သေသွားတဲ့အခါ “သေပြီ” ဆိုတာကို သေတဲ့သူကိုယ်တိုင် သိနေတယ်လို့ လေ့လာတွေ့ရှိ

dd.png

လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ သေသွားတဲ့အခါ ဦးနှောက်အလုပ်လုပ်နေသေးတာကြောင့် ကိုယ်သေပြီဆိုတာကို သေတဲ့သူ ကိုယ်တိုင်က သိနေရတယ်လို့ ဖော်ပြထားပါတယ်။ လူတစ်ယောက် သေတဲ့အခါမှာ နှလုံးခုန်တာရပ်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှု မရှိတော့ပေမယ့်လည်း အသိစိတ်ကအလုပ်လုပ်သေးတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ပြောချင်တဲ့သဘောက ခန္ဓာကိုယ်သေသွားပေမယ့်လည်း ဦးနှောက်က ခေတ္တခဏ အလုပ်လုပ်နေသေးတာပါပဲ။

ဥပမာအနေနဲ့ ရုတ်တရက် နှလုံးခုန်ရပ်သွားတဲ့လူတွေဟာ ပြန်လည်အသက်မရှင်လာခင် မေ့မျောနေစဉ်အတွင်း သူတို့ဘေးနားမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို သိနေကြပါတယ်။ ဒါတွေကို ရုပ်ရှင် ဇာတ်ကားတွေထဲမှာ တခါတလေ မြင်တွေ့ရပါတယ်။ ဒီထက်ပိုပြီး အံ့အားသင့်စရာကောင်းတာက အသက် မရှိတော့ကြောင်း၊ သေသွားပြီဖြစ်ကြောင်း ဆရာဝန်ပြောတာကို သေတဲ့သူကိုယ်တိုင် ကြားနေရတာပါပဲ။

ဆရာဝန် ဆမ် ပါနီးယား (Sam Parnia) ဟာ ဥရောပ နဲ့ အမေရိကတွေမှာ သေဆုံးပြီးတဲ့နောက် အသိစိတ်အလုပ်လုပ်ပုံ နှင့် ရုတ်တရက် နှလုံးခုန်တာရပ်ခြင်းအကြောင်းတို့ကို လေ့လာခဲ့ပါတယ်။ သူက လူတွေဟာ သေဆုံးမှု ပထမအဆင့်မှာ အသိစိတ်အချို့ ရှိနေသေးကြောင်း၊ ရုတ်တရက် နှလုံးခုန်တာရပ်တန့်ပြီး အသက်ပြန်ရှင်လာတဲ့သူတွေက နှလုံးခုန်ရပ်နေစဉ်မှာ သူတို့ ဘေးနားမှာ ဘာဖြစ်လဲဆိုတာကို သိတယ်လို့ ပြောခဲ့ပါတယ်။

ဆရာဝန် ဆမ် ပါနီးယားဟာ လူတစ်ယောက်က ရုတ်တရက် နှလုံးခုန်တာရပ်တန့်သွားပြီးရင် ဦးနှောက်မှာ ဘာတွေဆက်ဖြစ်မလဲ၊ သေပြီးရင် အသိစိတ်ရှိသေးလား၊ မရှိတော့ဘူးလား၊ ရှိသေးတယ်ဆိုရင် ဘယ်လောက်ကြာကြာ အသိစိတ်ရှိနေမှာလဲ၊ နှလုံးပြန်ခုန်လာတဲ့အချိန်မှာ ဘယ်လို အသက်ပြန်ရှုတာလဲ၊ ဦးနှောက်ဒဏ်ရာကိုရော ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အကြောင်းအရာတွေကို အခြေခံပြီး လေ့လာချက်တွေ ပြုလုပ်သွားခဲ့တာပဲဖြစ်ပါတယ်။

Ref: When you die ‘you know you’re dead because your brain keeps working’, scientist claims
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top