ဗယ်ဗာဒီက အနီကတ်နဲ့ရင်းပြီး ရီးရဲလ်ကို စူပါဖလားယူပေးခဲ့တာလို့ အက်သလက်တီကို နည်းပြ ပြော

yyl-008-6.jpg

စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဂိုးသွင်းလုဆဲဆဲဖြစ်နေတဲ့ မိုရာတာကို အနီကတ်အထိခံပြီး ဖျက်ထုတ်ခဲ့တဲ့ ကွင်းလယ်လူ ဗယ်ဗာဒီရဲ့လုပ်ရပ်ကြောင့် ရီးရဲလ်အသင်း ဖလားရသွားတာလို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက မှတ်ချက်ပေးခဲ့ပါတယ်။ အချိန်ပို(၁၁၅)မိနစ်အရောက်မှာ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဂိုးသွင်းလုဆဲဆဲဖြစ်နေတဲ့ မိုရာတာကို ဧရိယာထိပ်မှာ ဗယ်ဗာဒီက နောက်ကနေ ခြေချိတ်ခဲ့လို့ တိုက်ရိုက်အနီကတ်ပြခံခဲ့ရပါတယ်။

ဂိုးမရှိသရေဖြစ်နေပြီး ပွဲပြီးဖို့(၅)မိနစ်ပဲ လိုတော့တဲ့အချိန်မှာ မိုရာတာသာ ဂိုးသွင်းလိုက်ရင် အက်သလက်တီကိုအသင်း ဖလားဆွတ်ခူးနိုင်မယ့် အနေအထားပါ။ ဒါပေမဲ့ ဗယ်ဗာဒီက အနီကတ်နဲ့ရင်းပြီး ဖျက်ထုတ်ခဲ့လို့ ရီးရဲလ်အသင်း ဂိုးမပေးခဲ့ရဘဲ ပင်နယ်တီအဆုံးအဖြတ်မှာ (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ ဥရုဂွေးကွင်းလယ်လူ ဗယ်ဗာဒီက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

” အဲဒီလုပ်ရပ်က အရေးအကြီးဆုံးလှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။ အဲဒီအခိုက်အတန့်မှာ သူလုပ်ရမယ့်အလုပ်ကို လုပ်ခဲ့တာလို့ ဗယ်ဗာဒီကို ကျွန်တော် ပြောခဲ့ပါသေးတယ်။ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုက ပြီးပြည့်စုံတဲ့ အခင်းအကျင်းဖြစ်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဗယ်ဗာဒီရဲ့လုပ်ရပ်က ရီးရဲလ်ကို နိုင်ပွဲရစေခဲ့လို့ပါပဲ”လို့ ဆီမြွန်နီက ပြောပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းကလည်း ဗယ်ဗာဒီအနေနဲ့ သူလုပ်ရမယ့်အလုပ်ကို လုပ်ခဲ့တာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top