ကာတွန်းတွေထဲက အကောင်းဆုံး စွမ်းအားရှင် Superheros (၁၀) ဦး

6bcc6365-941b-419d-812d-79063c4d7fda1.jpg

Superman ဟာ ကာတွန်းစာအုပ်ထဲမှ ရုပ်ရှင်ပိတ်ကားပေါ်ကို ရောက်လာတဲ့အချိန်မှစပြီး Superheros ချစ်ပရိတ်သတ်တွေဟာ ဘယ်Superheros ကစွမ်းအားအကောင်းဆုံးလဲဆိုတာကို ယှဉ်ပြိုင်ငြင်းခုံကြလေ့ရှိပါတယ်။

ဒါ့ကြောင့် Superheros ချစ်ပရိသတ်အချင်းချင်းအငြင်းမပွားစေဖို့ list25 Website မှဖော်ပြထားတဲ့ ကမ္ဘာ့အကောင်းဆုံး Superheros (၁၀) ဦးကို စွမ်းအားအနည်းဆုံးမှ အများဆုံးအတိုင်း Yoyarlay ပရိသတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

၁၀။ Green Lantern

 

အားလုံးသိကြတဲ့အတိုင်း DC Hero တစ်ဦးဖြစ်တဲ့ Green Lantern ဟာ သူစိတ်ကူးအတိုင်းဖြစ်စေနိုင်တဲ့ စကြဝဠာမှ စွမ်းအားအကြီးဆုံး power ring ကို ပိုင်ဆိုင်ထားတဲ့ Hero တစ်ဦးဖြစ်ပေမယ့် အဆိုးဘက်ကကြည့်ရင်တော့ Green Lantern ရဲ့ power ring ဟာ အားသွင်းဖို့လိုအပ်ပြီး တကယ့်အရေးကြုံလာတဲ့အချိန်မှာ အချိန်မီထုတ်သုံးဖို့ကတော့ အမြဲတမ်းမဖြစ်နိုင်ပါဘူး။

၉။ Flash

Speed Force အတွင်းဝင်လိုက်ရုံနဲ့ Flash ဟာ အလင်းထက် လျင်မြန်စွာသွားလာနိုင်ပြီး အကောင်းဆုံးအချက်ကတော့ Flash အတွက် ခရီးဆုံးတယ်ဆိုတာမရှိပါဘူး။ Flash ဟာ အချိန်နဲ့ ရုပ်များအတွင်းကို ဖြတ်သန်းနိုင်ပြီး ထိုအချိန်မှာအမြန်နှုန်းနဲ့ ပညာရပ်များကို သင်ယူလေ့လာနိုင်ပါတယ်။

၈။ Black Bolt

Black Bolt ဟာ Marvel comics မှထုတ်လုပ်တဲ့ Superhero တစ်ဦးဖြစ်ပြီး ၁၉၆၅ခုနှစ် ဒီဇင်ဘာထုတ် Fantastic Four #45 မှာပထမဆုံး ပွဲထွက်ခဲ့ပါတယ်။ Black Bolt ဟာ Inhumans လို့ခေါ်တဲ့ Super လူသားများအဖြစ် မျိုးရိုးဗီဇပြောင်းလဲထားတဲ့လူမျိုးတစ်မျိုးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ Black Bolt ဟာ စွမ်းအင်များကိုလိုသလိုထိန်းချုပ်ကာ သူ့ရဲ့စွမ်းအားကို အားအကောင်းဆုံးအဆင့်အထိ မြှင့်တင်နိုင်တဲ့အပြင် အဓိကကျတဲ့ Power ကတော့Black Bolt ရဲ့ အသံဖြစ်ပါတယ်။ Black Bolt ဟာသာမန်အချိန်တွေဆိုရင် စကားမပြောဘဲနေလေ့ရှိပြီး Black Boltရဲ့လေချွန်သံဟာ Hulk ရဲ့အရိုးများကိုကျိုးစေနိုင်ပြီး အော်လိုက်ရင် ကမ္ဘာကြီးတစ်ခုလုံးကိုပျက်ဆီးစေနိုင်တယ်လို့ Comics များအရသိရပါတယ်။

