ကားမောင်းစဉ် ဖုန်းသုံးမိလို့ ကားမောင်းခွင့် (၆) လ ပိတ်ပင်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း

da1.jpg

ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းတစ်ယောက် Great Portland လမ်းမှာ ဖုန်းသုံးရင်း ကားမောင်းတာကို ပြည်သူတစ်ယောက်က တွေ့ရှိသွားပြီး အတိုင်ခံခဲ့ရပါတယ်။ ဘရွန်(မ်)လေ တရားရုံးမှာ အသေးစား ကြားနာမှု ပြုလုပ်ပြီး ယာဉ်မောင်းလိုင်စင်ကို (၆) လ ပိတ်ပင်ဖို့ အောက်ရုံးတရားသူကြီးက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

တရားခွင်ကို ဘက်ခမ်း ရောက်လာချိန်မှာတော့ မီးခိုးရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သတင်းထောက်တွေနဲ့ တွေ့ဖို့ ရှောင်ရှားခဲ့ပါတယ်။
အင်္ဂလန်နဲ့ ဝေးလ်စ်နိုင်ငံတစ်ဝန်းမှာ ထောင်ဒဏ်ချမှတ်ဖို့မလိုတဲ့ အသေးစားပြစ်မှုတွေကို အောက်ရုံးတရားသူကြီးကပဲ ဖြေရှင်းဖို့  ၂၀၁၅ မှာ စတင်ပြဌာန်းထားပါတယ်။

ဘက်ခမ်းက ပထမတစ်ကြိမ်မှာလည်း အရှိန်မြင့်မောင်းလို့ တရားရုံးမှာဖြေရှင်းခဲ့ရသလို ဒီတစ်ကြိမ်မှာတော့ ယာဉ်မောင်းခွင့်ပိတ်ပင်ခံရတဲ့အပြင် ဒေါ်လာ (၇၅၀) ပါ ဒဏ်ကြေးဆောင်ခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်က ယာဉ်မောင်းလိုင်စင် (၈) လ အပိတ်ခံရစဉ်မှာ ပါပါရာဇီတွေကို ရှောင်နေရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုင်စင်ပြန်ရခဲ့ပါတယ်။

အင်္ဂလန်မှာတော့ နာမည်ကြီး ဘောလုံးသမားပဲဖြစ်နေပါစေ ပြစ်မှုချိုးဖောက်မယ်ဆိုရင် သတင်းပေးတိုင်ကြားမယ့်သူရှိသလို ပြစ်ဒဏ်ကလည်း အလိုလို ဆီးကြိုနေတာ ဖြစ်ပါတယ်။

Ref: metro.uk “David Beckham banned from driving for six months after using phone behind the wheel”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top