တစ်ကျော့ပြန်ခံစားကြည့်ရှုရတော့မယ့် မြန်မာရုပ်ရှင်ကားကောင်းများ

jcgv.jpg

JCGV က ရုံတင်ပြသပြီးခဲ့တဲ့ ရုပ်ရှင်ကားကောင်းတွေထဲက တချို့ရုပ်ရှင်ကားတွေကို ပရိသတ်တွေရဲ့ တောင်းဆိုမှုအရ မကြာခင် ပြန်လည်ပြသပေးသွားတော့မယ်လို့ သိရပါတယ်။ (၅.၄.၂၀၁၉) ကနေ (၁၂.၄.၂၀၁၉) ရက်နေ့အထိကို JCGV ရဲ့ SPECIAL MOVIES WEEK လို့ သတ်မှတ်ပြီး ပြန်လည်ပြသပေးသွားဖို့လည်း ကြေညာထားပါပြီ။

ပြန်လည်ပြသမယ့်ရုပ်ရှင်တွေကိုတော့ ပရိသတ်တွေတောင်းဆိုထားတဲ့ ရုပ်ရှင်ကားတွေထဲကနေမှ JCGV က စိစစ်ရွေးချယ်ထားတာဖြစ်ပြီး အဲဒီရုပ်ရှင်ကားတွေက မုဒြာရဲ့ခေါ်သံမုန်းစွဲDimensions (မျက်နှာပြင်များ)ဥပါဒါန် နဲ့ မီ ရုပ်ရှင်ကားတွေ ဖြစ်ကြပါတယ်။

မုဒြာရဲ့ခေါ်သံ
မုန်းစွဲ
Dimensions (မျက်နှာပြင်များ)
ဥပါဒါန်
မီ

ရုံတင်ပြသမယ့်ပွဲချိန်တွေကို မကြာခင်မှာ အသေးစိတ်အသိပေးသွားမယ် လို့လည်း JCGV က ဆိုထားပါတယ်။ ကဲ…စာဖတ်သူက ဒီရုပ်ရှင် (၅) ကားထဲက ဘယ်တစ်ကားကို အကြည့်ချင်ဆုံးဖြစ်နေမလဲ ရွေးကြည့်ပါဦး။

Ref: JCGV

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top