အောင်လအန်ဆန်၏ အကောင်းဆုံးပွဲသိမ်းတိုက်ကွက် ၄ ခု

yyl-9-9-039.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သော ONE Championship တွင် ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုကို ရရှိထားသူဆို ၍ နှစ်ဦးသာရှိသည်။ အဆိုပါ ကစားသမားနှစ်ဦးမှာ ONE လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်နှင့် ONE အမျိုးသမီးအက်တမ်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ၊ အက်တမ်ဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံ Stamp Fairtex တို့ဖြစ်သည်။ ကချင်ပြည်နယ်၏မြို့တော်၊ မြစ်ကြီးနားမြို့တွင်မွေးဖွားသော အောင်လအန်ဆန်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနယ်ပယ်တွင် ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုကို ပထမဦးဆုံးရယူနိုင်သော မြန်မာနိုင်ငံသားဖြစ်သည်။ ကြိုးဝိုင်းအမည် “မြန်မာ့စပါးအုံး” ဆိုသော နာမည် နှင့် လိုက်ဖက်ညီစွာ ၎င်းသည် ပြိုင်ဘက်ကို ချုပ်ကိုင်မိပါက စပါးအုံးမြွေများက သားကောင်ကိုမိလျှင် မလွှတ်တမ်းညှစ်ကာ အရိုးများကျိုး ကြေကုန်အောင်လုပ်တတ်သည့် နည်းဗျူဟာအတိုင်း အနိုင်ယူလေ့ရှိသည်။

Hard Knocks 365 အသင်းသား အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ကျင်းပ မည့် ONE: CENTURY ပြိုင်ပွဲတွင် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ONE ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Brandon “The Truth” Vera နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဖိလစ်ပိုင်-အမေရိကန်အားကစားသမား Vera သည် အောင်လထက် ကိုယ်အလေးချိန် ကြီးသလို ဝိတ်တန်းအရလည်း ပိုများသောကြောင့် အမေရိကန်အခြေစိုက် အောင်လအတွက် ခက်ခဲမည့်ပြိုင်ပွဲဖြစ်လာလိမ့်မည်ဟု သုံး သပ်သူများရှိနေသည်။ သို့သော် အောင်လ၏ကစားသမားဘဝတစ်လျှောက် ၎င်းထက် ဝိတ်တန်းပိုကြီးသောကစားသမားများအား အနိုင်ယူကျော်ဖြတ်ဖူးသည့် သာဓကများစွာရှိရာ ၎င်း၏ အကောင်းဆုံးပွဲသိမ်းတိုက်ကွက် ၄ ခုအကြောင်းဖော်ပြလိုက်ပါသည်။

၁။ ပြင်းထန်အားပါသော ညာလက်သီး

အောင်လသည် နာမည်ကျော် အားကစားသမားတစ်ယောက်ပီပီ မည်သည့်ပြိုင်ဘက်ကိုမဆို လဲပြိုသွားစေလောက်သည့် တိုက်ကွက်များ စွာကို ပိုင်ဆိုင်ထားသည်။ လက်သီးကို အကောင်းဆုံးအသုံးချနိုင်သော ၎င်း၏အားသာချက်တစ်ခုက ပြိုင်ဘက်အား လဲကျစေ ကာ ပြန်မထနိုင်အောင်လုပ်နိုင်သည့် ညာလက်သီးပင်ဖြစ်သည်။၎င်း၏ ညာလက်သီးက ပြင်းထန်အားပါလွန်းသောကြောင့် ထိုးနှက်ခံရသည့် ကစားသမားတိုင်းအတွက် အလွန်ကြောက်စရာကောင်း သော လက်နက်ကြီးတစ်ခုလိုပင်ဖြစ်သည်။ ညာလက်သီးအပြင် ဘယ်ညာလက်သီးတွဲလုံးများကလည်း ပြင်းထန်အားပါသလို ဖျက်ဆီး နိုင်စွမ်းအပြည့်ရှိသော မုန်တိုင်းတစ်ခုလိုပင်ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တွင်ကျင်းပသော ONE: PURSUIT OF GREATNESS ပြိုင်ပွဲ၌ အောင်လ၏ ညာလက်သီးက မည်မျှ အန္တရာယ်ပေးနိုင်သည်ကို ပရိသတ်များ မြင်တွေ့ခဲ့သည်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်လာသူ လက်ဘနွန်အားကစားသမား Mohammad “O Lutador” Karaki နှင့်ယှဉ်ပြိုင်သည့်တွဲဆိုင်း၌ ပထမအချီ ၂ မိနစ်ကျော်ကျော်တွင် ညာလက်သီး ဖြင့် ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျစေခဲ့သလို ဆက်တိုက်ထိုးနှက်သော လက်သီးချက်များကြောင့် ဒိုင်ပွဲရပ်အနိုင်ရခဲ့သည်။ဂျပန်အားကစားသမား Ken Hasegawa နှင့် ပထမအကြိမ်ရင်ဆိုင်သည့်ပြိုင်ပွဲတွင် နောက်ဆုံးအချီပြည့်ရန် ၁ မိနစ်ကျော်ကျော်သာလို ချိန်အထိ ပွဲက သရေကျနေခဲ့သည်။ သက်လုံကျနေသော ဂျပန်အားကစားသမားက အလဲထိုးမခံရစေရေးအတွက် အစွမ်းကုန်ကြိုးစား နေသောကြောင့် သရေကျလိမ်မည်ဟု ယူဆခဲ့ကြသည်။သို့သော်လည်း ပဉ္စမအချီ ၃ မိနစ်၊ ၁၃ စက္ကန့်တွင် ပွဲသိမ်းနိုင်ရန် အကွက်ကောင်းစောင့်နေသော အောင်လက ညာပင့်လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ Hasegawa ၏မေးရိုးကို တိုက်ရိုက်ထိမှန်ခဲ့ရာ ဂျပန်အားကစားသမား ပြန်မထနိုင်တော့ဘဲ ဒိုင်ပွဲရပ်အနိုင်ရခဲ့သည်။

