အစားအစာတွေကို (၂) မိနစ်ခန့် အနံ့ခံပေးခြင်းက အစားစားချင်စိတ်ကို တားဆီးပေးနိုင်

woman-looking-at-cake.jpg

ဖလော်ရီဒါတက္ကသိုလ်က သုတေသန ပညာရှင်တွေရဲ့ လေ့လာ စမ်းသပ်ချက်အရ အစားအသောက်တွေကို (၂) မိနစ်ခန့် အနံ့ခံပေးခြင်းက ဆာလောင်မွတ်သိပ်မှုကို ထိန်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာတွေ့ရှိချက်ကို “journal of marketing research” မှာ ဖော်ပြထားပြီး ပါမောက္ခ ဒီပရန် ဘစ်ဝေါ့စ် (Dipayan Biswas) ဆိုသူက “အနံ့တွေဆိုတာက တွေ့ကရာ စားချင်နေတဲ့ သင့်ရဲ့စိတ်ကို ခုခံပေးနိုင်တဲ့ အစွမ်းထက် လက်နက်တစ်မျိုး လိုပါပဲ။ ဒီလိုမျိုး အနံ့လွှင့်ပြီး အစားအစာ ရွေးချယ်ခိုင်းခြင်းက ကလေးသူငယ်နဲ့ အရွယ်ရောက်ပြီးသူတွေအတွက်တော့ တင်းကျပ်တဲ့ စည်းကမ်းတွေပြောပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အတင်းစားခိုင်းနေတာထက် ပိုထိရောက်နိုင်တယ်လို့ ဆိုပါတယ်။

ကျောင်းစားသောက်ဆိုင်တွေနဲ့ စူပါမားကတ်တွေမှာလည်း ပန်းသီး၊ စတော်ဘယ်ရီသီးနဲ့ ပီဇာ၊ ကွတ်ကီးနံ့တွေကို လွှင့်ပြီး စမ်းသပ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ ကွတ်ကီးနဲ့ ပီဇာတို့လို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် အနံ့ကို ရပြီးသွားတဲ့ စမ်းသပ်ခံသူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ ရွေးချယ် စားသုံးကြတော့ကြောင်းကို သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

ဆက်လက်ပြီး အဆိုပါလေ့လာတွေ့ရှိချက်ကို စာတမ်းပြုစုသူက “ကလေးတွေကို ဟိုဟာ မစားနဲ့။ ဒီဟာ မစားနဲ့။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပိုစတာတွေ ကပ်လိုက်၊ အာပေါက်မတတ် ပညာပေးလိုက် လုပ်နေတာထက် မုန့်စားဆင်ချိန်၊ တန်းစီချိန်တွေမှာ ပီဇာ ဒါမှမဟုတ် ကွတ်ကီးတို့လို့ အစားအသောက်နံ့တွေ လွှင့်ပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအသောက်တွေ မစားချင်တော့အောင် စိတ်ပြောင်းပေးတဲ့နည်းလမ်းက ပိုထိရောက်လောက်တယ်” လို့ အကြံပြု ဆွေးနွေးထားတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့်မို့ နောက်ဆို သင်လည်း ဝိတ်တတ်စေမယ့် အစားအစာတွေ စားခါနီးဆို မစားခင် (၂) မိနစ်လောက် အနံ့အရင်ခံလိုက်ပါ။ ဦးနှောက်က ယဉ်သွားပြီး စားချင်စိတ် ပျောက်သွားမှ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို ပြောင်းလဲ စားသုံးလိုက်ပါ။ အနံ့ခံနေစဉ်တော့ စိတ်ရှည်ဖို့လိုတာပေါ့နော်။

Ref: 9gag “Smelling Food For 2 Minutes Will End Your Fatty Food Cravings, Researchers Find”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top