သူ့ခွေးလေးကို ပြန်ပေးရင် ပေါင် ၃၀၀၀၀ ဆုချမယ်ဆိုတဲ့ စတာရစ်ချ်

66236397_2471849909512581_241716009185050624_n.jpg

လပ်ကီးလက်စီလို့ ခေါ်တဲ့ သူ့ခွေးလေးကို ပြန်လာပေးရင် ဆုကြေးငွေ ပေါင် ၃၀၀၀၀ ချီးမြှင့်မယ်လို့ လီဗာပူးတိုက်စစ်မှူးဟောင်း စတာရစ်ချ်က ကြေညာထားပါတယ်။ လော့စ်အိန်ဂျလိစ်မြို့က စတာရစ်ချ်ရဲ့တိုက်ခန်း အနောက်ဘက်မှန်တံခါးကို ရိုက်ခွဲပြီး
သူခိုးတွေက ဝင်ရောက်မွှေနှောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စတာရစ်ချ်က သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ဗီဒီယို တော်တော်များများ တင်ခဲ့ပါတယ်။

” ကျွန်တော့်ခွေးလေးကို ပြန်ပေးရင် ပေါင် ၂၀၀၀၀ ချက်ချင်းပေးမှာပါ။ ပေါင် ၃၀၀၀၀ ပေးရမယ်ဆိုလည်း ဖြစ်ပါတယ်။ ကျွန်တော့်ခွေးလေးကို အိမ်ပြန်ခေါ်လာပေးပါ။ ကျွန်တော့်လိပ်စာအတိုင်း ခွေးလာပေးပြီးတာနဲ့ နောက်တစ်ရက်၊ နှစ်ရက်နေရင် ကျွန်တော် ဒီနေရာကနေ ထွက်သွားတော့မှာပါ”လို့ စတာရစ်ချ်က ပြောပါတယ်။ စတာရစ်ချ်ဟာ လပ်ကီးလက်စီလို့ ခေါ်တဲ့ ပိုမီရာနီယန်ခွေးလေးရဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်ပေါ် တင်ခဲ့သလို စောင့်ကြည့်ကင်မရာမှတ်တမ်းတွေလည်း တင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top