၂၀၁၉ ခုနှစ်အတွက် စန္ဒသူရိယ နက္ခတ္တဝေဒ အထူးဟောစာတမ်း

Bay-Din-1-1-1-week.jpg

ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒအထူးဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဆယ့်နှစ်ရာသီခွင်ဖွားတွေအားလုံးအတွက် ၂၀၁၉ ခုနှစ်တစ်နှစ်လုံးစာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

၁။ မိဿရာသီဖွား (Aries ) မတ်လ (၂၁) မှ ဧပရယ်(၂၀) ရက်အတွင်းမွေးဖွားသူများ

ဒီရာသီဖွားတွေအနေနဲ့ ၂၀၁၉ ခုနှစ်ဟာ ရည်ရွယ်ချက်တွေအောင်မြင်မယ့် ခုနှစ်တစ်ခုလို့ ပြောလို့ရပါတယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ပြန်လည်အဆင်ပြေလာနိုင်ပြီး မိတ်ဆွေအပေါင်းအသင်းများနှင့်လည်း အဆင်ပြေပါလိမ့်မည်။ စီပွားရေးအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကောင်းသော်လည်း စပ်တူလုပ်ငန်းတွေ ညံ့နေတတ်ပါတယ်။ အရိုးရောဂါ၊ သွေးနှင့်ပတ်သက်သော ရောဂါများအဖြစ်များတတ်ပါတယ်။ အချစ်ရေးအနေနဲ့ကတော့ ချစ်သူရဲ့ အဖြေရဖို့ ဒီနှစ်အပိုင်းအခြားမှာ အတော်ကြိုးစားရမှဖြစ်ပြီး၊ အိမ်ထောင်ရေးအနေနဲ့တော့ အေးစက်နေရတတ်ပါတယ်။ စက်ပစ္စည်း၊ကား၊စသည့်တို့ ဝင်မည်၊ထွက်မည်။ ဝန်ထမ်းများအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ရာထူးတိုးပြောင်းရပါက ကံကောင်းပါပြီ။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၁။ ၆ ။၄ ယတြာ – ဘုရားတွင် မီးပူဇော်ပေးခြင်းဖြင့် ကံကောင်းစေမည်။

၂။ ပြိဿ ရာသီဖွား (Taurus ) ဧပရယ် (၂၁ ) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ဒီရာသီဖွားတွေကတော့ ၂၀၁၉ ခုနှစ်အတွက် စီးပွားရေးကံ၊ အလုပ်အကိုင်နှင့်ပတ်သက်သော ကံတရားတို့ ကောင်းမွန်နေပါလိမ့်မည်။နိုင်ငံခြားခရီးသွားရခြင်း၊ ကိုယ်ပိုင်လုပ်ငန်းများ ကောင်းမွန်ခြင်းရှိမည်။ မိခင်ဘက်မှ အကူအညီများရရှိလိမ့်မည်။ ကျန်းမာရေးအနေဖြင့် ရေနှင့်စပ်သော ရောဂါများ၊ ကျောက်ကပ်၊ ဆီးရောဂါများ သတိထား သင့်သည်။ လူမှုရေးဆိုင်ရာ ပြဿနာတစ်ခုပေါ်တတ်ပြီး မိမိစကားကြောင့် ဖြေရှင်းရတတ်သည်။ အချစ်ရေးသည် နှစ်ဘက်မိဘတို့ကြောင့် အေးစက်နေပြီး ဝေးရမည့်အခြေအနေအထိ ရောက်ရှိနိုင်သည်။ အိမ်ထောင်သည်များအနေနှင့် လည်း နှစ်ဘက်မိဘတို့ ကြားဝင်ကြသဖြင့် အေးစက်နေရလိမ့်မည်။ ပညာရေးသမားများအနေဖြင့် စာကြိုးစားပါက ဘွဲ့ထူးဂုဏ်ထူးရရှိမည့် နှစ်ဖြစ်သည်။မြေရောင်းခြင်း-ဝယ်ခြင်းမှ အကျိုးအမြတ်ရရှိလိမ့်မည်။ ဝန်ထမ်းများ ကံကောင်းသော်လည်း စားရင်းနှင့်ပါတ်သက်သောသူများ သတိထားရသည့်နှစ်ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၃။ ၇ ။၀ ယတြာ – နွမ်းပါးသူများကို အစားအသောက်ပေးဝေပါ။