၂။ ရုန်းထွက်ရန်ခက်ခဲသော လည်ပင်းချုပ်ကွက်

ကြိုးဝိုင်းနာမည် “မြန်မာ့စပါးအုံး” နှင့်လိုက်ဖက်စွာ အောင်လအန်ဆန်၏ လည်ပင်းချုပ်ကွက်နည်းဗျူဟာက မည်သည့်ပြိုင်ဘက်မျိုးကို မဆို ပြိုလဲသွားနိုင်စွမ်းရှိသည်။ ထိုအချက်ကို ဟောင်ကောင်အားကစားသမား Alain “The Panther” Ngalani နှင့် ယှဉ်ပြိုင် သောတွဲဆိုင်းက အကောင်းဆုံးသက်သေပြနေသည်။၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ရန်ကုန်မြို့ရှိ Thuwunna Indoor Stadium တွင်ကျင်းပပြုလုပ်သော ONE: HERO’S DREAM ပြိုင်ပွဲ၌ အောင်လအတွက် စိုးရိမ်ပူပန်သူများရှိခဲ့သည်။ အကြောင်းက ပြိုင်ဘက်ကစားသမားမှာ လူ့ဘီလူးကြီးတစ်ကောင်လို ကြံ့ခိုင်တောင့်တင်း လွန်းသောကြောင့်ဖြစ်သည်။သို့သော်လည်း အောင်လက စိုးရိမ်ပူပန်နေသော မြန်မာပရိသတ်များအား ပွဲစသည်နှင့် ကြောင့်ကြမှုမရှိစေရန် ၎င်း၏နည်းဗျူဟာများဖြင့် နှစ်သိမ့်ပေးနိုင်ခဲ့သည်။ကိုယ်အလေးချိန်ကြီးမားသော Ngalani ကို လည်ပင်းချုပ်ကွက်နည်းဗျူဟာသုံးကာ မလှုပ်ရှားနိုင်စေရန် အကြိမ် ကြိမ်စွမ်းဆောင်နိုင်ခဲ့သည်။သို့သော် သန်မာလွန်းသော Ngalani က လည်ပင်းချုပ်ကွက်ဖြင့် အရေးမနိမ့်စေရန် ရုန်းထွက်နိုင်ခဲ့သည်။ သို့သော်လည်း ပထမအချီ ၄ မိနစ်၊ ၃၁ စက္ကန့်တွင် Ngalani ၏ဦးခေါင်းကို ညာလက်ဖြင့်ချုပ်ကာကြမ်းပြင်ပေါ်လှဲချလိုက်ချိန်တွင်တော့ ဟောင်ကောင်အားကစားသ မားမှာ ရုန်းထွက်နိုင်ရန် ဘယ်လိုမှမတတ်နိုင်တော့ဘဲ လက်ပုတ်အရှုံးပေးခဲ့ရသည်။

