နှစ် ၃၀၀ အတွင်း အကြီးဆုံး ပန်းရောင်စိန်ပွင့်ကြီး တွေ့ရှိ

29-7-2022-yyl01.jpg

နှစ် ၃၀၀ အတွင်း အကြီးဆုံးပန်းရောင်စိန်ပွင့်လို့ ယူဆနိုင်တဲ့ စိန်ပွင့်ကြီးကို အန်ဂိုလာနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ၁၇၀ ကာရက်ရှိတဲ့ ပန်းရောင်စိန်ပွင့်ကို Lulo Rose လို့ အမည်ပေးထားပါတယ်။

အန်ဂိုလာနိုင်ငံရဲ့ စိန်တွင်းတွေဟာ ကမ္ဘာပေါ်မှာ စိန်အများဆုံးထွက်တဲ့ စိန်တွင်းစာရင်းဝင်တွေ ဖြစ်ပါတယ်။ စိန်ပွင့် ၁၀၀၀၀ မှာ အရောင်ပါတဲ့ စိန်ပွင့် တစ်ပွင့်နှုန်းပဲ တွေ့ရလေ့ရှိပြီး ၁၀.၈ ကာရက်ထက် ပိုကြီးတဲ့စိန်ပွင့်ကတော့ အပွင့် ၁၀၀ မှာ တစ်ပွင့်ပဲ တွေ့ရလေ့ရှိပါတယ်။

ဒါကြောင့် ၁၇၀ ကာရက် ပန်းရောင်စိန်ပွင့်ဟာ အင်မတန်ရှားပါးလွန်းတဲ့စိန်ပွင့် ဖြစ်တ်ယလို့ လူကာပါစိန်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာက ပြောပါတယ်။

Ref: At 170 carats, this may be the largest pink diamond found in 300 years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top