ဆိုင်မှာ လာသောက်သူတွေကို အိမ်တိုင်ယာရောက် ပြန်ပို့ပေးမယ့် ဝန်ဆောင်မှုကို ဗီယမ်နမ်ဘီယာဆိုင်တွေ မိတ်ဆက်

yyl-027-4.jpg

နှစ်သစ်ကူးကာလက စတင်ပြီး ဗီယက်နမ်နိုင်ငံမှာ အရက်သောက်ပြီး ယာဉ်မောင်းမှုအတွက် တင်းကျပ်တဲ့ ဥပဒေတွေ အကျုံးဝင်လာပြီးနောက်မှာ ရောင်းအားကျဆင်းသွားတဲ့ ဗီယက်နမ်ဘားဆိုင်တွေက ဆန်းသစ်တဲ့ နည်းလမ်းတွေသုံးပြီး ဖောက်သည်တွေကို စည်းရုံးခဲ့ပါတယ်။ ဘီယာ၊ အရက်လာသောက်တဲ့အခါ ကား၊ ဆိုင်ကယ်၊ (စက်ဘီးလည်း ပါဝင်)တွေ ယူလာရင် အရက်သောက်ပြီး ယာဉ်မောင်းမှုဥပဒေသစ်အရ ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ်ခံရမှာကို ဗီယက်နမ်နိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။ ဥပဒေသစ်အရ “မောင်းရင် မမူးရလို့ ပြတ်ပြတ်သားသား ပြဋ္ဌာန်းထားပါတယ်။

ထိခိုက်ဒဏ်ရာရအောင် လုပ်မိရင် ပေးဆောင်ရမယ့် ဒဏ်ငွေက အရင်ကထက် ပိုများလာသလို ယာဉ်မောင်းလိုင်စင်ကိုလည်း နှစ်နှစ်အထိ ပိတ်ခွင့်ရှိပါတယ်။ ဗီယက်နမ်နိုင်ငံမှာ နှစ်သစ်ကူးကာလ ပထမဆုံးလေးရက် အတွင်း အရက်မူးပြီး ယာဉ်မောင်းသူ ၆၆၈ ယောက်ကို စုစုပေါင်းဒဏ်ငွေ အမေရိကန်ဒေါ်လာ ၃၈၃၅၀ ချမှတ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံသားတွေက ဘားတွေ၊ ဘီယာဆိုင်တွေကို ရှောင်ရှားလာပြီးနောက်မှာတော့ ဘီယာဆိုင်တစ်ဆိုင်က သူတို့ဆိုင်မှာ လာသောက်တဲ့ ဖောက်သည်တွေကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးမယ့် ဝန်ဆောင်မှု စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဝန်ဆောင်မှုကြောင့် သူတို့ဆိုင်ရဲ့ စျေးနှုန်းကတော့ အရင်ကထက် ပိုများလာပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top