ကိုယ်အလေးချိန်ပေါ် မသက်ရောက်နိုင်တဲ့ ညဘက် အဆာပြေ စားစရာများ

boy-checking-his-weight-on-weight-scale-FHMQAD9.jpg

ကိုယ်အလေးချိန်ပေါ် မသက်ရောက်နိုင်တဲ့ ညဘက် အဆာပြေစားစရာများ ကိုယ်အလေးချိန်လျော့ကြသူ တော်တော်များများဟာ ညဘက် အစားမစားကြတာ များပါတယ်။ သိပ်ဆာလွန်းလို့ စားဖြစ်ရင်တောင်မှ ကြောက်ကြောက်လန့်လန့် စားကြရပါတယ်။

ဒါကြောင့် အကယ်၍များ ကိုယ်အလေးချိန် လျော့နေစဉ် ကာလမှာပဲဖြစ်ဖြစ် ပုံမှန် ဗိုက်ဆာလို့ပဲဖြစ်ဖြစ် ဘေးဥပဒ် ​မဖြစ်စေပဲ စားလို့ရတဲ့ အစားအစာအချို့ကို အကြံပြုပေးချင်ပါတယ်။

ကီဝီသီး

ကီဝီသီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အပြင် ညဘက် အိပ်မပျော်သူတွေအတွက်လည်း စားသင့်တဲ့အသီး ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ကီဝီသီးဟာ ပိုမိုလျင်မြန်စွာ အိပ်မောကျစေနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ကိုယ် အလေးချိန်ကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။

Dark Chocolate

သူကတော့ စိတ်ခံစားမှုကို တိုးတက် ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း လိုအပ်တဲ့ပမာဏရောက်အောင် ထိန်းညှိထားပေးနိုင်ပါတယ်။ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိတွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

မက်မွန်သီး

မက်မွန်သီး မက်မွန်စေ့တွေဟာ သိပ်ကောင်းမွန်တဲ့ ညဘက် အဆာပြေစားစရာတွေ ဖြစ်ပါတယ်။ ကောင်းကောင်းမွန်မွန်လည်း အနားယူ အိပ်မောကျစေနိုင်ပါတယ်။ သံဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အိပ်စက်ရခက်ခဲတာကို တုံ့ပြန်ရာမှာ အကောင်းဆုံးပါ။

ဆန်လုံးဖြူ

ဆန်လုံးညိုနဲ့ မတူတာကတော့ သူ့မှာ carb ပမာဏများစွာနဲ့ glycemic ဓာတ်တွေ ပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။ သူကလည်း လူကို နွမ်းနယ်ခြင်းကင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေဖို့ ကူညီပေးပါတယ်။

ရေနွေးကြမ်း

ကဖင်းဓာတ် မပါတဲ့ လက်ဖက်ရည် သို့မဟုတ် ရေနွေးကြမ်းကို အိပ်ရာမဝင်ခင် သောက်သုံးပေးပါ။ ချာမိုမိုင်း (Chamomile) ရေနွေးကြမ်းပဲဖြစ်ဖြစ် ဂျင်းရေနွေးလေးပဲဖြစ်ဖြစ် သောက်သုံးခြင်းက ခန္တာကိုယ်အတွက် အထူးကောင်းမွန်စေပါတယ်။

Ref: Fitpfism: Five Healthy Products to Eat before Bed without any Harm to Your Weight

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top