အသံတိတ် Heart Attack

cardiopulmonary-resuscitation-on-road-ZEYVFHJ.jpg

ရုတ်တရက် နှလုံးဖောက်ပြန်မှု (Heart attack) ဆိုတာမျိုးခံစားဖူးလား??? ရင်ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်ပြီး မြေကြီးပေါ် ပစ်လဲသွားတဲ့ အထိ ဖြစ်သွားစေနိုင်တဲ့ ရောဂါမျိုးလို့ သိထားတယ်ဆိုရင် ဒါက အရမ်းပြင်းတဲ့ ရုတ်တရက် နှလုံးဖောက်ပြန်မှု အဆင့်ကို သင်ပြောနေတာပါ။

ရုတ်တရက် နှလုံးဖောက်ပြန်မှုက ရောဂါလက္ခဏာ မပြပေမဲ့ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေက တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပါတယ်။ ၄၅ ရာခိုင်နှုန်းသော ရုတ်တရက် နှလုံးဖောက်ပြန်မှုတွေက အသံတိတ် ရုတ်တရက် နှလုံးဖောက်ပြန်မှုတွေပါ။ ECG ဆွဲကြည့်ရင် သိနိုင်တယ်ဆိုပေမဲ့ လူတော်တော်များများက ကြွက်သားနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အပြင်းဖျားခြင်းတို့ ဖြစ်တယ်လို့ပဲ မှတ်ယူပြီး ECG ဆွဲ မကြည့်ကြပါဘူး။

ရုတ်တရက် နှလုံးဖောက်ပြန်မှု ဖြစ်ပွားစေတဲ့အကြောင်းရင်းတွေက

  • ဆေးရွက်ကြီးသုံးစွဲခြင်း
  • နှလုံးရောဂါမျိုးရိုးရှိခြင်း
  • ဆီးချိုရောဂါ
  • ကိုလက်စထရောများခြင်း
  • သွေးတိုးခြင်း
  • အဝလွန်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ရုတ်တရက် နှလုံးဖောက်ပြန်မှု ရှိတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ။ ECG ဆွဲပြီး နှလုံးခုန်နှုန်း အတက်အကျ ကြည့်လို့ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ထိရောက်တဲ့ကုသမှုကို ခံယူတာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

Ref: Fabiosa: What Is A Silent Heart Attack And How To Tell If A Person Had It

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top