ဂျပန်နိုင်ငံရဲ့ ပထမဆုံးမသန်စွမ်းလွှတ်တော်အမတ် (၂) ယောက် လွှတ်တော်တက်ရောက်

67492904_2512025848828320_2207371550988959744_n.jpg

ဂျပန်နိုင်ငံရဲ့ ပထမဆုံး မသန်စွမ်းလွှတ်တော်အမတ် (၂) ယောက်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က လွှတ်တော်ကို တက်ရောက်ခဲ့ပါတယ်။ ဖူနာဂိုနဲ့ ကီမူရာတို့ဟာ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများ မလှုပ်မရှားနိုင်ဖြစ်နေလို့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအတွက် ပြုစုစောင့်ရှောက်သူတွေကို အားကိုးအားထားပြုနေရသူတွေပါ။ သူတို့ (၂) ယောက်ဟာ ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဒယ်ဝါရှင်ဆန်ဂူမီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာပါ။

လက်ဝဲဝါဒ အတိုက်အခံပါတီကို ရုပ်ရှင်သရုပ်ဆောင်ဟောင်း ယာမာမိုတို တည်ထောင်ခဲ့တာဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်းမှ လျစ်လျူရှုခံထားရသူတွေကို အဓိကဂရုစိုက်ပေးတဲ့ ပါတီဖြစ်ပါတယ်။ အသက် (၆၁) နှစ်ရှိတဲ့ ဖူနာဂိုဟာ ၂၀၀၀ ပြည့်နှစ်မှာ amyotrophic lateral sclerosis (ALS)ရောဂါ ခံစားနေရတဲ့ စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့ခြေတွေ၊ လက်တွေ လှုပ်ရှားနိုင်စွမ်း ပိုနည်းလာခဲ့ပါတယ်။

ကီမူရာကတော့ ဦးနှောက်ထိခိုက်လို့ ဖြစ်ပွားတဲ့ ကြွက်သားအားနည်းမှုရောဂါ ခံစားနေရပြီး ညာလက်ကလွဲလို့ ဇက်အောက်ပိုင်းတစ်ခုလုံး မလှုပ်ရှားနိုင်သူတွေပါ။ သူတို့ (၂) ယောက် လွှတ်တော်တက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အထက်လွှတ်တော်မှာ မွမ်းမံပြင်ဆင်မှုတွေ အကြီးအကျယ်လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အမျိုးသားလွှတ်တော်ရဲ့ ပင်မဝင်ပေါက်မှာ အထူးဖန်တီးထားတဲ့ ဆင်ခြေလျှောကနေ သူတို့ (၂) ယောက် ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူတို့ကို ထောက်ခံအားပေးသူတွေက လက်ခုပ်တီးကြိုဆိုခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top