၇။ Franklin Richards

Mr. Fantastic နဲ့ Invisible Woman တို့ရဲ့သားဖြစ်သူ Franklin Richards ဟာ စွမ်းအားအကောင်းဆုံး သန္ဓေပြောင်းလူသားတစ်ဦးဖြစ်ပြီး သူ့လက်ပေါ်မှာပဲ စကြာဝဠာတစ်ခုကိုပါ ဖန်တီးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် Franklin ဟာ စိတ်ချင်းဆက်သွယ်နိုင်ခြင်း၊ စွမ်းအားဖောက်ခွဲမှုများပြုလုပ်နိုင်တဲ့အပြင် ရုပ်ဝတ္ထုများကို စကြာဝဠာပမာဏအထိ ပြန်လည်တည်ဆောက်နိုင်တယ်လို့ Comic များကဖော်ပြထားပါတယ်။

၆။ Dr. Strange

မှော်အတတ်ပညာမှာ အမြင့်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Dr. Strange ရဲ့ စွမ်းအားပမာဏဟာ Dr. Manhattan နဲ့ တန်းတူပမာဏရှိပြီး သူ့ရဲ့တစ်ခုတည်းသောအားနည်းချက်ကတော့ သူဟာ သာမန်လူသားတစ်ဦး ဖြစ်နေတယ်ဆိုတာပါပဲ။

၅။ Sentry

Sentry ရဲ့စွမ်းအားများဟာ ဓာတ်ခွဲခန်းတွင် ဆေးမှားထိုးမိရာမှ ရလာခဲ့တာဖြစ်ပြီး Sentry ရဲ့ ခန္ဓာကိုယ်ထဲမှ Molecules များနဲ့ Atom များက ပစ္စုပ္ပန်အချိန်ကို ကျော်လွန်ပြီး ခုန်ကျော်နေပါတယ်။ ထို့အတွက်ကြောင့် Sentry ရဲ့ အသိစိတ်ဟာ အလွန်တရာခွန်အားကောင်းနေတဲ့အပြင် ခွန်အားနဲ့ အမြန်နှုန်းတို့လည်းရှိကာ ပျံသန်းနိုင်တဲ့ Superhero တစ်ဦးဖြစ်ပါတယ်။

၄။ Silver Surfer

ဒီ Superhero ရဲ့စွမ်းအားကတော့ “power cosmic” ကို ဝင်လိုက်ရုံဖြင့် စကြာဝဠာတစ်ဝိုက်မှာ ရှိတဲ့စွမ်းအားများကို စုပ်ယူထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် Silver Surfer ဟာ သူ့ရဲ့စွမ်းအားကိုမြှင့်တင်နိုင်ပြီး အာကာသတစ်ခွင်ကို အလင်းမြန်နှုန်းဖြင့်သွားနိုင်တဲ့ Superhero တစ်ဦးဖြစ်ပြီး အစားအစာ၊ ရေ၊ လေနဲ့ အိပ်စက်အနားယူစရာမလိုဘဲ စွမ်းအားအသွင်ပြောင်းခြင်းဖြင့် အသက်ရှင်နိုင်တဲ့ Superhero တစ်ဦးဖြစ်ပါတယ်။

၃။ Superman

Superman ကတော့ DC superheroes တွေထဲမှာ လူသိအများဆုံးနဲ့ စွမ်းအားအကောင်းဆုံး superhero တစ်ဦးဖြစ်ပြီး Superman ရဲ့စွမ်းအားတွေကတော့ အထူးလျင်မြန်ခြင်း၊ မြင်နိုင်စွမ်း ၊ကြားနိုင်စွမ်း၊ ကြားနိုင်စွမ်းတို့ဖြစ်ကြပါတယ်။ ဒါပေမဲ့ နေကနေစုပ်ယူတဲ့ စွမ်းအင်ကိုတားမြစ်ပြီး Superman ကိုသေစေနိုင်တဲ့အရာကတော့ Kryptonite သတ္တုဖြစ်ပါတယ်။

