နည်းပြဘဝတစ်လျှောက် ကစားသမား ဝယ်ယူမှုအသုံးစရိတ် အများဆုံးနည်းပြစာရင်းတွင် မော်ရင်ဟို ဦးဆောင်

yyl-016-11.jpg

စပါးနည်းပြ မော်ရင်ဟိုဟာ နည်းပြဘဝတစ်လျှောက်မှာ ကစားသမားဝယ်ယူမှုအတွက် ငွေကြေးအများဆုံး သုံးစွဲခဲ့တဲ့ နည်းပြအဖြစ် ရပ်တည်နေပါတယ်။ ချဲလ်ဆီး၊ ရီးရဲလ်၊ မန်ယူ၊ အင်တာမီလန် စတဲ့ ထိပ်တန်းအသင်းကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ ကစားသမားဝယ်ယူမှုအတွက် ပေါင် ၁.၃ ဘီလျံ အသုံးပြုခဲ့ပါတယ်။ မန်ယူကို ကိုင်တွယ်ခဲ့ချိန်တုန်းက ကွင်းလယ်လူပေါ့ဘာကို ပေါင် ၈၉.၃ သန်းနဲ့ ဝယ်ယူခဲ့တာကတော့ စံချိန်တင်ဝယ်ယူမှု ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မန်ယူနဲ့အတူ လူကာကူ(ပေါင် ၇၅ သန်း)၊ ဖရက်ဒ်(ပေါင် ၅၃ သန်း)တို့ကို ခေါ်ယူခဲ့သလို ချဲလ်ဆီးကို ကိုင်တွယ်ချိန်တုန်းကလည်း ရှက်ချန်ကို(ပေါင်သန်း ၄၀)၊ ဒရော့ဘာ(ပေါင် ၃၅ သန်း)၊ ဒီယေဂိုကော်စတာ(ပေါင် ၃၄ သန်း)တို့ကို ခေါ်ယူခဲ့ပါတယ်။

နည်းပြဘဝတစ်လျှောက် ကစားသမားဝယ်ယူမှုအတွက် ငွေကြေးအများဆုံး သုံးစွဲတဲ့နည်းပြစာရင်းမှာ အဲဗာတန်နည်းပြ အန်စလော့တီနဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာတို့ကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အေစီမီလန်၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ နည်းပြအန်စလော့တီဟာ စုစုပေါင်း ပေါင် ၉၉၈ သန်း အသုံးပြုခဲ့ပါတယ်။ ရီးရဲလ်ကို ကိုင်တွယ်ချိန်တုန်းက ဂါရတ်ဘေးလ်ကို ပေါင် ၈၅ ဒသမ ၃ သန်းနဲ့ ခေါ်ယူမှုကတော့ နည်းပြဘဝ တစ်လျှောက် တန်ကြေးအမြင့်ဆုံး ကစားသမားခေါ်ယူမှုဖြစ်ပါတယ်။ အန်စလော့တီဟာ ရီးရဲလ်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ပေါင် ၆၇ သန်း)ကို ခေါ်ယူခဲ့သလို ချဲလ်ဆီးကို ကိုင်တွယ်တုန်းကလည်း ဖာနန်ဒိုတောရက်စ်(ပေါင်သန်း ၅၀)ကို ခေါ်ယူခဲ့ပါတယ်။

ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး မန်စီးတီးအသင်းတွေကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြ ဂွာဒီယိုလာကလည်း ကစားသမားဝယ်ယူမှုအတွက် ပေါင် ၉၉၈ သန်း အသုံးပြုခဲ့ပါတယ်။ ဂွာဒီယိုလာ ဝယ်ယူခဲ့သူတွေထဲမှာ တန်ကြေးအမြင့်ဆုံးကတော့ အီဘရာဟီမိုဗစ်(ပေါင် ၅၇ သန်း)ဖြစ်ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းမှာ မာရက်ဇ်(ပေါင်သန်း ၆၀)၊ လာပေါ်တီ(ပေါင် ၅၈ သန်း)၊ ဘင်ဂျမင်မန်ဒီ(ပေါင် ၅၂ သန်း)၊ ဂျွန်စတုန်း(ပေါင်သန်း ၅၀)တို့ကို ခေါ်ယူခဲ့သူပါ။ အသုံးစရိတ် ချွေတာလွန်းတယ်ဆိုတဲ့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးတောင် နည်းပြဘဝတစ်လျှောက် ကစားသမား ဝယ်ယူမှုအတွက် ပေါင် ၇၆၇ သန်းသုံးပြီး ဒီစာရင်းမှာ အဆင့်(၆)နေရာ ရပ်တည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top