ဝိတ်တော့ကျချင်တယ် လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတဲ့သူတွေအတွက်

hands-holding-healthy-objects-P7Z4BN4.jpg

ခန္ဓာကိုယ် အလေးချိန်တွေ များလာလို့ ဒါမှမဟုတ် အဆီတွေ များလာလို့ စိတ်ညစ်နေပြီလား။ ခန္ဓာကိုယ် အလေးချိန် လျော့ချင်ပေမဲ့ အကြောင်းကြောင်းကြောင့် လေ့ကျင့်ခန်း မလုပ်ဖြစ်လို့ ပိုပြီး ဝလာနေပါလား။

အခုဖော်ပြမယ့် အကြောင်းအရာကတော့ အစားအသောက် ဆင်ခြင်ပြီး ကိုယ်လက် လေ့ကျင့်ခန်း လုပ်တာလောက်တော့ သိသိသာသာ ဝိတ်မကျပေမဲ့ အထိုက်အလျောက် ဝိတ်ကျစေနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။

အစာမစားမီ မိနစ်၃၀လောက် ကြိုတင်ပြီး ရေတစ်ခွက်လောက် သောက်ထားခြင်းက သင့်ခန္ဓာကိုယ်ကို သန့်ရှင်း လတ်ဆတ်စေပြီး အစာအိမ်အတွင်း အနဲငယ် ပြည့်သွားတာကြောင့် အစာစားတဲ့အခါ အလွန်အကျွံ စားသောက်မိခြင်းကို ကာကွယ်ပေးနိင်ပါတယ်။

အစာတစ်ခု စားတဲ့အခါ စားပွဲပေါ်မှာထိုင်ပြီး တတ်နိင်သလောက် ဖြည်းဖြည်းနဲ့မှန်မှန်ပဲ စားသုံးသင့်ပါတယ်။ အစာစားနေချိန် ဖုန်းအသုံးပြုခြင်း၊ တီဗီကြည့်နေခြင်း၊ အလုပ်ကိစ္စတွေ စဉ်းစားနေခြင်း တို့ကို မပြုလုပ်ဘဲ အစားအစာကိုသာ အာရုံထားပြီး စားသောက်သင့်ပါတယ်။

သင်က ခန္ဓာကိုယ် အလေးချိန် လျော့ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်တော့ အစာစားတဲ့အခါ ပမာဏများတယ်လို့ ထင်မြင်စေဖို့ ပန်းကန်ငယ်များကို ရွေးချယ် အသုံးပြုသင့်ပြီး တူ ကိုတော့ အချိန်ယူ စားသောက်စေဖို့ အသုံးပြုသင့်ပါတယ်။

အလွန်အကျွံ အိပ်စက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် တိုးလာစေနိင်ပေမဲ့လည်း လုံလုံလောက်လောက် အိပ်စက်ဖို့တော့ လိုအပ်ပါတယ်။ အိပ်စက်နေချိန်အတွင်းမှာ တစ်နာရီကို ကယ်လိုရီ ၅၀ နဲ့ ၁ဝဝခန့်က သူ့အလိုလို လောင်ကျွမ်းလျက် ရှိပါတယ်။

လေ့လာစမ်းသပ်ချက်တွေအရ အခန်းအပူချိန် ၁၉ ဒီဂရီ စင်တီဂရိတ် (၆၆ ဒီဂရီဖာရင်ဟိုက်) အတွင်း အိပ်စက်အနားယူခြင်းက သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိင်ကြောင်း တွေ့ရှိရပါတယ်။

ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို ထိထိရောက်ရောက် လောင်ကျွမ်းစေနိုင်မယ့် အချဉ်ဓာတ်ပါဝင်တဲ့ သစ်သီးတွေကို စားသုံးပေးသင့်ပြီး လက်ဖက်ရည်ကြမ်းကိုလည်း နေ့စဉ်ပုံမှန် သောက်သုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်တက်စေမယ့် ကွတ်ကီး ဒါမှမဟုတ် ချောကလက်ကို စားချင်တဲ့ စိတ်ဆန္ဒ ဖြစ်ပေါ်လာတယ်ဆိုရင်တော့ အလွန်အကျွံမစားဘဲ တစ်ခုလောက်ကို မနက်စောစော စားမယ်ဆိုရင် ပါဝင်တဲ့ ကယ်လိုရီ ပမာဏက တစ်နေ့တာ လှုပ်ရှားမှုတွေကြောင့် သိသိသာသာ ဝိတ်တက်တာမျိူး မဖြစ်ပေါ်စေနိုင်တော့ပါဘူး။

သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့ကို နှစ်ခါသွားတိုက်ရမယ်လို့ သတ်မှတ်ထားပေမဲ့လည်း သင်က ခန္ဓာကိုယ် အလေးချိန် လျော့ချနေတယ်ဆိုရင်တော့ အစာစားပြီးတိုင်း မဖြစ်မနေ သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ အစာစားပြီးတိုင်း သွားတိုက်ခြင်းကြောင့် အစာ အကြွင်းအကျန်တွေ မရှိနိင်တော့တဲ့အတွက် သွားနဲ့ခံတွင်း ပြဿနာတွေ ကင်းဝေးနိင်တဲ့အပြင် သွားတိုက်ထားတဲ့အတွက် နောက်ထပ် အစာတစ်ခုကို အလွယ်တကူ စားသောက်မိခြင်းကိုလည်း ဟန့်တားပေးနိင်ပါတယ်။

ကျွန်တော်တို့ ရယ်မောတဲ့အခါ ဝမ်းဗိုက် ကြွက်သားတွေ လှုပ်ရှားသွားတာ သတိထားမိကြမှာပါ။ စမ်းသပ် လေ့လာချက်တွေအရ ရယ်မောတဲ့အခါ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တွေက ၂ဝရာခိုင်နှုန်းအထိ တိုးမြင့်သွားကြောင်း ဖော်ပြထားဖူးပါတယ်။ ဒါကြောင့် “များများရယ်လေ အဆီပိုတွေ မျာများလောင်ကျွမ်းလေ” ပါ။

ဒီနည်းလမ်းကတော့ TV ကြည့်ရင်း၊ စာဖတ်ရင်း အလွယ်တကူ ပြုလုပ်လို့ရနိင်မယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကတော့ အဆီပိုတွေရှိတဲ့ နေရာကို ဆံပင် အခြောက်ခံစက် (Hair Dryer) ကို အသုံးပြုပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို ချွေးအဖြစ် ထွက်လာစေခြင်းပဲ ဖြစ်ပါတယ်။

အခုဖော်ပြထားတဲ့ အချက်တွေကတော့ အရမ်းသိသိသာသာကြီး အလေးချိန်မကျစေနိုင်ပေမဲ့လည်း ဒီနည်းလမ်းတွေကို လိုက်နာမယ်ဆိုရင်တော့ ခန္ဓာကိုယ် အလေးချိန် တိုးလာခြင်းကို ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: “10 quick tips to lose weight if you’re a lazybones”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top