၂။ Goku

Goku ဟာ ဂျပန်manga ဖြစ်တဲ့ Dragon Ball မှအဓိကဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့စွမ်းအားတွေကတော့ ခွန်အား၊ ki ကိုကောင်းမွန်စွာအသုံးချနိုင်ခြင်းနဲ့ ပျံသန်းနိုင်ခြင်း၊စိတ်ခြင်းဆက်သွယ်နိုင်ခြင်းတို့ဖြစ်ပါတယ်။ Superman ရဲ့ အားနည်းချက်ဟာ Kryptonite ဖြစ်ပေမဲ့ Goku မှာတော့ သိသာတဲ့ ဘာအားနည်းချက်မှမရှိပါဘူး။ ဒါ့အပြင် Goku ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက လကို ဖျက်ဆီးနိုင်သူတစ်ဦးဖြစ်ပြီး တိုက်ပွဲအပြီးတိုင်းမှာ healing အစွမ်းကြောင့် အနာပြန်ကျက်လေ့ရှိပြီး ၂ ဆပိုမိုသန်မာလာသူလည်းဖြစ်ပါတယ်။

၁။ Thor

Marvel superhero တစ်ဦးဖြစ်တဲ့ Thor ဟာ နော်ဝေး မိုးကြိုးနတ်ဘုရားတစ်ဦးဖြစ်ပြီး သူ့ရဲ့ခွန်အား၊ ခံနိုင်ရည်နဲ့ အကြမ်းခံနိုင်စွမ်းဟာ တခြားသော Superheros အများစုထက် မြင့်မားပါတယ်။ ဒါ့အပြင် Thor ဟာ ဇရာကိုမလွန်ဆန်နိုင်ပေမဲ့ အင်မတန်အသက်ရှည်စွာနေနိုင်သူတစ်ယောက်ဖြစ်ပြီး Thor ရဲ့အရိုးများနဲ့ အသားရည်ဟာ လူသားတွေထက် အဆပေါင်းများစွာသိပ်သည်းတဲ့အတွက် ဒဏ်ရာအနာတရဖြစ်နိုင်စွမ်းနည်းပါးပါတယ်။ ဒါ့အပြင် Thor ဟာ Mjolnir တူနဲ့လည်းရင်းနှီးတဲ့ ဆက်နွှယ်မှုရှိပြီး Dr. Stephen Strange က Mjolnir တူကိုပြန်ပြင်ဆင်ပေးခဲ့တဲ့အခါမှာ ထိုဆက်နွှယ်မှုက ပိုခိုင်မာသွားပါတယ်။ Mjolnir တူနဲ့ဆက်နွယ်ချက်ကြောင့် Thor ဟာရာသီဥတုနဲ့လည်း ဆက်နွယ်လာပြီး ရာသီဥတုကိုခိုင်းစေနိုင်တဲ့အစွမ်းလည်းရှိလာပါတယ်။ Mjolnir နဲ့ Thor ရဲ့ဆက်နွယ်ချက်ဟာ အရမ်းအားကောင်းလွန်းတဲ့အတွက် Mjolnir ပျက်ဆီးသွားရင်ပြီး အစိတ်အပိုင်းသေးသေးလေးဖြစ်သွားရင်တောင် Thor ဟာ Mjolnir ရဲ့စွမ်းအားကို အသုံးပြုလို့ရနိုင်ပါသေးတယ်။ Thor နဲ့ Mjolnir တို့ရဲ့ဆက်နွယ်ချက်ကြောင့် Mjolnir ပျက်ဆီးသွားရင် Thor လည်းအားနည်းသွားပါတယ်။ Thor ဟာ သူ့ရဲ့နတ်ဘုရားစွမ်းအားတွေကို Mjolnir မှတဆင့် စီးဆင်းစေကာပစ်လွှတ်နိုင်ပြီး စွမ်းအားပြင်းထန်လွန်းတဲ့အတွက် မသေမျိုး superheroes တွေကိုတောင် သေစေနိုင်ပါတယ်။ တကယ်တမ်း Thor ဟာ အရမ်းစွမ်းအားကြီးလွန်းတဲ့အတွက် နောက်ထပ် Comic တွေရေးမယ်ဆိုရင်တောင် သူကိုခြိမ်းခြောက်နိုင်တဲ့အန္တရာယ်ကို ထည့်သွင်းဖို့ဆိုတာကလည်း Comic ရေးဆရာတွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။

Ref : List 25.com Entertainment : The 10 Most Powerful Superheroes of All Time

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top