Samsung Myanmar မှ ဈေးနှုန်းချိုသာတဲ့ Galaxy A Series စမတ်ဖုန်းသစ်တွေကို စတင်မိတ်ဆက်

Photo_1.jpg

Samsung Myanmar မှ ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်မြင့်တဲ့ဖုန်းတွေကို သုံးစွဲလိုသူတွေအတွက် နောက်ဆုံးပေါ်မျိုးဆက်သစ် Galaxy A Series စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy A10 နဲ့Galaxy A20 ကို ၂၀၁၉ခုနှစ် ဧပြီ (၁၀) ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။ Galaxy A10 နဲ့ Galaxy A20 မှာ ကြာရှည်ခံတဲ့ ဘက်ထရီ၊ စွမ်းဆောင်ရည်မြင့် ကင်မရာနှင့် စွဲမက်နစ်မြောဖွယ်ရာ မျက်နှာပြင် အစရှိတဲ့ ဖုန်းတစ်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ နည်းပညာတွေ ထည့်သွင်းပေးထားပါတယ်။

Galaxy J Series မှ Galaxy A Series ကို့ပြောင်းလဲထုတ်လုပ်လိုက်ခြင်းဖြင့် သုံးစွဲသူတွေအနေနဲ့ တီထွင်ဆန်းသစ်ထားတဲ့ မရှိမဖြစ်လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး သုံးစွဲသူတွေရဲ့ လိုအပ်ချက်အလျောက်သင့်တော်တဲ့ ဖုန်းအမျိုးအစားကို ပိုမိုလွယ်ကူစွာရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Galaxy A Series က အချိန်မရွေး ချိတ်ဆက် မျှဝေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပြီး လက်တွေ့ဘဝနဲ့ထပ်တူကျစွာ ချိတ်ဆက်မျှဝေနိုင်စေရန် ဖန်တီးထားပါတယ်။

Galaxy A10

· Galaxy A10 မှာ ၆.၂ လက်မ HD+ မျက်နှာပြင်ပါဝင်ပြီး သုံးစွဲသူတွေကို အဆုံးအစမဲ့ V မျက်နှာပြင် အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဆုံးအစမဲ့မျက်နှာပြင်ထည့်သွင်းပေးထားသောကြောင့် မျက်နှာပြင် အရွယ်အစား ပိုမိုကြီးမားလာပြီး သုံးစွဲသူတွေအနေနဲ့ စွဲမက်နစ်မြောဖွယ်ရာ ကြည့်ရှုမှုအတွေ့အကြုံကို ခံစားနိုင်မှာ ဖြဖစ်ပါတယ်။ အဆိုပါ ဖုန်းက ဂိမ်းကစားခြင်း၊ ဗွီဒီယိုကြည့်ခြင်းနဲ့ တစ်ချိန်တည်းမှာ လုပ်ငန်းများစွာ လုပ်ဆောင်နိုင်ခြင်းတို့မှာ စံထားရလောက်သော ဖုန်းတစ်လုံးဖြစ်ပါတယ်။

· ဓာတ်ပုံပုံရိုက်ကူးရန်အတွက်လည်း 13MP ရှိတဲ့ အနောက်ကင်မရာကို ထည့်သွင်းပေးထားပြီး 5MP ရှိတဲ့ ရှေ့ကင်မရာပါဝင်ပါတယ်။

· Galaxy A10 က Octa-core Exynos 7884 Processor ပါဝင်တဲ့အတွက် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နနဲ့ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေကို သေချာစေမှာဖြစ်ပါတယ်။

· RAM 2GB နဲ့ Internal Storage 32GB ပါဝင်ပြီး 512GB အထိ ပါဝင်တဲ့ micro SD card ကိုပါ တိုးချဲ့အသုံးပြုနိုင်မည်ဖြစ်ပြီး ဘက်ထရီ 3,400 mAh ပါဝင်ပြီး Face Unlock ကိုအသုံးပြုထားပါတယ်။

· Galaxy A10 ကို ချောမွတ်တောက်ပြောင်ပြီး လက်အတွင်းမြဲမြံစွာ ကိုင်ဆောင်ထားနိုင်တဲ့ ကိုယ်ထည်ဖြင့် ဖန်တီးထားပါတယ်။

