သြစတြေးလျနိုင်ငံမှာ ကုလားအုတ်တွေကို ရဟတ်ယာဉ်နဲ့ လိုက်လံရှင်းလင်းသုတ်သင်နေ

yyl-028-3.jpg

အပူချိန် အလွန်မြင့်မားပြီး မိုးခေါင်ရေရှားမှုရဲ့ ဆင့်ကဲရိုက်ခတ်မှုကြောင့် တောင်ပိုင်းသြစတြေးလျပြည်နယ်မှာ ကုလားအုတ်ထောင်ချီကို ရဟတ်ယာဉ်တွေပေါ်ကနေ လိုက်လံပစ်ခတ်ရှင်းလင်းမှု လုပ်နေပါတယ်။ အကောင်ရေးများတဲ့ ကုလားအုတ် အုပ်စုတွေက မြို့တွေထဲဝင်ရောက်ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးအောင်လုပ်ခဲ့တယ်လို့ တောင်ပိုင်းသြစတြေးလျပြည်နယ်မှာ နေထိုင်တဲ့ ဌာနေ တိုင်းရင်းသားတွေက သတင်းပေးပို့ခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စတင်ပြီး ၅ ရက်တိုင်တိုင် ကုလားအုတ်သုတ်သင် ရှင်းလင်းမှုလုပ်နေပါတယ်။

”သူတို့က လမ်းတွေပေါ်မှာလျှောက် သွားပြီး ရေရှာတယ်။ ကလေးတွေရဲ့ လုံခြုံရေးအတွက် ကျွန်မတို့ စိုးရိမ်ပါတယ်”လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ ကုလားအုတ်တွေအပြင် စားကျက်လှည့်လည် ရှာဖွေတတ်တဲ့ မြင်းတွေကိုပါ ရှင်းလင်းသုတ်သင်မယ်လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံ သဘာဝပတ်ဝန်းကျင်နဲ့ ရေဌာနရဲ့ လက်ဖြောင့်တပ်သားတွေက ကုလားအုတ်တွေနဲ့ မြင်းတွေကို သုတ်သင်ရှင်းလင်းမှာပါ။ ကုလားအုတ်ဟာ သြစတြေးလျနိုင်ငံ၏ ဌာနေသတ္တဝါမဟုတ်ပါဘူး။ ၁၉ရာစုမှာ ဗြိတိန်နိုင်ငံကနေ လာရောက်အခြေချသူတွေက အိန္ဒိယ၊ အာဖဂန်နစ္စတန်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေကနေ ကုလားအုတ်တွေ ခေါ်လာခဲ့တာပါ။ သြစတြေးလျနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ ကုလားအုတ် အကောင်ရေထောင်ချီ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top