ကင်ညာနိုင်ငံမှာ ၁၈ လကြာ ပြန်ပေးဆွဲခံခဲ့ရတဲ့ အီတလီနိုင်ငံသူ ပြန်လွတ်မြောက်လာ

11-5-2020-yyl-019.jpg

၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကင်ညာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ အီတလီနိုင်ငံသူ ထောက်ပံ့ရေးဝန်ထမ်းဟာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး မိခင်နိုင်ငံထံ ပြန်လာနိုင်ခဲ့ပါပြီ။ ရောမမြို့ကို ရောက်ရှိလာတဲ့ ရိုမာနိုကို သူ့ရဲ့မိဘတွေနဲ့ ညီမဖြစ်သူတို့က ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး အီတလီဝန်ကြီးချုပ် ဂူဆက်စပီကွန်တီ၊ နိုင်ငံခြားရေးဝန်ကြီးတို့က လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။ အသက် ၂၅ နှစ်ရှိတဲ့ ရိုမာနိုဟာ ပြီးခဲ့တဲ့ စနေနေ့က ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူမြို့နားမှာ အယ်လ်ရှာဘတ်အဖွဲ့လို့ ယူဆရတဲ့အဖွဲ့က လွှတ်ပေးလိုက်တာလို့ သတင်းတွေက ဖော်ပြပါတယ်။

ရိုမာနို ပြန်လွတ်မြောက်လာဖို့ အီတလီနိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့က ကြိုးပမ်းခဲ့ပြီး ဆိုမာလီနဲ့ တူရကီနိုင်ငံတွေက ဝိုင်းဝန်းကူညီခဲ့တယ်လို့ ဆိုပါတယ်။ ရိုမာနိုဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကင်ညာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ပထမဆုံး နိုင်ငံခြားသားဖြစ်ပြီး ၁၈ လကြာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကို ပြန်ပေးဆွဲတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top