မိဘ၏ စေတနာ ပိုတယ်ဆိုတာ မရှိ

woman-embracing-senior-mother-TQJF2Z6.jpg

တစ်နေ့ မိဘနေရာကို ရောက်လာခဲ့မှသာ မိဘရဲ့ စေတနာကို နားလည်လာမှာပါ။

မိဘတွေရဲ့ စေတနာဟာ သားသမီးတွေ အပေါ်မှာ ပိုတယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ မိမိ၏ မိဘက မိမိအပေါ်မှာ အကြင်နာ ယုယမူတွေ အရမ်းပိုနေချင် ပိုနေလိမ့်မယ်။ ဒီလိုအချိန်ဆိုရင် ဝမ်းသာပါ။ သူတို့နဲ့ ထပ်တူ ခံစားပေးပါ။ နားလည်ပေးပါ။ မိမိဟာ အသက်အရွယ်ကြီးရင့် နေမယ်ဆိုတာ မိဘရင်ခွင်ထဲ ငယ်ရွယ်စဉ်တုန်းကလို ခိုအောင်းပြီး နေနိုင်ပါတယ်။ မိဘတွေဟာ သားသမီးတွေကို ရင်ခွင်ထဲ ထည့်ထားလို့မရလို့သာ လွတ်ထားလိုက်တာ အသက်ဘယ်လောက်ကြီးကြီး သူတို့ရင်ခွင်ထဲမှာပဲ ခိုအောင်းပြီး နေစေချင်တယ်။ လိမ္မာသည် ဖြစ်စေ ဆိုးနေသည့်ဖြစ်စေ မိဘက အချိန်တိုင်း  စေတနာတွေ ပိုနေအုံးမှာပါ။

အဝေးရောက် စီးပွားရှာ သားသမီးတွေ ရွှေငွေ စည်းစိမ်တွေ ပြည့်စုံတဲ့ တစ်နေ့ မိဘရင်ခွင်ထဲ ပြန်ခိုလုံ လိုက်ပါအုံး။ တစ်ချို့အရာတွေက ငွေရှိမှ ရပေမယ့် တစ်ချို့အရာတွေကို ငွေရလာတဲ့ တစ်နေ့ အချိန်တွေ မမှီတော့ဘူးလေ..။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top