၃။ မေထုန်ရာသီဖွား (Gemini) မေလ (၂၁) မှ ဇွန်လ (၂၀) ရက်အတွင်းမွေးဖွားသူများ

၂၀၁၉ ခုနှစ်သည် မေထုန်ရာသီဖွားများအတွက် ဗာဟီရကိစ္စများသော နှစ်တစ်ခုဖြစ်မည်။ အလုပ်အကိုင်ကောင်းများရရှိမည်။ အကျိုးဆောင်လုပ်ငန်းများ၊ ပွဲစီစဉ်ခြင်းလုပ်ငန်းများ အကျိုးအမြတ်များမည်။ လုပ်ငန်းတွင် မိမိနေရာရရှိမည်။ ပုဂ္ဂလိကဝန်ထမ်းများ လူကြီးများမှ မျက်နှာသာပေးခြင်းခံရမည်။ လုပ်ငန်းစတင်ခြင်း၊တိုးချဲ့ခြင်းတို့ကို ၂၀၁၉ ခုနှစ်တွင် စတင်သင့်သည်။ စက်ပစ္စည်းများ၊ယဉ်ကားများ လက်ဝယ်ရရှိလိမ့်မည်။ အချစ်ရေးတွင်ကံသိပ်မကောင်းပါ၊ ချစ်သူဟောင်းနှင့် မပြတ်သေးဘဲ ချစ်သူသစ်ကို တွေ့နေတတ်သည်။ အိမ်ထောင်သည်များလည်း စန်းပွင့်နေတတ်သော်လည်း တရားဝင်မဖြစ်ဘဲရှိမည်။ ထိုအတွက် စိတ်သောကဖြင့် ဖြေရှင်းရမည့် နှစ်အပိုင်းခြားတစ်ခုဖြစ်သည်။ ကျန်းမာရေးအနေဖြင့် အဆုတ်ရောဂါ၊ ခြေထောက်ကိုက်ခဲခြင်းတို့ ဖြစ်တတ်သည်။ ပညာရေးကောင်းသည်။ အစိုးရဝန်ထမ်းများ မိမိအထက်လူကြီးကြောင့် သောကရောက်ရတတ်သည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၁။ ၇ ။၉ ယတြာ – လူအများအတွက် ရေသန့်ဗူးများ လှူပေးပါ။

၄။ ကရကဋ်ရာသီဖွား (Cancer) ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီဖွားများအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ခရီးသွားနှစ်ဖြစ်နေလိမ့်မည်။ ခရီးတို၊ ခရီးရှည်နှင့် ပြည်ပခရီးများစွာသွားရတတ်သည်။ ခရီးသွားခြင်းမှ စီးပွားရေးလုပ်ငန်းများအောင်မြင်လာသလို၊ မိတ်ဆွေသစ်များလည်း ရရှိလာမည်။ စီးပွားရေးလမ်းသစ်များရရှိလိမ့်မည်။ လုပ်ငန်းခွင်တွင် ပြဿနာများပြီး အပြိုင်အဆိုင်၊ အတိုက်အခိုက်များသော နှစ်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် ခါးနာခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်းများ ခံစားရနိုင်သည်။ အချစ်ရေးတွင် မိမိချစ်သောသူနှင့် မဟုတ်ဘဲ မထင်မှတ်သူနှင့် ချစ်သူဖြစ်မည်။ အိမ်ထောင်ရေးအနေနှင့် အခြားသောသူကို တွေ့နေရာက အိမ်ထောင်ရေးမသာမယာဖြစ်မည် စိတ်ညစ်မည်။ ယခုနှစ်သည် လုပ်ငန်းကောင်းသော်လည်း စည်းစနစ်ကျရန် အထူးလိုအပ်ပါသည်။ ပညာရေးသမားများ အနည်းငယ်ညံ့သဖြင့် အလွန်းကြိုးစားမှ မှန်မည်။ ဝန်ထမ်းများ ကံကောင်းပါသည် ပုံမှန်ဖြစ်ပါလိမ့်မည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၂။ ၆ ။၇ ယတြာ – ခရီးတိုလေးများ မကြာခဏ သွားပေးသင့်ပါတယ်။

၅။ သိဟ်ရာသီဖွား (Leo) ဂျူလိုင်လ (၂၃) ရက်မှ ဩဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