၃။ ယှဉ်ပြိုင်လာသူမှန်သမျှကို လဲပြိုစေနိုင်သည့် ညာခြေအမြင့်ကန်ချက်

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ဦးအတွက် မတ်တပ်ရပ်ယှဉ်ပြိုင်ရာတွင်ရော၊ မြေပြင်ချုပ်ကွက်ဟုခေါ်သော မြေပြင် ယှဉ်ပြိုင်ရာတွင်ပါ ကျွမ်းကျင်မှုရှိရန် အထူးလိုအပ်သည်။ ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်သော အောင်လလို ကစားသမားအတွက်မူ ဘက်ပေါင်းစုံ ထူးချွန်နေရန် အမြဲမပြတ် ဖြည့်ဆည်းသွားရမည်လည်းဖြစ်သည်။အဆိုပါ အချက်ကိုသိသော အောင်လကလည်း ကိုယ်ခံပညာရပ်ပေါင်းစုံမှ နည်းဗျူဟာရပ်များကို လေ့ကျင့်သင်ယူခဲ့ပြီး အထူးသဖြင့် ခြေကန်ချက်များ ပိုမိုကောင်းမွန်လာအောင် ကြိုးစားခဲ့သည်။ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် ၎င်း၏ခြေကန်ချက်စွမ်းရည် ဘယ်လောက်အထိ ထက်မြက်သည်ဆိုခြင်းအား ပရိသတ်များ မြင်တွေ့ခွင့်ရခဲ့သည်။၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်တွင်ပြုလုပ်သော ONE: QUEST FOR GOLD ပြိုင်ပွဲ၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအဖြစ် ဘရာဇီးလ်အားကစားသမား Alexandre “Bebezao” Machado နှင့်ယှဉ်ပြိုင်သည့်တွဲဆိုင်း၌ “မြန်မာ့စပါးအုံး” ၏ အံ့မခန်း ခြေကန်ချက်များကို မြင်တွေ့ခဲ့ရသည်။ ပထမအချီအစ ၁ မိနစ်မှာပင် အောင်လ၏ ညာခြေအမြင့်ကန်ချက်က ဘရာဇီးလ်ကစားသမားကို ထိမှန်ခဲ့သည်။အားပါလွန်းသလို လျှပ်ပြက်သလို လျင်မြန်လွန်းသောခြေကန်ချက်ကို Machado က ဘယ်လက်ဖြင့် ခုခံသေးသော်လည်း ပြင်းထန်လွန်း သောကြောင့် လဲကျသွားခဲ့သည်။ ထို့နောက် အောင်လက ဘယ်ညာဝိုက်လက်သီးတွဲများဖြင့်တိုက်ခိုက်လိုက်ချိန်တွင် ကြိုးဝိုင်းဒိုင်လူကြီး က ပွဲရပ်ကာ မြန်မာအားကစားသမားကို အနိုင်ပေးခဲ့သည်။ပထမအချီ ၁ မိနစ်၊ ၄ စက္ကန့်မှာပင် အနိုင်ရခဲ့သော အောင်လ၏စံချိန်က ONE လိုက်ဟဲဗီးဝိတ်တန်းသမိုင်းတစ်လျှောက် ပွဲသိမ်းအမြန်ဆုံး တွဲဆိုင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

၄။ အခြေအနေအား ပြောင်းပြန်ပြောင်းလဲနိုင်စွမ်း

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနည်းတွင် မြေပြင်ချုပ်ကွက်နည်းဗျူဟာက အနိုင်အရှုံးအတွက် အဓိကကျသော အခန်းကဏ္ဍမှပါဝင် သည်ကို အားလုံးလက်ခံထားကြသည်။ လက်သီးတစ်လုံး၊ ခြေကန်ချက်တစ်ချက်ကြောင့် ပွဲအနိုင်အရှုံး အဖြေထွက်ပေါ်နိုင်သလို ပြိုင် ဘက်ကို ကြိုးဝိုင်းကြမ်းပြင်ပေါ်လှဲချကာ အပေါ်စီးမှ ယှဉ်ပြိုင်တိုက်ခိုက်သော အားကစားသမားအတွက်လည်း နိုင်ပွဲရယူနိုင်ခြေက ရာခိုင် နှုန်း အတော်များပြားသည်။ထို့ကြောင့်လည်း အားကစားသမားများအနေဖြင့် ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျမသွားစေရန်နှင့် ပြိုင်ဘက်က အပေါ်စီးမှတိုက်ခိုက်ခြင်း မ ခံရစေရန်အတွက် အထူးဂရုစိုက်လေ့ရှိသည်။ အကယ်၍ ထိုအခြေအနေသာဖြစ်ခဲ့ပါက အရှုံးကို ရင်ဝင်ပိုက်သွားနိုင်သောကြောင့်ဖြစ် သည်။အောင်လအန်ဆန်၏ ကစားသမားဘဝတစ်လျှောက် အောက်ဖက်မှနေကာ ပြိုင်ဘက်၏တရစပ်တိုက်ခိုက်မှုများအား အကောင်းဆုံးတွန်း လှန်ပြီး အပေါ်ဘက်မှ ပြန်လည်တိုက်ခိုက်နိုင်သော သာဓကပေါင်းများစွာရှိခဲ့သည်။ Alain Ngalani၊ Vitaly Bigdash ကိုအနိုင်ယူကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကိုရယူနိုင်သောပွဲများက သက်သေဖြစ်သည်။

ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားက စားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။

ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top