အသားရေပျက်စီးစေတဲ့ နေ့စဉ်အလေ့အထများ

face.jpg

သင့်အသားရေတစ်မျိုးကြီးဖြစ်နေသလို ခံစားနေရတဲ့အတွက် စိတ်မပျော်ရွှင်ဖြစ်နေရင် တစ်နေ့တာလုပ်ဆောင်ဖြစ်နေတဲ့ အလေ့အထတွေကို တစ်ခုခု ပြောင်းလဲပစ်ရမှာပါ။ ကျွန်မတို့ သတိမမူဘဲ လုပ်မိနေတဲ့ အလေ့အထ တချို့ရှိပါတယ်။ အဲဒါတွေက ကျွန်မတို့ရဲ့အရေပြားကျန်းမာရေးအတွက် ဆိုးရွားစွာ ထိခိုက်လာနိုင်ပါတယ်။ ဘယ်လိုအလေ့အထတွေက ကျွန်မတို့ရဲ့အသားရေတွေကို ထိခိုက်စေလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်…။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလို အသားရေကိုလည်း ဆိုးရွားစေတယ်ဆိုတာကို ကျွန်မတို့ သိဖို့ လိုအပ်ပါတယ်။ ဆေးလိပ်ရဲ့အခိုးအငွေ့တွေက အသားရေမှာရှိတဲ့ အောက်ဆီဂျင်ကို ကုန်ခန်းသွားစေတဲ့ ကာဗွန် မိုနိုအောက်ဆိုဒ်တွေ ပါဝင်ပါတယ်။ သွေးစီးဆင်းမှုကို လျော့ကျစေတဲ့ နီကိုတင်း ပါဝင်တာကြောင့် အသားရေမွဲခြောက်တာ၊ ခြောက်သွေ့တာ၊ ဖျော့တော့တော့ဖြစ်စေပါတယ်။

အဆီများတဲ့အစားအစာ စားသုံးခြင်း

မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အကြော်အလှော်တွေကို ပိုကြိုက်နှစ်သက်ကြပါတယ်။ အဆီများတဲ့အစားအစာကို စားသုံးတာက ဝက်ခြံပေါက်တာ၊ ချွေးပေါက်ကျဉ်းတာတွေ ဖြစ်စေနိုင်တာကို သိသွားမယ်ဆိုရင် စိတ်ပျက်သွားမယ်ထင်ပါတယ်။

ရေပူနဲ့ မျက်နှာသစ်ခြင်း

ရေပူနဲ့မျက်နှာသစ်တာက မျက်နှာကို ပိုပြီးသန့်စင်စေတယ်လို့ မှားယွင်းစွာ သိထားကြပါတယ်။ မျက်နှာသစ်ဖို့အတွက် ရေပူကို အသုံးပြုတာက အရေပြားမှာရှိတဲ့ အဆီတွေအားလုံးကို ဖယ်ရှားပစ်သလိုဖြစ်စေတာကြောင့် အသားရေကို ပျက်စီးစေပါတယ်။ ရလဒ်အနေနဲ့ကတော့ အသားရေရဲ့သဘာဝအစိုဓာတ်တွေ ဆုံးရှုံးသွားပါတယ်။

အသားရေကြည်လင်အောင် ခဏခဏ scrubလုပ်ခြင်း

လူတော်တော်များများက အသားရေကြည်လင်လာဖို့အတွက် မျက်နှာကို နေ့စဉ် scrubလုပ်ကြပါတယ်။ အသားရေကို အဆက်မပြတ်ပွတ်တိုက်တာက အသားရေကို ပျက်စီးစေပါတယ်။ မျက်နှာကို နေ့တိုင်း scrubလုပ်ခြင်းကို ရှောင့်သင့်ပါတယ်။

မျက်စိစုံမှိတ်ပြီး အလှကုန်ပစ္စည်းတွေ ဝယ်ယူခြင်း

မိန်းကလေးအများစု လုပ်မိနေတဲ့ အဖြစ်များဆုံးအမှားက အလှကုန်ပစ္စည်းတွေရဲ့ တန်ဖိုးပေါ်မူတည်ပြီး မှားယွင်းစွာ ဝယ်ယူအသုံးပြုနေတာပါပဲ။ သင့်အသားရေနဲ့ သင့်တော်လား၊ မသင့်တော်ဘူးလား မသိဘဲ အဲဒီအလှကုန်ပစ္စည်းကောင်းတယ်လို့ ပြောတိုင်း မျက်စိစုံမှိတ်ပြီး ဝယ်ယူနေကြပါတယ်။ အလှကုန်ပစ္စည်းကို မဝယ်ယူခင်မှာ သင့်အသားရေနေဲ့ကိုက် မကိုက် စမ်းသပ်ပြီးမှ ဝယ်ယူသင့်ပါတယ်။

Ref: TOI “Everyday habits that are ruining your skin”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top