အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂-၂-၂၀၂၀ မှ ၈-၂-၂၀၂၀ ရက်နေ့အထိ)

baydin02.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂-၂-၂၀၂၀ မှ ၈-၂-၂၀၂၀ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်-

စီးပွားရေး။ ။ အလှကုန်ပစ္စည်း၊ အဝတ်အထည်၊ ကြွေထည်ပစ္စည်း၊ ဖန်၊မှန်နှင့်ဆိုင်သောပစ္စည်းများ ရောင်းဝယ်ခြင်း ကောင်း ပါသည်။ ပြည်ပပို့ကုန် အေးနေတတ်ပြီး စက်ပစ္စည်းများ၊အကြီးစားစက်မှု့လုပ်ငန်းများ ညံ့ပါသည်။

ကျန်းမာရေး။ ။ အရိုး၊အဆစ်ကိုက်ခဲခြင်း၊ ရေနှင့်ဆိုင်သော အဆုတ်ရေဝင်ခြင်း၊ချောင်းဆိုးခြင်း စသည့် ရောဂါများရ တတ်ပါသည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် မကြာခဏ စိတ်ကောက်နေတတ်သည်။ အိမ်ထောင်ရေးအနေနှင့် မိသားစု ယာယီခရီးသွား၇တတ်သည်။

ပညာရေး။ ။ ပညာရေးအနေနှင့် အရာထမ်းစာမေးပွဲအတွက် ကြိုးစားသူများ ပိုကြိုးစားသင့်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့်ပစ္စည်းသစ်များ ရောက်လာတတ်သည်။ အိမ်ပြောင်းရတတ်သည်။ နိုင်ငံဝန်ထမ်းများ အရာထမ်း စာမေးပွဲ ဖြေပါက အောင်မည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၇။၉

ယတြာ။ ။ တနင်္ဂနွေဒေါင့်တွင် ရေသက်စေ့လောင်းလှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့-

စီးပွားရေး။ ။ ရေထွက်ပစ္စည်းများ၊ ငါးလုပ်ငန်း၊ရေသန့်လုပ်ငန်း၊ ရေခဲနှင့်ဆိုင်သောလုပ်ငန်း၊အအေးခန်းနှင့်ဆိုင်သော စက်ရုံအလုပ်ရုံများ နှင့်ပါတ်သက်ပြီး ကံကောင်းပါသည်။ ပြည်ပနှင့် ဆက်သွယ်သော ရေလုပ်ငန်းများလည်း ကောင်းပါသည်။

ကျန်းမာရေး။ ။ ဦးခေါင်းနှင့် ပါတ်သက်သောရောဂါ။ သွားရောဂါများ ဖြစ်တတ်ပါသည်။ ပြင်ပထိခိုက်ခြင်းကြောင်း မျက်လုံးထိခိုက်မိတတ်ပါသည်။ခေါင်းကိုက်ခြင်း၊မူးခြင်းဖြစ်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့်အနည်းငယ်ညံ့ပါသည်။ ချစ်သူနှင့် မပြတ်မသားသော ဆုံးဖြတ်ချက်များကြောင့် ဝေးကွာ၇တတ်သဖြင့် ပြတ်သားရန်လိုပါသည်။ အိမ်ထောင်ရေး ကံကောင်းပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် ကံကောင်းသောအချိန်ကာလဖြစ်ပြီး စာရင်းကိုင်သင်တန်း စတက်သင့်ပါသည်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အဝတ်အထည်သစ်များ ရတတ်သည်။ အိမ်ပြင်ရပါက ထီထိုးသင့်သည်။ အစိုးရဝန်ထမ်းများ ငွေကံကောင်းပါလိမ့်မည်။
အကျိုးပေးဂဏန်း – ၄ ၊ ၆ ၊ ဝ။

