အန်ဂျလီနာဂျိုလီက သမီးတွေကို သွန်သင်ပေးတဲ့ ဘဝ တစ်သက်တာဆုံးမစာ

an3.jpg

အန်ဂျလီနာဂျိုလီ က နာမည်ကြီး သရုပ်ဆောင်မင်းသမီး ဖြစ်ရုံသာမက လူမှုရေးဆိုင်ရာ လုပ်ငန်းများမှာ တက်ကြွစွာ လှုပ်ရှားသူ ၊ ပရဟိတအလှူရှင် လည်းဖြစ်ပါတယ်။ သူမရဲ့ ဘဝ မှာ အဓိကအောင်မြင်မှုကတော့ သူမရဲ့ ကလေး ၆ ယောက်အပေါ်မှာ မိခင်ကောင်း အဖြစ် ရပ်တည်ပေးခြင်းပါ။ ဂျိုလီရဲ့သားသမီးတွေက Shiloh ၊ Vivenne Marcheline ၊ Zahara Marley ဆိုတဲ့ သမီး ၃ ယောက်နဲ့ Maddox Chivan ၊ Knox Leon နဲ့ Pax Thien ဆိုတဲ့ သားသုံးယောက်ပါ။

Zahara ၊ Maddox နှင့် Paxတို့ကို ကမ္ဘောဒီးယား အီသီယိုးပီးယား နှင့် ဗီယက်နမ်နိုင်ငံရှိ မိဘမဲ့ဂေဟာအသီးသီးကနေ ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး ကျန်တဲ့သားသမီး ၃ ယောက်ကတော့ သွေးသားအရင်းပါ။

မကြာသေးမီက Elle မဂ္ဂဇင်းက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဂျိုလီက သူမသမီးတွေဖြစ်တဲ့ Zahara ၊ Shiloh နှင့် Vivienneတို့ကို ဘယ်လို အကောင်းဆုံး ဆုံးမစကားတွေ သွန်သင်ပေးထားတယ်ဆိုတာ ပြောပြပါတယ်။ သူမရဲ့သမီးလေးတွေကို သူမရဲ့ဆုံးမစကားက- “တခြားလူတွေအတွက်ဆောင်ရွက်ပေးပြီး ပိုတော်ပိုကောင်းအောင်ကြိုးစားပါ။ လူတိုင်းက မိတ်ကပ်လိမ်းပြီးအဝတ်အစားဝတ်ထားလို့ အပြင်ပန်းလှပေမဲ့ တကယ့် အတွင်းစိတ်အလှတရားကသာ မင်းကို ပေါ်လွင်ထင်ပေါ်စေမှာပါ။” လို့ဂျိုလီကပြောပါတယ်။

ဒီနေ့ခေတ် လူတွေ ပြုလုပ်တဲ့ ရွေးချယ်ဆုံးဖြတ်မှုတွေက နောင်လာမယ့် နောင်လာနောက်သားတွေအပေါ် ကောင်းကျိုးဖြစ်နိုင်သလို ဆိုးကျိုး လည်းရှိလာနိုင်တာကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဆောင်ရွက်ကြဖို့လည်းဂျိုလီက ပြောပါတယ်။
“မင်းဘယ်သူလဲ ၊ မင်းဘာတွေးလဲ ၊ မင်းဘာအတွက် ရပ်တည်လဲဆိုတာရှာဖွေပါ။ဒီလိုမျိုး လွတ်လပ်မှုမျိုးတန်းတူရဖို့ တခြားလူတွေအတွက်လည်းဆောင်ရွက်ပေးပါ။” ဆိုတာ သူမရဲ့ဆုံးမစကားပါ။

ဂျိုလီက သူမရဲ့ ပရဟိတ လုပ်ငန်းတွေကြောင့်လူသိများသလို သူမရဲ့သမီးတွေကိုလည်း လူ့အဖွဲ့အစည်းမှာ ပါဝင်လာစေပါတယ်။ဂျော်ဒန်မြို့ကဒုက္ခသည်စခန်းဆီသွားရောက်စဉ်မှာလည်းသူမသမီးတွေဖြစ်တဲ့ Zahara နှင့် Shiloh တို့ကိုပါခေါ်သွားပါတယ်။ဆီးရီးယားဒုက္ခသည်တွေကို သူမတို့ တွေ့ဆုံခဲ့ကြပါတယ်။

အမျိုးသမီးတိုင်းမှာတန်းတူလူ့အခွင့်အရေးရသင့်တယ်လို့ယုံကြည်ကြောင်း ဂျိုလီက ပြောပါတယ်။ဒါကြောင့် သမီးတွေကိုလည်း တွေးမြင်ယူဆချက်က အရေးကြီးကြောင်းသင်ပြပေးပါတယ်။

“ကမ္ဘာပေါ်မှာရှိတဲ့ အခြားမိန်းကလေးတွေနဲ့ တန်းတူအခွင့်အရေးရှိတယ်လို့ မင်းကိုယ်မင်း ခံယူထားရင် အရာအားလုံးဖြစ်လာနိုင်ပါတယ်။” ဒါက သူမသမီးတွေအတွက် ဘဝကိုကိုယ်တိုင်ပုံဖော်နိုင်ဖို့ခွန်အားပေးစကားပါ။ အန်ဂျလီနာဂျိူလီလိုမျိုး စံပြအမေကိုရထားတဲ့အတွက် သူမသမီးတွေးဟာလည်း အများနဲ့မတူ ထူးခြားကွဲပြားတဲ့ မိန်းကလေးတွေဖြစ်လာမှာ ပါ။

Ref: Fabiosa: Angelina jolie has the best empowering advice
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top