ONE: FIRE & FURY ပြိုင်ပွဲမှ လေ့လာသင်ယူစရာ အချက် ၄ ချက်

yyl-010-1.jpg

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ONE: FIRE & FURY ပြိုင်ပွဲသည် ကိုယ်ခံပ ညာသိုင်းပေါင်းစုံအားကစား ဝါသနာရှင်များအတွက် မမေ့နိုင်စရာကောင်းသော ညတစ်ညအား ဖန်တီးပေးနိုင်ခဲ့သည်။ ယှဉ်ပြိုင်ထိုး သတ်ခဲ့သော အားကစားသမားများသည် အကောင်းဆုံး အချိန်ကာလတွင် အကောင်းဆုံး စွမ်းဆောင်ရည်များကို ပြသကာ ရင်ခုန်စိတ် လှုပ်ရှားစရာ အခိုက်အတန့်များ ဖော်ဆောင်ပေးခဲ့သည်။ Mall Of Asia Arena အားကစားရုံအတွင်း ကျင်းပခဲ့သည့် ONE: FIRE & FURY ပြိုင်ပွဲမှ လေ့လာသင်ယူစရာ အချက် ၅ ချက်အား ဖော်ပြလိုက်ပါသည်။

၁။ စတောဝိတ်တန်း၏ အကောင်းဆုံး Pacio

ရင်ခုန်စိတ်လှုပ်ရှား စရာကောင်းသော ၅ ချီတိုက်ပွဲအား ဆင်နွှဲပြီးနောက် ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အိမ်ရှင်ဖိလစ်ပိုင်အားက စားသမား Joshua “The Passion” Pacio သည် စိန်ခေါ်သူ ဘရာဇီးလ် အားကစားသမား Alex “Little Rock” Silva ကို အမှတ်ဖြင့် အ နိုင်ယူကာ လက်ရှိချန်ပီယံဘွဲ့အား ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ Team Lakay အသင်းသား Pacio သည် ၎င်းထက် အသက်ကြီး သလို ပြိုင်ပွဲအတွေ့အကြုံလည်း ရင့်ကျက်သော ချန်ပီယံဟောင်း Silva ကို ငယ်ရွယ်ပျိုမြစ်မှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုများ ပေါင်းစပ်ကာ အ ကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့သည်။

နောက်ပိုင်း အချီများတွင် Pacio က အကောင်းဆုံးထိုးသတ်ကာ အမြင့်မားဆုံး အနေအထားတစ်ရပ်အား ဆက်လက်ထိန်းသိမ်း ထားနိုင် သည်ကို ပြသနိုင်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ၎င်းသည် ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အား နှစ်ကြိမ်တိုင်တိုင် အောင် မြင်စွာကာကွယ်နိုင်သည့် ပထမဆုံး အားကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့သည်။

၂။ မျိုးဆက်သစ် Team Lakay အားကစားသမားများ၏ အစွမ်း

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားအဖွဲ့အစည်း ONE Championship စတင်တည်ထောင်ချိန်ကတည်းက Team Lakay အသင်းမှ ဂန္တဝင်ကစားသမာများဖြစ်သည့် Eduard “The Landslide” Folayang၊ Kevin “The Silencer” Belingon၊ Geje “Gravity” Eustaquio၊ Honorio “The Rock” Banario တို့သည် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသကာ ကမ္ဘာ့ချန်ပီယံခါးပတ်များ ရယူနိုင်ခဲ့သည်။ ကြယ်ပွင့်များ၏နေရာတွင် ပိုမိုလင်းလက်သော စိန်ပွင့်များနှင့် အစားထိုးရမည်ဆိုသော ခံယူချက်အား လက်ကိုင်ထား သည့် ဖိလစ်ပိုင် နာမည်ကြီးကလပ် Team Lakay သည် မျိုးဆက်သစ် လူငယ်ကစားသမားများကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်ကာ ကလပ်၏ ကောင်းမွန်သောဂုဏ်ပုဒ်အား ဆက်လက်ထိန်းသိမ်းခဲ့သည်။ ONE: FIRE & FURY ပြိုင်ပွဲတွင် Team Lakay မှ မျိုးဆက်သစ် အားကစားသမားများအနက် Pacio က စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အား အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သလို ၎င်းနှင့်လေ့ကျင့် ဖက် Danny “The King” Kingad ကလည်း တရုတ်အားကစားသမား “The Hunter” Xie Wei ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။

