲ့တာပါ။

အဏုမြူဗုံး ကြဲချမှုမြင်ကွင်း
အဏုမြူဗုံး ၂ ကြိမ် ကြုံခဲ့ပေမဲ့ အသက်ရှင်လွတ်မြောက်ခဲ့သူ ယာမာဂူချီ

၂၀၀၉ ခုနှစ် မတ်လ ၂၄ ရက်ကျမှ ဂျပန်အစိုးရက ယာမာဂူချီကို အဏုမြူဗုံး ကြဲချမှု ၂ ကြိမ်လုံး ကြုံရသူအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ ယာမာဂါချီဟာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်မှာတော့ အစာအိမ်ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့ပြီး ကွန်လွန်ချိန်မှာ အသက် ၉၃ နှစ် ရှိပါပြီ။

Ref: The Man Who Survived Two Atomic Bombs

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top