ချွေးထွက်ရင် လေ့ကျင့်ခန်းလုပ်တာ လုံလောက်တယ်လို့ခေါ်နိုင်မလား

yyl-2-10-025.jpg

လူတော်တော်များများက ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ ချွေးထွက်ရင် work outလုပ်တာ ကောင်းကောင်းအလုပ်ဖြစ်တယ်လို့ ထင်ကြပါတယ်။ သူတို့တွေက ချွေးတွေရွဲနစ်နေရင်တောင် work outလုပ်တာမပြီးသေးဘူးလို့ ယူဆကြပါတယ်။ တကယ်ကော ချွေးထွက်ပြီဆိုရင် ကောင်းကောင်း work out လုပ်ဖြစ်တယ်လား။ work out ပြင်းပြင်းထန်ထန်လုပ်ပြီးရင် လူတိုင်း ချွေးမထွက်ကြပါဘူး။ ချွေးထွက်တာက အပြင်ဘက်မှာ ရာသီဥတုပူတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် work out လုပ်တာ ထိရောက်မှုရှိတယ်ဆိုတာကို ချွေးထွက်တဲ့ပမာဏပေါ်မူတည်ပြီးကြည့်ရင် ဒါက မမှန်ကန်ပါဘူး။

Work outလုပ်တာ ထိရောက်မှုရှိမရှိကို ဘယ်လိုဆုံးဖြတ်မလဲ

ချွေးထွက်တာက work outလုပ်တာထိရောက်မှုရှိတယ်လို့ သတ်မှတ်လို့မရနိုင်ပါဘူး။ work out ကောင်းကောင်းအလုပ်ဖြစ်တာက သင့်ကန့်သတ်ချက်တွေကို စိန်ခေါ်နေတဲ့အရာတွေပါပဲ။ သင် လုပ်နိုင်ရင်လုပ်နိုင်သလောက် ထိရောက်မှုရှိပါတယ်။ work outလုပ်ရင် ပုံမှန်လုပ်နေကျလို မလုပ်ဘဲ အချိန်တိုင်း အသစ်အသစ်တွေကိုရှာကြည့်ပါ။ နည်းနည်းလေးသာ တိုးတတ်မှုရှိရင်တောင် အဆင်ပြေပါတယ်။ workout ကောင်းကောင်းလုပ်ဖြစ်တာက ရည်မှန်းထားတဲ့အဆင့် ပြည့်မြောက်သွားတဲ့အခါမျိုးမှာပါ။

ချွေးထွက်တာ အရေးကြီးလား

Gymမှာ workoutလုပ်တဲ့အချိန်တိုင်း ချွေးထွက်ဖို့် အရေးမကြီးပါဘူး။ လူတစ်ဦးရဲ့ workout လုပ်တာထိရောက်မှုရှိမရှိက ချွေးထွက်တဲ့ပမာဏအပေါ် မူတည်တယ်လို့ ဆုံးဖြတ်ထားလို့မရပါဘူး။ တချို့လူတွေက မျိုးရိုးဗီဇကြောင့် ချွေးပိုထွက်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေက သူတို့နှလုံးခုန်နှုန်းက အရမ်းကြီးမမြင့်တဲ့အတွက် ချွေးသိပ်မထွက်ကြတာပါ။ တချို့က လေ့ကျင့်ခန်းတစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်ကြတဲ့အတွက် ချွေးထွက်ကြပါတယ်။ လေ့ကျင့်ခန်းတစ်ခုတည်းကို ထပ်ခါထပ်ခါလုပ်တာက ထိရောက်မှုသိပ်မရှိလှပါဘူး။ တစ်နေ့တာကို workoutအသစ်တွေလုပ်ပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်မှုတွေလုပ်ကြည့်ပါ။ ဒါကြောင့် workoutလုပ်တဲ့အခါ လုံလောက်မှုရှိမရှိကို ဘယ်လောက်ချွေးထွက်တယ်မထွက်တယ်အပေါ်မူတည်ပြီး မဆုံးဖြတ်ပါနဲ့နော်။

Ref: Are you exercising enough if you are not sweating?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top