အချစ်အတွက်နဲ့ မျက်ရည်ကျတတ်ခြင်းက ဝိတ်ကျစေနိုင်

cry0.jpg

Woman Suffering From Depression Sitting On Bed And Crying

ဝိတ်ကျချင်သူများအနေနဲ့ အချစ်အတွက် နဲ့ သေကောင်ပေါင်းလဲ မျက်ရည်ကျပါ။ ချူံးပွဲချပြီး သည်းသည်းထန်ထန် ငိုကြွေးပါ။ ဟုတ်ပါတယ်။ ဒါဟာ သုတေသီတွေရဲ့ အတည်ပြုထောက်ခံချက်ရထားတဲ့ လေ့လာမှုရလာဒ်ပါ။ ဝိတ်ချချင်တဲ့ အသည်းကွဲသမားတွေအတွက်တော့ အံကိုက်ပဲပေါ့လေ။ အဓိကကတော့ ပူဆွေးသောကရောက်ရတဲ့ စိတ်ခံစားမှုအစစ်ဖြစ်ဖို့သာ လိုပါတယ်။

ပျမ်းမျှ အနေနဲ့ လူတစ်ယောက်ရဲ့ ဘဝမှာ ကျရတဲ့ မျက်ရည်စက်တွေဟာ မျက်ရည် ဂါလံပေါင်း (၁၆) ဂါလံခွဲ ရှိပါသတဲ့။ ဒါကြောင့် လူကို ဝိတ်မတက်အောင် ဒီမျက်ရည်စက်တွေနဲ့ အကျိုးရှိရှိအသုံးချလို့ရနေပါတယ်။

စိတ်ဒုက္ခရောက်ရတဲ့အချိန်တွေတိုင်းမှာ ပိုဝလာတတ်သူတွေနဲ့ ပိုပြီးပိန်သွားသူတွေအဖြစ် လူ (၂) မျိုးရှိပါတယ်။ စိတ်ခံစားမှုတွေကို မျိုသိပ်မထားတတ်သူတွေက တင်းခံထားတတ်သူတွေထက် ဒီနေရာမှာ တစ်ပန်းသာပါတယ်။

လေ့လာမှုတွေအရ စိတ်ထိခိုက်ဖွယ်ရာကောင်းတဲ့ အခြေအနေတစ်ခုကြုံရတိုင်း လူ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုအရ Cortisol ဟော်မုန်းကိုထုတ်ပေးပြီး လူကိုထိန်းကျောင်းပေးတယ်လို့ ဆိုပါတယ်။ စိတ်ဒုက္ခဖြစ်တဲ့အချိန်မှာ Cortisol က အကူအညီပေးဖို့ရောက်လာပေမယ့် ဝိတ်တက်စေမယ့်ဟော်မုန်းဖြစ်လို့ သူ့ကို ကောင်းကောင်း အသုံးမချတတ်ရင် ဝိတ်တတ်လာစေမှာပါ။

စိတ်ခံစားမှုဖြစ်ပေါ်လာတာနဲ့ စိတ်ရှိလက်ရှိ ငိုကြွေးပစ်လိုက်တာဟာ Cortisol ပမာဏကို ပြန်လည်လျော့ကျသွားစေပါတယ်။ ဒါကြောင့် မျိုသိပ်မထားပါနဲ့။ ငိုစရာရှိ ငိုချပစ်ပါ။ အားရပါးရ ဖွင့်ထုတ်ပါ။ ဒါဟာ ရှက်ရွံ့ဖွယ်ရာမဟုတ်ပါဘူး။ ငိုတတ်တဲ့သူက သိပ္ပံနည်းကျစွာ ကိုယ်အလေးချိန်ကို ထိန်းပြီးသားဖြစ်ပါတယ်။

နောက်တစ်ချက်က စိတ်ရှိလက်ရှိ ငိုကြွေးဖွင့်ထုတ်ပစ်ဖို့အတွက် ည (၇) နာရီ ကနေ ည (၁၀) နာရီ အတွင်းက အကောင်းဆုံးသောအချိန်ဖြစ်တယ်လို့ သိရပါတယ်။ အရေးတကြီးလိုတာကတော့ မျက်ရည်အစစ်သာဖြစ်ရပါမယ်။ သရုပ်ဆောင်ကောင်းလို့ ကြက်သွန်လှီးချပြီး ငိုလို့တော့ မရနိုင်ပါဘူး။

ဒါကြောင့်မို့ ကြေကွဲလွယ်သူတွေအတွက် အသည်းကွဲရတဲ့အခါ၊ စိတ်ထိခိုက်ခံစားရတဲ့ အချိန်မျိုးတွေမှာ ကောင်းကောင်းငိုတတ်ခြင်းက လူကိုကျန်းမာစေပါတယ်။ စိတ်တည်ငြိမ်မှုကို အထိရောက်ဆုံး ပြန်လည်ရယူနည်းပါပဲ။ အရာရာကို အသစ်ကပြန်စဖို့ အားအင်ဖြစ်နေပါလိမ့်မယ်။ ငိုတတ်တဲ့သူတွေက စမတ်ကျကျဝိတ်ချနိုင်သူတွေလို့ပဲ ပြောရတော့မှာပါ။

Ref: Bright Side ” Crying for Your Ex Can Help You Lose Weight, According to a Study ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top