၂၀၁၉ ခုနှစ်သည် ငွေကြေးလည်ပါတ်နေမည့် နှစ်တစ်ခုဖြစ်သောကြောင့် ယခုနှစ်သည် စုစုဆောင်ဆောင် ရှိမည့်နှစ်မဟုတ်ပေ။ ဤနှစ်သည် အလုပ်ကိုကြိုးစားရမည့်နှစ်ဖြစ်သည်။ ကံကောင်းသည်မှာ မိမိလုပ်သောလုပ်ငန်းများအား ကူညီမည့်သူပေါ်ပေါက်တတ်သောကြောင့်ဖြစ်သည်။ စားသောက်ဆိုင်၊မုန့်တိုက်လုပ်ငန်းများ တိုးတက်မည့်နှစ်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် အပူကြောင့်ဖြစ်သော ရောဂါများရတတ်သည်၊ အသဲကို ဂရုစိုက်ပါ။ အချစ်ရေးအနေဖြင့် ၂၀၁၉ ခုနှစ်သည် ဟန်ဆောင်သောအချစ်များနှင့် တွေ့နေရသဖြင့် သတိထားရမည့်အချိန်ဖြစ်သည်၊ လက်ထပ်ရန်ရက်ရွေ့ဆိုင်းရတတ်သည်။ အိမ်ထောင်သည်များကောင်းပါသည်။ ပညာရေးကြိုးစားနေသူများအနေဖြင့် တွက်စာများကို ပိုအလေးပေးရမည့် ခုနှစ်ဖြစ်သည်။ ဝန်ထမ်းများ ယခုနှစ်သည် အလွန်အလုပ်များတတ်ပြီး ငွေစရင်းလွဲမှားတတ်သည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၃။ ၆ ။၁ ယတြာ – ငှက်ကလေးများအတွက် စပါးနှံကုသိုလ်ပြုပါ။

၆။ ကံရာသီဖွား (Virgo ) ဩဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

၂၀၁၉ ခုနှစ်အတွက် ပညာရေးနှင့်ဆိုင်သော လုပ်ငန်းများ၊ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ပညာသင်ကြား သူများအတွက် ကံကောင်းသည့်နှစ်ဖြစ်သည်။ စီးပွားရေးသည် ပညာကို အခြေခံသောစီးပွား ရေးကောင်းသည့်နှစ်ဖြစ်မည်။ အခြားစီးပွားရေးလုပ်သူများအနေနှင့်လည်း ပညာရှင်ကိုတိုင်ပင်ပြီး လုပ်ဆောင်ပါက ကံကောင်းမည်။ကျန်းမာရေးအနေဖြင့် နှလုံးရောဂါ၊သွေးတိုးရောဂါ စသည့်သဌေးရောဂါများ ရတတ်သည်။ အချစ်ရေးကောင်းပါသည်၊ နှစ်ဘက်မိဘတို့ သဘောတူလိမ့်မည်၊လက်ထပ်ရန်ရည်ရွယ်ပါက ၂၀၁၉ သည် လက်ထပ်ရမည်နှစ်ဖြစ်သည်။ အိမ်ထောင်သည်များလည်း ကံကောင်းသည်၊အိမ်သစ်သို့ ပြောင်းရတတ်သည်။ ပညာရေးသမားများ နိုင်ငံခြားဘာသာတွဲတွင် အားနည်းလိမ့်မည်။ စာမေးပွဲအတွက် သတိထားပါ။ ကားဝင်တတ်သည်။ ဝန်ထမ်းများအနေဖြင့် သာမှန်သာဖြစ်မည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၆။၀ ။၁ ယတြာ – ဘုရားတွင် သစ်သီးဆွမ်းကပ်လှူပူဇော်ပါ။

၇။ တူရာသီဖွား (Libra) စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

ယခုနှစ်သည် စီးပွားရေးလုပ်ငန်းမှ အမြတ်အစွန်းများရရှိမည့်နှစ်ဖြစ်သည်။ မိမိဘက်က သေချာစေ့စပ်အောင်လုပ်ပါ။ ကြီးမားသည့် အခွင့်အရေးကောင်းများ ရရှိခံစားရမည်။ ပါမစ်များလည်း ရရှိလိမ့်မည်။ ငွေကြေးကိစ္စအတွက် ဘဏ်ချေးငွေအဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် ချောင်းဆိုး၊ ရင်ကြပ် ဖြစ်မည်၊အဆုတ်ရောဂါရတတ်သည်။ အချစ်ရေးကံကောင်းသော်လည်း သိပ်မလေးနက်သော အချစ်ဖြစ်မည်။ အိမ်ထောင်ရေးတွင် သူများကြားစကားကြောင့် စိတ်သောကရောက်ရမည်။ ပညာရေးလိုက်စားနေသူများသည် အချစ်ရေးဝင်ရောက်စွက်ဖက်သဖြင့် စိတ်လေပြီး ပညာရေးရပ်နေတတ်သည်၊ အထူးသတိပြုပါ။ ၂၀၁၉ သည် ဝန်ထမ်းများအတွက် ကံကောင်းသောနှစ်ဖြစ်သည်။ လက်နက်ကိုင်ဝန်ထမ်းများအနေဖြင့် မိမိတဝန်ယူရသော လက်နက်ပစ္စည်းဖြင့် ပြဿနာတက်တတ်သဖြင့် အထူးဂရုစိုက်ပါ။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော – ၀ ။ ၂ ။၉ ယတြာ – ကလေးများကို မကြာခဏ မုန့်များကျွေးပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

