UFC ဥက္ကဋ္ဌ ဒါနာဝှိုက်ကို လက်သီးတစ်ချက်တည်းနဲ့ စုတ်ပြတ်သွားအောင် လုပ်လို့ရတယ်လို့ တိုင်ဆန်ဖျူရီရဲ့ဖခင် တုံ့ပြန်

11-3-2020-yyl-011.jpg

တိုင်ဆန်ဖျူရီသာ UFC မှာ သိုင်းပေါင်းစုံ ကစားနည်း လာကစားရင် စုတ်ပြတ်သတ်အောင် ထိုးခံရလိမ့်မယ်လို့ ပြောခဲ့တဲ့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်ကို တိုင်ဆန်ဖျူရီရဲ့ဖခင်က တုံ့ပြန်သွားခဲ့ပါတယ်။ သိုင်းပေါင်းစုံ ကစားနည်းမှာ တိုင်ဆန်ဖျူရီနဲ့ထိုးချင်သူ တောင်ပုံယာပုံရှိတယ်၊ တိုင်ဆန်ဖျူရီသာ သိုင်းပေါင်းစုံ ကစားနည်းကို ပြောင်းလဲကစားရင် UFC ရဲ့ ထိပ်တန်းကစားသမားတွေက စုတ်ပြတ်သွားအောင် လုပ်လိုက်လိမ့်မယ်၊ အဲဒီတော့ တိုင်ဆန်ဖျူရီအနေနဲ့ ကိုယ့်အသက်ကို ရန်မရှာဘဲ လက်ဝှေ့ဆက်ထိုးနေတာ ကောင်းလိမ့်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က အင်တာဗျူး အစီအစဉ်မှာ ဒါနာဝှိုက်က ဆိုခဲ့ပါတယ်။

တိုင်ဆန်ဖျူရီက တခြားတိုက်ခိုက်ရေး အားကစားနည်းတွေ ကစားနိုင်လောက်တဲ့ အသဲ၊ ဇွဲနဲ့ ပါရမီရှိတယ်လို့ တိုင်ဆန်ဖျူရီရဲ့ဖခင် ဂျွန်က တုံ့ပြန်ခဲ့ပါတယ်။ “အထိုးအနှက်ခံထားရတဲ့ မိသားစုကနေ ပေါက်ဖွားလာလို့ သူ(ဒါနာဝှိုက်)က သူတစ်ပါးကို ဘယ်လိုထိုးကြိတ်ရမလဲဆိုတာ ဘယ်သိပါ့မလဲ။ ကျွန်တော်ကတော့ ဒါနာဝှိုက်ကို လက်သီးတစ်ချက်တည်းနဲ့ စုတ်ပြတ်သွားအောင် ထိုးနိုင်ပါတယ်။ သူက ပေါက်ကရလေးဆယ်တွေ လျှောက်ပြောနေတယ်ဆိုတာ သိထားသင့်ပါတယ်’’လို့ ဂျွန်က တုံ့ပြန်ခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိတဲ့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီဟာ ပြီးခဲ့တဲ့လက အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါကို အနိုင်ယူပြီး WBC ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့သူပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top