လေ့ကျင့်ခန်းလုပ်ခြင်းကလည်း ဝိတ်ပိုတက်လာအောင် အားပေးနေပါတယ်

w.jpg

ကျွန်တော်တို့အားလုံးဟာ gym (၃) ပတ်လောက်ဆော့ပြီးလို့ ခန္ဓာကိုယ်ပြောင်းလဲမှု နည်းနည်းလေးမှမတွေ့ရတာနဲ့ နည်းပြတွေကို စိတ်တိုင်းမကျစောဒကတက်တတ်ကြပါတယ်။

နောက်ဆုံးမှာတော့ သိပ္ပံပညာရှင်တွေက gym အသေအလဲဆော့ပြီးလည်း ဝိတ်မကျရခြင်းရဲ့အဖြေကို တွေ့ရှိသွားခဲ့ပါပြီ။ တစ်မျိုးတော့ဖြစ်နေပေမယ့်လည်း လေ့ကျင့်ခန်းလုပ်ခြင်းက ဝိတ်တောင်ပိုတတ်လာနိုင်သေးတယ်လို့ ဆိုထားကြပါတယ်။

သုတေသနမှာပါဝင်တဲ့ အစမ်းသပ်ခံရသူအများစုဟာ ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပြီးကြတိုင်း ၎င်းတို့ပုံမှန်စားနေကျအစားအသောက်ရဲ့ ပမာဏ (၄) ပုံ (၁) ပုံကို စားသင့်တယ်ထင်ပြီး ဇွတ်စားတတ်ကြတယ်လို့ဆိုပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဒီလိုမျိုးစားသောက်ခြင်းကြောင့် ဘယ်လောက်ပဲလေ့ကျင့်ခန်းပုံမှန်လုပ်နေပါစေ ဝိတ်မကျတော့ပဲ ကယ်လိုရီပမာဏများသွားမယ်ဆို ဝိတ်ပိုတောင်တက်လာကြဦးမယ်ဆိုပြီး သတိပေးထားပါတယ်။

ဒါကြောင့်မို့လို့ ဝိတ်ကျချင်တယ်ဆို ကိုယ့်စားတဲ့အစားအသောက်မှာ ကယ်လိုရီဘယ်လောက်ပမာဏပါလဲဆိုတာကို ပုံမှန်တွက်ချက်ပေးနေဖို့လိုပါတယ်ဆိုပြီး ဒေါက်တာ လူးဝစ်ဂျိမ်းစ် (Dr Lewis James) က အကြံပြုထားပါတယ်။

စမ်းသပ်ချက်မှာပါဝင်တဲ့သူတစ်ချို့ဟာ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ကယ်လိုရီ (၁၅၀) နဲ့အထက်ကို စားသုံးနေကြပြီး အဆိုပါပမာဏအတိုင်း ညစာကိုပါထပ်စားကြမယ်ဆို လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် ဝိတ်ကတက်မြဲတက်နေဦးမှာပဲလို့ ဆိုပါတယ်။ သို့ပေမဲ့လည်း အမျိုးသမီးတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ချောကလတ်စားပေးမယ်ဆို ယောကျာ်းလေးတွေထက် ဝိတ်ပိုကျလွယ်နိုင်တယ်လို့ သတင်းကောင်းပါးထားပါတယ်။

ဒါ့အပြင် gym ကို အေးရိုးဗစ်လေ့ကျင့်ခန်းနဲ့တွဲလုပ်ပြီး ကျန်းမာတဲ့အစားအသောက်လေးတွေသာ စားပေးမယ်ဆိုရင် ဝိတ်မကျစရာအကြောင်းမရှိဘူးဆိုပြီးတော့လည်း ဖိအားပေးထားပြန်ပါတယ်။

UK မှာတော့ နိုင်ငံလူဦးရေရဲ့ (၆၁%) ဟာ အဝလွန်နေကြသူတွေဖြစ်တယ်လို့ ဒေါက်တာဂျိမ်းစ်က ဆိုပါတယ်။ ဒီလိုဝလာရခြင်းကတော့ တစ်နေ့တာအတွင်း ကယ်လိုရီစားသုံးတဲ့ပမာဏဟာ လောင်ကျွမ်းသွားတဲ့ပမာဏထက် ပိုများနေလို့သာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref : Dailymail “Exercise may make you GAIN weight: People eat nearly a quarter more after a work out because ‘they feel like they deserve it’”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top