ယခုနှစ်သည် စီးပွားရေးလုပ်ငန်းများအတွက် အနည်းငယ် အညံ့ဘက်ပါသောနှစ်ဖြစ်သောကြောင့် များစွာရင်းနှီးရခြင်းမျိုးမပြုလုပ်သင့်ပါ။ အရောင်းအဝယ်များ ကျဆင်းနေပြီး အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူများ စိတ်ညစ်ရတတ်သည်။ ကျန်းမာရေးအနေဖြင့် အစားအဆိပ်သင့်ခြင်း၊အစားမှားခြင်း၊တို့ဖြစ်တတ်သည်။ အစာအိမ်ရောဂါသည်လည်း သတိထားရမည့် ရောဂါဖြစ်သည်။အချစ်ရေးတွင် အလွန်ပျော်ရွင်ရမည်၊ အချစ်ဟောင်းနှင့် ပြန်တွေ့မည်။ အိမ်ထောင်ရှင်များလည်း သာယာမည်။ ၂၀၁၉ ခုနှစ်သည် တစ်ခုလတ်၊မုတ်ဆိုးမများအနေဖြင့် ငယ်ကချစ်သူနှင့် မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ရတတ်ပြီး ပျော်ရွင်းရမည်။ပညာရေးသမားများ ကံကောင်းပါသည်၊နိုင်ငံခြားခရီးအတွက် စာမေးပွဲအောင်မည်။ ဝန်ထမ်းများ ထက်အောက်ကိစ္စများကြောင့် အခက်တွေ့ရတတ်သည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၅။ ၆ ။၀ ယတြာ – ရဟန်းများကို တတ်နိုင်သလောက် ဆေးပစ္စည်း လှူဒါန်းပါ။

၉။ ဓနုရာသီဖွား (Sagittarius ) နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတို့အတွက် ၂၀၁၉ ခုနှစ်သည် စွန့်စားလုပ်ကိုင်ရသော လုပ်ငန်းများမှ ငွေဝင်ကောင်လမ့်မည်။ နယ်စပ်ရောင်းဝယ်ရေး၊ကျောက်မျက်ရတနာနှင့် သစ်လုပ်ငန်းများအဆင်ပြေမည်။ လျှိ့ဝှက်လုပ်ရသောလုပ်ငန်းများ ကံကောင်းနေတတ်သည်။ ကျန်းမာရေးအနေနှင့် ဆီးရောဂါ၊ ခါးနာခြင်းနှင့် ၊မျက်လုံးရောဂါများရမည်။ မတော်တဆထိခိုက်ခြင်းလည်း ရှိတတ်သည်။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ချစ်သူနှင့် တစ်နယ်စီဝေးနေရမည်။အိမ်ထောင်ရှင်များလည်း အိမ်ထောင်ဘက်နှင့် တစ်နယ်စီဝေးနေရမည်။ ပညာရေးသမားများအနေဖြင့် နိုင်ငံခြားဘာသာစကားများအထူးလေ့လာသင့်သည်။ အိမ်ခြံမြေကိစ္စများ အဆင်ပြေမည်။ ဝန်ထမ်းများ လုပ်ငန်းကို အကြောင်းပြုပြီး ယာယီခရီးများ သွားရလိမ့်မည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၂။ ၇ ။၉ ယတြာ – ငှက်ကလေးများကို လွှတ်ပေးပါ။

