လက်ပစ်ဗုံးပေါက်ကွဲလို့ သတို့သားနဲ့ သတို့သားအရံ သေဆုံး

nn5.jpg

အီသီယိုးပီးယားနိုင်ငံမှာ လက်ပစ်ဗုံးပေါက်ကွဲခဲ့လို့ သတို့သားနဲ့ သတို့သားအရံ သေဆုံးခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံမြို့တော် အက်ဒစ်အဘာဘာမြို့ရဲ့မြောက်ဘက် အမ်ဟာရာဒေသမှာရှိတဲ့ ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာမှာ အခုလို မတော်တဆမှုဖြစ်ပွားခဲ့တာပါ။

ရွာရဲ့အစဉ်အလာအရ သတို့သားအရံက အသစ်စက်စက် ဇနီးမောင်နှံကို ဖျော်ဖြေရတဲ့ ၁၀ ရက်ကြာ ဟန်းနီးမွန်းကာလအတွင်း လက်ပစ်ဗုံးပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲခဲ့တဲ့ လက်ပစ်ဗုံးဟာ သတို့သားပိုင်ဆိုင်တဲ့ လက်ပစ်ဗုံးဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ လက်ပစ်ဗုံး ပေါက်ကွဲချိန်မှာ အခင်းဖြစ်ပွားရာနေရာအနီး သတို့သမီး ရှိမနေခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top