ယတြာ– တနင်္လာနေ့တွင် တံခိုးကြီးဘုရားတွင် ဆီမီးသက်၊ရေသက်စေ့ ကပ်လှူပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ သတ္တုတွင်းလုပ်ငန်း၊ရွှေတူခြင်း၊ကျောက်မျက်ရတနာတူးဖော်ခြင်း လုပ်ငန်းများကံကောင်းနေပါလိမ့်မည်။ ပြည်ပသို့ ကုန်ပစ္စည်းပိုဆောင်သူများ လုပ်ငန်းတွင် အနည်းငယ် နှေးကွေးနေပါလိမ့်မည်။ ဘဏ်လုပ်ငန်းနှင့် ပရိဘောကလုပ်ငန်းများ အဆင်ပြေပါလိမ့်မည်။ ရေလုပ်ငန်းများ ညံ့ပါသည်။
ကျန်းမာရေး။ ။ ခါးနှင့် ပါတ်သက်သော ရောဂါ။ ကျောက်ကပ်ရောဂါများ ရတတ်ပါသည်။ ဆီချိုရောဂါရှိသူသတိထားပါ။
အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အထူးသတိထားရန်မှာ ချစ်သူနှင့် ဘာမဟုတ်သည့်ကိစ္စကို အရေတယူလုပ်ပြီး သဘောထားကွဲလွဲပါက တစ်ဘဝလုံး ဝေးသွားတတ်သည်။ အိမ်ထောင်ရေးအနေနှင့်လည်း အညံဘက်ပါပြီး အိုးအိမ်နှင့်ပါတ်သက်ပြီး စကားများရတတ်သည်။
ပညာရေး။ ။ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်းဖြေမည့်သူများ အင်္ဂလိပ်စာအရေးပေးပါ။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်နေရာပြောရပါက သတိထားပါ ညံ့နေတတ်သည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိရှိပါစေ။

အကျိုးပေးဂဏန်း – ၃၊ ၇ ၊ ၉။

ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ဇီးသီးများလှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့် –

စီးပွားရေး။ ။ အစားအသောက်နှင့် ဆိုင်သောလုပ်ငန်းများ၊စားသောက်ဆိုင်၊စားသောက်ကုန်လုပ်ငန်းများ၊ ဖုန်း၊ကွန်ပျူတာနှင့်ဆိုင်သောလုပ်ငန်းများ ၊အကျိုးဆောင်လုပ်ငန်း၊ပွဲစားနှင့် တိုင်းရင်းဆေးလုပ်ငန်းများ ကောင်းပါသည်။ ငွေကြေးကိစ္စများ ပြသနာဖြစ်တတ်သဖြင့် သတိထားရန်တော့ လိုပါသည်။

ကျန်းမာရေး။ ။ ဒူးနာခါးနာဖြစ်မည်။ အဆုတ်ရောဂါ ၊ဆီးကျိတ်ရောင်ရောဂါများ ဖြစ်တတ်သည်။ ခေါင်းကိုက်မည်။
အချစ်ရေး/အိမ်ထောင်ရေး။ ။အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို ရရှိမည်။ အိမ်ထောင်ရေးအနေနှင့် အေးစက်သော အိမ်ထောင်ရေး ဖြစ်နေတတ်ပါသည်။
ပညာရေး။ ။ပညာရေးအနေနှင့် အဆင့်မြင့်ပညာရေးကိုလိုက်နေပါက အထူးသတိထားပါ၊ မိမိ၏ဆရာနှင့် ရန်တိုက်ပေးမည့်သူရှိတတ်သည်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း မိမိနှင့်ပါတ်သက်သော မိတ်ဆွေများ ရောက်လာတတ်သည်။ အဝေးဧည့်သည်ထံမှ လက်ဆောင်ရမည်။ ဝန်ထမ်းများ စိတ်အနည်းငယ် ညစ်ရလိမ့်မည်။

ရာဟု ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ဒူးနာ၊ခါးနာရောဂါရတတ်သည်။ အချစ်ရေးတွင်လည်း ကံညံ့မည်။ စီးပွားရေးတွင် အကျိုးဆောင်လုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။
အကျိုးပေးဂဏန်း – ၄ ၊၅ ၊ ၆။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ရဟန်းတစ်ပါးကို ဆွမ်းကပ်လှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် –

စီးပွားရေး။ ။ဆောက်လုပ်ရေး၊လမ်းပြုပြင်ခြင်းလုပ်ငန်း၊ ပရဟိတလုပ်ငန်းများ၊ အများနှင့်ဆိုင်သော လုပ်ငန်းများ၊ လုပ်ကိုင်ရတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းရောင်ချသူများ အမြတ်များမည်။ ရေလုပ်ငန်းလုပ်ကိုင်သူများ ငွေကြေးပြသနာပေါ်တတ်သည်။

