စင်ကာပူတိရစ္ဆာန်ရုံမှာ ရှားပါးတဲ့ အမွေးနီလီမာမျောက် အမြွှာပူးမွေးဖွား

11-7-2020-yyl-010.jpg

စင်ကာပူနိုင်ငံရဲ့ တိရစ္ဆာန်ရုံတစ်ရုံမှာ ရှားပါးတဲ့ အမွေးနီလီမာမျောက် အမြွှာနှစ်ကောင် မွေးဖွားခဲ့ပါတယ်။ အခုလို ကြုံတောင့်ကြုံခဲ အမြွှာပူးမွေးဖွားမှုဟာ မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ အမွေးနီလီမာမျောက်မျိုးစိတ်တွေရဲ့ အနာဂတ်မျိုးဆက်အတွက် အားတက်စရာဖြစ်စေခဲ့ပါတယ်။ အမွေးနီ လီမာမျောက်တွေဟာ မာဒါဂက်စ်ကာကျွန်းကနေ ပေါက်ဖွားလာတဲ့ မျိုးစိတ်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း တိရစ္ဆာန်ရုံတစ်ရုံမှာ ပထမဆုံးအကြိမ် ပေါက်ဖွားမှုဖြစ်တယ်လို့ Wildlife Reserves Singapore အဖွဲ့က ပြောပါတယ်။ လီမာမျောက်တွေဟာ တစ်နှစ်မှာ တစ်ကြိမ်ပဲ သားပေါက်လေ့ရှိလို့ အခုလိုသားပေါက်မှုက အရမ်းထူးခြားလွန်းတယ်လို့ ဆိုပါတယ်။

အမြွှာပူးလီမာမျောက်တွေရဲ့ ဖခင်ဖြစ်တဲ့ ဘော့စ်ကိုကလည်း လွန်ခဲ့တဲ့ ၁၁ နှစ်က တိရစ္ဆာန်ရုံမှာ ပေါက်ဖွားခဲ့တာပါ။ သူတို့ရဲ့အမေကတော့ ၂၀၁၆ ခုနှစ်မှာ ဂျပန်တိရစ္ဆာန်ရုံကနေ စင်ကာပူကို ရောက်ရှိလာခဲ့တာပါ။ အမွေးနီ လီမာမျောက်တွေဟာ သစ်ခုတ်မှုနဲ့ အမဲလိုက်မှုကြောင့် မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ မျိုးစိတ်အဖြစ် နိုင်ငံတကာ သဘာဝသားရဲတိရစ္ဆာန်သမဂ္ဂက သတ်မှတ်ထားပါတယ်။ မာဒါဂက်စ်ကာကျွန်းမှာ လီမာမျောက်မျိုးစိတ် ၁၀၇ မျိုးပဲ ကျန်ရှိတဲ့အနက် ၃၃ မျိုးက မျိုးသုဉ်းပျောက်ကွယ်မယ့်အန ္တရာယ် ဆိုးဆိုးရွားရွားရှိနေပြီး ခြိမ်းခြောက်ခံရတဲ့မျိုးစိတ်ကတော့ ၁၀၃ မျိုးအထိ ရှိနေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top