မိုးပျံပူဖောင်းတွေကြောင့် ပင်လယ်ငှက်တွေနဲ့ ပင်လယ်လိပ်တွေသဆေုံးနေရ

bb1.jpg

ပင်လယ်ငှက်တွေဟာ အခမ်းအနားတွေမှာအသုံးပြုတဲ့ပူဖောင်းတွေကို မျိုချမိတာကြောင့် အစာမျိုလမ်းကြောင်းပိတ်ဆို့ပြီး သေဆုံးမှုနေရတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒီလို ပလတ်စတစ်အညစ်အကြေးကို စားသုံးမိတဲ့ငှက်အရေအတွက် မြင့်တက်လာတာနဲ့အမျှ ပူဖောင်းတစ်လုံးရဲ့ ပလတ်စတစ်အပိုင်းအစတစ်စကို စားသုံးမိပြီး သေဆုံးနိုင်တဲ့အရေအတွက်က (၂၀) ရာခိုင်နှုန်းထိရှိလာခဲ့ပါတယ်။ ပါတီပွဲတွေအတွက် အလှဆင်ရာမှာသုံးတဲ့ ပူဖောင်းတွေဟာ ပလတ်စတစ်အပျော့နဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် ပင်လယ်စင်ရော်ငှက်တွေက အလွယ်တကူ မျိုချနိုင်တာဖြစ်ပါတယ်။

ပလတ်စတစ်အမာတွေက အူတွေကို အလွယ်တကူ ဖြတ်သွားနိုင်ပေမဲ့လည်း ပလတ်စတစ်အပျော့တွေကတော့ ကျစ်လစ်လာပြီး အစာမျိုလမ်းကြောင်းပိတ်ဆို့မှုကို ဖြစ်ပေါ်လာစေတာပါ။ သေဆုံးနေတဲ့ငှက် အကောင် (၂၀) ကို လေ့လာကြည့်ရာမှာ ငှက်တစ်ကောင်မှာ ပလတ်စတစ်အပျော့ အပိုင်းအစတွေကို ရှာတွေ့ခဲ့ပါတယ်။

ငှက်တွေ သေဆုံးရတဲ့အကြောင်းရင်းကို လေ့လာကြည့်ရာမှာ အစာအိမ်နဲ့အူလမ်းကြောင်းကို ပိတ်ဆို့ပြီး ရောင်ရမ်းမှု ဖြစ်တာကြောင့်လို့ သိရပါတယ်။ တာစ်မေးနီးယားတက္ကသိုလ်ရဲ့ သုတေသနပြုသူတွေက ပူဖောင်းတစ်လုံးရဲ့ ပလတ်စတစ်အပိုင်းအစတစ်ခုတည်းကို မျိုချမိရင် သေဆုံးနိုင်ချေ (၂၀) ရာခိုင်နှုန်းခန့်ရှိပြီး ကိုးခုမျိုချမိရင် (၅၀) ရာခိုင်နှုန်း၊ (၉၃) ခုမျိုချမိရင် (၁၀၀) ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ ပူဖောင်းနဲ့ ပူဖောင်းအစိတ်အပိုင်းတွေဟာ သေဆုံးစေလောက်တဲ့ အပျက်အစီးတွေဖြစ်ပြီး မျိုချမိတဲ့ ပင်လယ်ငှက် ငါးကောင်မှာ တစ်ကောင်ကို သေဆုံးစေတာဖြစ်ပါတယ်။

အလားတူ သုတေသနတစ်ခုမှာလည်း ပင်လယ်လိပ်တွေဟာ ပလတ်စတစ်တွေကို စားသုံးထားကြောင်း တွေ့ရပါတယ်။ ပူဖောင်းလိုမျိုး နူးညံ့တဲ့အရာတွေဟာ ပိုပြီးအန္တရာယ်များပေမဲ့လည်း ပလတ်စတစ်ပစ္စည်းအားလုံးက ပင်လယ်နေသတ္တဝါတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာပါ။

ပလတ်စတစ်အပျော့တွေထက် ပလတ်စတစ်အမာတွေကြောင့် သေဆုံးရမှုကနည်းပေမဲ့လည်း ပင်လယ်ငှက်တွေ သေဆုံးမှုရဲ့တစ်ဝက်လောက်ကတော့ ပလတ်စတစ်အမာတွေနဲ့ ပတ်သက်နေတုန်းပဲလို့ လေ့လာချက်တွေအရ သိရပါတယ်။

ပလတ်စတစ်တွေကိုစားမိပြီး ပင်လယ်ငှက်တွေသေဆုံးနေရတာကိုကာကွယ်နိုင်ဖို့အတွက် ပတ်ဝန်းကျင်မှာတွေ့ရသမျှ ရေမျောအပျက်အစီး၊ အမှိုက်သရိုက်တွေ အထူးသဖြင့် ပလပ်စတစ်ပိုက်တွေ၊ ပူဖောင်းတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ကတော့ အထူးကိုလိုအပ်နေပြီဖြစ်ပါတယ်။။

Ref: Dailymail “Balloons released at celebrations are killing seabirds and turtles which eat them by mistake, a new study warns”
Wint Wah (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top