ကျန်းမာရေး။ ။ ဝမ်းဗိုက်နှင့်ဆိုင်သောရောဂါ ၊အူ နှင့် အစာအိမ်လမ်းကြောင်းတို့တွင် ရောဂါရတတ်သည်။ အစားအသောက် ကြောင့်အစာအဆိပ်သင့်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ရလိမ့်မည်။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။ အလုပ်နှင့် သက်ဆိုင်သော သင်တန်းတစ်ခုခုကို အမြန်တက်လိုက်ပါ။ ဘဝအတွက် အာမခံရရှိမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဘာသာရေးဆိုင်ရာ အလုပ်တစ်ခုခုလုပ်ကိုင်ရမည်။ ကုသိုလ်လုပ်ရမည်။ ထီထိုးပါ။ ဝန်ထမ်းများလည်း ထီကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ဝ။

ယတြာ –ကြာသာပတေးနေ့တွင် ဘုရားစေတီတစ်ဆူဆူတွင် အမှိုက်လှဲ၊သန့်ရှင်းရေးလုပ်ပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် –

စီးပွားရေး။ ။ ကျောက်မျက်ရတနာလုပ်ငန်း၊ တူးဖော်ခြင်းလုပ်ငန်း၊ ရွှေနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ကံကောင်းပါသည်။ အစုစပ်လုပ်ငန်း လုပ်သူများအထူး သတိထားပါ။ ရန်ပေါ်တတ်ပါသည်။လူယုံကြောင့် ငွေကြေးပြသနာ တက်တတ်ပါတယ်။

ကျန်းမာရေး။ ၊ အသဲရောဂါသတိထားပါ။ ပြင်ပထိခိုက်ခြင်းဖြစ်တတ်သည်။ အထူးသဖြင့် ယာဉ်နှင့်ထိခိုက်မှု့ရှိသည်။
အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ချစ်သူနှင့် နယ်ဝေးနေရတတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။

ပညာရေး။ ။ ပညာရေးအနေနှင့် လက်မှု့ပညာတစ်ခုခုကို အဓိကထားလေ့လာသင့်သည့် အချိန်ဖြစ်သည်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့် ယာဉ်တစ်ခုခုဝင်တတ်ထွက်တတ်သည့်အချိန်ဖြစ်ပါသည်။ ဝန်ထမ်းများလည်း မိမိနှင့် ဌာနတွင်း နေရာပြောင်းရတတ်သည်။
အကျိုးပေးဂဏန်း – ၀ ၊ ၂ ၊ ၉။

ယတြာ – သောကြာနေ့တွင် အိမ်ဘုရားတွင် သောက်တော်ရေ (၆) ခွက်လှူပြီး ဆုတောင်းပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် –

စီးပွားရေး။ ။ မီးနှင့်သက်ဆိုင်သော လုပ်ငန်းများ၊ မုန့်ဖုတ်သည့်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း စသည်တို့ ကံကောင်းသည့်အချိန်ဖြစ်သည်။ သံထည်လုပ်ငန်းများလည်း ကောင်းပါသည်။ သံရည်ကျိုစက်နှင့် တွင်ခုံလုပ်ငန်းများကောင်းပါသည်။ အထူးမှတ်ရန်မှာ ရေလုပ်ငန်းလုပ်ကိုင်သူများ ရန်ပေါ်တတ်သည်။

ကျန်းမာရေး။ ။ဦးခေါင်းခွံ၊အရိုးနှင့် အဆစ်များ ကိုက်ခဲခြင်းဖြစ်မည်။ အရိုးကျိုးတတ်သည် အထူးသတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူတို့ အိမ်ထောင်ပြုရန် အဆင်ပြေမည်။ အိမ်ထောင်သည်များ အနေဝေးနေပါက ယခုတစ်ပါတ်တွင် ပြန်လည်ပေါင်းစုံရပါမည်။

ပညာရေး။ ။ပညာရေးအနေနှင့်ကံကောင်းနေသော်လည်း ပညာရေးစရိတ်များနေမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်၊ခြံ၊ကား ဝင်တတ်ပါသည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃။၅။၉ ၊

ယတြာ – စနေနေ့တွင် စနေနံဘုရားတွင် ထီးအနီတစ်လက်လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top