ထို့ပြင် Lito “Thunder Kid” Adiwang ကလည်း ထိုင်းအားကစားသမား Pongsiri Mitsatit နှင့်တွဲဆိုင်းတွင် ပရိသတ်အကြိုက် အ ကောင်းဆုံးစွမ်းရည်ထုတ်ပြကာ ပထမအချီမှာပင် ချုပ်ကွက်ဖြင့်အနိုင်ယူကာ ၇ ပွဲဆက်တိုက် အောင်ပွဲခံနိုင်ခဲ့သည်။ ပြိုင်ပွဲအတွေ့အကြုံ ရင့်ကျက်သော Gina “Conviction” Iniong ကလည်း အိန္ဒိယအားကစားသမား Asha “Knockout Queen” Roka ကို အမှတ်ဖြင့်အနိုင် ယူကာ Team Lakay ၏ ဂုဏ်ရောင်အား ထွန်းပြောင်စေခဲ့သည်။

၃။ အကောင်းဆုံး ပြန်လာနိုင်သည့် Petchdam

“The Baby Shark” Petchdam Petchyindee Academy သည် ယမန်နှစ်က ONE ဖလိုင်းဝိတ်တန်း Kickboxing ကမ္ဘာ့ချန်ပီယံခါးပတ် ကို ရယူနိုင်ခဲ့သလို ၎င်းအားသန်သည့် မွေထိုင်းတွင်လည်း ထိပ်တန်းအဆင့်ရှိနဆဲဖြစ်သည်ကို သက်သေထူခဲ့သည်။ Petchdam သည် ဖလိုင်းဝိတ်တန်း မွေထိုင်းတွဲဆိုင်းအဖြစ် ၎င်းလို ညာသန်တစ်ယောက်ဖြစ်သည့် ဂျပန်အားကစားသမား Kohei “Momotaro” Kodera နှင့်ယှဉ်ပြိုင်ရာတွင် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ သို့သော် ၎င်း၏ ဘယ်ခြေအမြင့်ကန်ချက်နှင့်အတူ တစ်ဆက်တည်းဆိုသလို ကပ်ပါလာသော လက်သီးထိုးချက်များက Momotaro ကို ထိရှစေခဲ့ပြီး တံတောင်ရိုက်ချက်နှင့် ဒူးတိုက်ချက်များကလည်း လှပသေသပ်ခဲ့ သည်။ ထို့ကြောင့် ပွဲအပြီးတွင် အမှတ်ဖြင့်အနိုင်ယူကာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ONE Championship ပထမဆုံးနိုင်ပွဲဖြင့် အ ကောင်းဆုံးပြန်လာနိုင်ခဲ့သည်။

၄။ အမြင့်သို့ တက်လှမ်းလာသော Sato

“Pretty Boy” Kwon Won Il ကို ပထမအချီမှာပင် အနောက်ဖက် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရခဲ့ပြီးနောက် ဂျပန်အားကစားသမား Shoko Sato သည် ဘန်တန်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံအား စိန်ခေါ်နိုင်သူအဆင့်သို့ တက်လှမ်းလာပြီဖြစ်သည်။ တောင်ကိုရီးယား အားကစားသမား Il နှင့်ပွဲတွင် အသက် ၃၁ နှစ်အရွယ် Sato သည် ပြိုင်ဘက်၏ ကြောက်စရာကောင်းသေ ညာလက်သီးထိုးချက်များ အား သတိကြီးကြီးထားကာ ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော် ပထမအချီပြီးဆုံးရန် ၄၅ စက္ကန့်သာ ကျန်တော့ချိန်တွင် Sato က Il ၏ လည် ပင်းအား အနောက်ဖက်မှနေ၍ မလှုပ်နိုင်အောင် သိုင်းချုပ်လိုက်ချိန်၌ ပြိုင်ဘက်ဖြစ်သူက ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ အရှုံးပေးခဲ့ရ သည်။ ONE Championship တွင် အဖွင့် ၄ ပွဲဆက် အနိုင်ရထားသော Sato သည် ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Bibiano “The Flash” Fernandes ၏ စိန်ခေါ်သူအဆင့်သို့ တက်လှမ်းလာပြီဟု ဆိုနိုင်သည်။

ONE: Warrior’s Code ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာစံတော်ချိန် ၅ နာရီ အချိန်တွင် ONE Championship ၏ Facebook၊ Youtube ၊ ONE Super Apps၊ MNTV နှင့် Skynet Sports 3 တို့တွင် တိုက်ရိုက်ကြည့်ရှူ့နိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top