ကလေးတွေ အရိုးသန်မာစေမယ့် နည်းလမ်းကောင်း ၃ သွယ်

child-friends-boys-girls-playful-nature-offspring-PDP4WFK.jpg

ကလေးဘဝ အရွယ်တည်းက သန်မာတဲ့ အရိုးတွေရှိထားမှသာ ဘဝတစ်လျှောက်လုံးမှာ အရိုးအတွက် စိတ်အေးရမှာပါ။ ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်မှာ အရိုးအဆစ်တွေ အားလုံးနီးပါး ကောင်းစွာ ဖွဲ့စည်းကြပါတယ်။

အရိုးဖွဲ့စည်းမှု လုပ်ငန်းစဉ်က အသက် ၂၀ အရွယ်မှာ ပြီးဆုံးသွားပါတယ်။ အသက်ကြီးလာချိန်မှာတော့ အရိုးဟောင်းတွေနေရာမှာ အရိုးသစ်တွေ တဖြည်းဖြည်း အစားထိုးသွားပါတယ်။

အသက်အရွယ် ရလာတာနဲ့အမျှ အရိုးအဆစ်တွေက အားနည်းလာပါတယ်။ ဒါကြောင့် အရိုးသန်မာတဲ့ သားသား မီးမီးလေးတွေ ဖြစ်စေနိုင်မယ့် နည်းလမ်းကောင်း ၃ ခု ပြောပြပေးလိုက်ပါတယ်။

ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကျွေးပါ

ကယ်ဆီယမ်က အရိုးသန်မာစေတယ်လို့ လူပြောများကြတဲ့ မင်နရယ် တစ်မျိုးပါ။ ကယ်ဆီယမ်ကို နို့နှင့် နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆံ အချို့၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှ ရရှိနိုင်ပါတယ်။ လိမ္မော်ရည် သို့မဟုတ် ဆီရီရယ် (cereal ) တို့လို အစားအစာတွေကလည်း ရနိုင်ပါတယ်။

ဗီတာမင် D ဖြည့်စွက်စာကျွေးပါ

ဗီတာမင် D က ခန္ဓာကိုယ်မှာ ကယ်ဆီယမ် စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဒါပေမဲ့ ကလေးအများစုက ဗီတာမင် D ပါဝင်တဲ့ အစားအစာ တော်တော်များများ ကို မစားကြပါဘူး။ ဗီတာမင် D က ဘယ်လောက်အရေးကြီးသလဲဆိုရင် ကလေးတွေရဲ့ နေ့စဉ် အစားအစာမှာ ဗီတာမင် D လုံလောက်စွာ မရခဲ့ရင် ဖြည့်စွက်စာ စားသုံးပေးဖို့အထိတောင် ဆရာဝန်တွေက တိုက်တွန်းကြပါတယ်။ ဗီတာမင် D အကြွယ်ဝဆုံး ငါးတွေက မက်ကရယ်ငါး၊ ငါးသေတ္တာငါးနဲ့ တူနာငါးတို့ပဲ ဖြစ်ပါတယ်။

ကလေးတွေကို အားကစားလုပ်ခိုင်းပါ

ကြွက်သားတွေက အသုံးပြုပေးတာများလေလေ သန်မာလေပါပဲ။ အရိုးအဆစ်တွေမှာလည်း တူတူပါပဲ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ပေါက်ခြင်း၊လှေကား အတက်အဆင်းလုပ်တာတွေက အရိုးတည်ဆောက်တဲ့နေရာမှာ အရေးပါပါတယ်။ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်းကတော့ အရိုးတည်ဆောက်မှုကို ဖန်တီးပေးခြင်း မရှိပေမဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ တစ်နေ့မှာ အနိမ့်ဆုံး တစ်နာရီလောက်တော့ ကလေးတွေကို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းရပါမယ်။

ဒီနည်းလမ်း ၃ ခုက လူကြီးလူငယ် မရွေး အားလုံးအတွက် လိုအပ်တယ်ဆိုပေမဲ့ အရိုးအဆစ် ဖွံ့ဖြိုးစကလေးတွေ အတွက်ကပိုလို့ အရေးပါပါတယ်။

Ref: Kidshealth” 3 effective ways for kids’ bone health’

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top