Galaxy A20

· Galaxy A20 က A10 ထက် အရွယ်အစားအနည်းငယ်ကြီးမားပြီး အဆုံးအစမဲ့ V မျက်နှာပြင်ကြောင့် ပိုမိုကျယ်ပြန့်စွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ အစွန်းနှစ်ဖက်အပြည့် ၆.၄ လက်မ HD+ Super AMOLED မျက်နှာပြင်သည် သုံးစွဲသူတွေကို ပိုမိုနစ်မြောဖွယ်ရာ မြင်ကွင်းအတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။

· A20 ရဲ့ ကြီးမားသောမျက်နှာပြင်က ဂိမ်းကစားခြင်း၊ ဗွီဒီယိုကြည့်ခြင်းနှင့် တစ်ချိန်တည်းတွင် လုပ်ငန်းများစွာ လုပ်ဆောင်နိုင်ခြင်းတွေမှာ စံချိန်မီအောင် ဖန်တီးပြုလုပ်ထားပါတယ်။

· Galaxy A20 မှာ 13MP နှင့် 5MP ရှိပြီး လူသားတစ်ဦးရဲ့ မျက်လုံးနှင့် အမှန်တကယ်မြင်တွေ့ရသည့်အတိုင်း ရိုက်ကူးနိုင်တဲ့ back ကင်မရာနှစ်လုံးပါဝင်ပါတယ်။ (include front camera 8MP) ဒ့ါအပြင် wide camera နဲ့ အသစ်ထပ်မံထည့်သွင်းထားတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့အတွက် ပျော်ရွှင်စရာ အတွေ့အကြုံတွေကို ရရှိစေမှာဖြစ်ပါတယ်။ Galaxy A20 ရဲ့Ultra-wide angle camera က သင့်ရဲ့ကမ္ဘာကို မြင်တွေ့ရသည့်အတိုင်း အကန့်အသတ်မရှိ ရိုက်ကူးစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် “Intelligent Switch” လုပ်ဆောင်ချက်နှင့်အတူ သင့်ရဲ့ ကင်မရာမှ Wide Shot Mode အသုံးပြုနိုင်မည့် အချိန်ကို ခွဲခြားအကြံပြုပေးမှာဖြစ်ပါတယ်။ အဲဒီဖုန်းတွမှာ 3GB RAM နှင့် Internal Storage 32GB ပါဝင်တဲ့အပြင် 512GB အထိ ပါဝင်တဲ့ micro SD card ကိုပါ တိုးချဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီအားဖြင့် 4,000 mAh ထည့်သွင်းထားပါတယ်။ (15W Adaptive Fast Charging) (Fingerprint & Face Recognition)

Samsung က Galaxy A Series တစ်ခုလုံးကို သုံးစွဲသူတွေအနေနဲ့ အဆင့်မြင့်တဲ့ စမတ်ဖုန်း လုပ်ဆောင်ချက်တွေကို ပိုမိုချိုသာသောဈေးနှုန်းတွေနဲ့ ရရှိစေနိုင်ရန် ရည်ရွယ်ပြီးထုတ်လုပ်ထားရုံသာမက Galaxy A10/A20 ဝယ်ယူသူတွေအနေဖြင့် Premium Care ဝန်ဆောင်မှုဖြစ်တဲ့ no worry crack ( ဝယ်ယူပြီးချိန်မှ (၃) လအတွင်း အရှေ့မှန်ကွဲလျှင် မှန်ပြန်လဲချိန်မှာ (၄၀) ရာခိုင်နှုန်း အထိ သက်သာခွင့်ရရှိမှာဖြစ်ပါတယ်) အစီအစဉ်ကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

Galaxy A10/A20 စမတ်ဖုန်းသစ်မိတ်ဆက်မှုနဲ့အတူ Samsung Myanmar က Mytel နှင့်ပူးပေါင်းထားသောကြောင့် Galaxy A10 နှင့် A20 ဝယ်ယူသူတွေအနေနဲ့ အထူးလက်ဆောင်အဖြစ် လစဉ် ဒေတာအသုံးပြုမှု 2GB နှင့် Mytel ဖုန်းအချင်းချင်းခေါ်ဆိုမှု မိနစ်ပေါင်း (၂၀၀)ကို (၆) လ ဆက်တိုက် ရရှိနိုင်မှာဖြစ်ပါတယ်။

Galaxy A10 နှင့် A20 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံတစ်ဝန်းမှာ ဧပြီလ (၁၀) ရက်၊ ၂၀၁၉ မှစတင်ပြီး ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Galaxy A10 နဲ့ A20 တို့ကို အမည်းရောင်၊ နက်ပြာရောင် နှင့် အနီရောင်တို့ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ Galaxy A10 ကို ၁၈၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy A20 ကို ၂၅၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top