ခန္ဓာကိုယ်တစ်ခုလုံးရဲ့ (၇၀) ရာခိုင်နှုန်းမီးလောင်ထားပေမဲ့ Mrs.Colorado America ပြိုင်ပွဲဝင်ပြိုင်ခဲ့သူ

w0.jpg

ဂက်စ်မီးဖိုပေါက်ကွဲမှုကြောင့် အသက် (၁၀) နှစ်အရွယ်မှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ (၇၀) ရာခိုင်နှုန်းနီးပါး မီးလောင်ကျွမ်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက Mrs.Colorado America ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် (၄၈) နှစ်အရွယ် ဒါနက်တ် ဟာဂျ် (Danette Haag) က Mrs. Colorado America 2019 မှာ ပြိုင်ပွဲဝင် (၃၄) ဦးနဲ့အတူ Mrs.Windsor, Colorado အဖြစ် ယှဉ်ပြိုင်ခဲ့တာပါ။ ဟာဂျ်က ဒီပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေမဲ့ အခြားပြိုင်ပွဲဝင်တွေနဲ့အတူ စင်ပေါ်မှာ ယှဉ်တွဲရပ်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

ဟာဂျ်ဟာ ငယ်စဉ်က သူအရမ်းဖြစ်ချင်ခဲ့တဲ့ အလှမယ်ပြိုင်ပွဲဝင်တစ်ဦး ဖြစ်ခွင့်မရှိတော့တဲ့အတွက် အလွန်အမင်းခံစားခဲ့ရတယ်။ “ကျွန်မတို့မိသားစုတွေက Miss America အလှမယ်ပြိုင်ပွဲတွေကို နှစ်တိုင်း ကြည့်ဖို့ သဘောတူညီမှုလုပ်ခဲ့ကြပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ဒီပြိုင်ပွဲကို ဟာဂျ် ပထမဆုံးကြည့်တဲ့အခါမှာ အားငယ်စိတ်ပျက်သွားခဲ့တယ်” လို့ ဟာဂျ်ရဲ့အစ်မက ပြောပြခဲ့ပါတယ်။

နာကျင်မှုတွေ၊ ခွဲစိတ်မှုတွေကို ခံစားခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအနာတရ ဖြစ်စေခဲ့တဲ့ စိတ်မကောင်းစရာအဖြစ်အပျက်ပြီးတဲ့နောက် (၃၈) နှစ်အကြာမှာ ဟာဂျ်က Mrs.Colorado အလှမယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး တက်ရောက်ခဲ့ကြတဲ့သူတိုင်းကို အလှတရားစစ်စစ်နဲ့ပတ်သက်ပြီး သူ နားလည်လိုက်တဲ့အရာတွေကို မျှဝေနိုင်ခဲ့ပါတယ်။

“ကျွန်မတို့တွေအားလုံးက အားနည်းချက်တွေရှိကြပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်လို့မရှိပါဘူး”ဆိုတဲ့ သူရဲ့စကားက စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့စကားတစ်ခုပါပဲ။ “အလှတရားဆိုတာ အတွင်းစိတ်ကလာတာဖြစ်ပြီး အပြင်ဘက်က လာတာမဟုတ်ဘူးဆိုတာကို ဟာဂျ်က လူတိုင်းကို သိစေချင်ခဲ့ပါတယ်” လို့ ဟာဂျ်ရဲ့အစ်မက ပြောပြခဲ့ပါတယ်။

ဟာဂျ်က အားပေးထောက်ခံမှုတွေ အများကြီးရရှိခဲ့သလို သူ့ရဲ့မိသားစုဝင်တွေကလည်း ချီးကျူးဂုဏ်ပြုပေးခဲ့ပါတယ်။ ဟာဂျ်ရဲ့ခင်ပွန်းကလည်း မိသားစုဝင်တစ်ယောက်အနေနဲ့ကော၊ ခင်ပွန်းတစ်ယောက်အနေဲ့ပါ တတ်နိုင်သမျှ အားပေးဖေးမသွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

Ref: Dailymail “Woman, 48, who suffered burns over 70 percent of her body in a gas leak home explosion at age 10 competes in the Mrs. Colorado pageant”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top