၁၀။ မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

ဤရာသီဖွား သား-သမီးများအဖို့ ၂၀၁၉ ခုနှစ်သည် စီးပွားရေးလုပ်ငန်းအကြပ်အတည်းမှ လွတ်မြောက်မည့်နှစ်ဖြစ်သည်။ ရင်ဆိုင်နေရသည့် စီးပွားရေး၊ငွေရေးကြေးရေးအခြေအနေများ ပြန်ကောင်းလာမည်။ စပ်တူလုပ်ငန်းများ ပြန်အဆင်ပြေလာပြီး မိမိလက်တွင် သောင်တင်နေသောကုန်ပစ္စည်းများ ရောင်ထွက်သွားပါလိမ့်မည်။ အိမ်၊ခြံ၊မြေ လုပ်ငန်းများကံကောင်းသည့်နှစ်ဖြစ်သည်။ ကျန်းမာရေးမှာတော့ မျက်လုံးရောဂါ၊အူနှင့်ပါတ်သက်သောရောဂါတို့ ခံစားရနိုင်ပါသည်။ အချစ်ရေးတွင်လည်း ချစ်သူကို အပြိုင်အဆိုင်လုနေရမည့်အချိန်ဖြစ်သည်။ အိမ်ထောင်ရေးကတော့ ကံကောင်းနေတတ်ပြီး မိသားစုခရီးထွက်ခြင်းက ပိုကောင်းပါလိမ့်မည်။ စာပေးပညာရေးလုပ်ငန်းလုပ်နေသူတို့ အဆင်ပြေမည်။ ပညာသင်ကျောင်းသားများ ယခုနှစ်တွင် မူးယစ်ဆေးဘက်လိုက်မိပါဘ ဘဝပျက်ရန်သာရှိမည်။ အထူးသတိထားပါ။ အစိုးရဝန်ထမ်းများ အထူးသဖြင့် ယူနီဖောင်းဝတ်ဆင်ရသည့်ဝန်ထမ်းများ ကံကောင်းသော်လည်း မိမိအထက်အရာရှိကြီးကို အကြောင်းပြုပြီး စိတ်သောကရောက်ရတတ်သည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၂။ ၅ ။၆ ယတြာ – ရဟန်းများကို ရေသန့်ဗူးကပ်လှူပါ။

၁၁။ ကုံရာသီဖွား (Aquarius ) ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

၂၀၁၉ ခုနှစ်အတွက် ကုံရာသီဖွားများသည် စီးပွားရေးလုပ်ရာတွင် သတိထားလုပ်ဆောင်ရမည်။ အထူးသဖြင့် စပ်တူလုပ်ငန်းလုပ်ဆောင်သူများ သတိထားပါ၊ စိတ်ဝမ်းကွဲခြင်း၊သံသယဖြစ်ခြင်းများဖြစ်မည်။ ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းလုပ်ငန်းများတွင် အနည်းငယ် စိတ်သောကရောက်ရမည်။ လယ်၊ယာလုပ်ငန်း၊ တောင်သူလုပ်ကိုင်သူများ အထူးကောင်းပါလိမ့်မည်။ ကျန်းမာရေးအနေနှင့် ခါးနာခြင်း၊ဆီးရောဂါ၊ဆီးချိုရောဂါများသတိထားပါ။ ဖြစ်လာပါက တတ်သိသော ဆရာဝန်နှင့် ပြသရန်လိုပါသည်။ အချစ်ရေးကံကောင်းသော်လည်း နှစ်ဘက်မိဘတို့ကိုအကြောင်းပြုပြီး လက်ထပ်ရက် ရွေ့ဆိုင်းထားရမည်။ အိမ်ထောင်သည်များ အဆင်ပြေမည်၊ သားသမီးများကျန်းမာရေးဂရုစိုက်ရန်တော့ လိုပါသည်။ ပညာရေးသမားများအနေဖြင့် ၂၀၁၉ ခုနှစ်တွင် မိမိလေ့လာလိုက်စားနေသော ပညာဖြင့် ဘွဲ့ထူးဂုဏ်ထူးရရှိလိမ့်မည်။ ဝန်ထမ်းများ ကံကောင်းသော အပြောင်းအရွေ့ရှိသည်၊ သင်တန်းတစ်ခုတက်ရလိမ့်မည်။ကောင်းပါသည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၅။ ၇ ။၈ ယတြာ – ငှက်ကလေးများကို လွှတ်ပေးပါ။

၁၂။ မိန်ရာသီဖွား (Pisces ) ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတို့အနေဖြင့် ၂၀၁၉ ခုနှစ်သည် ကံကောင်းသောနှစ်ဖြစ်သည်၊ မိမိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းမှ အကျိုးအမြတ်များ ရရှိမည်၊ တိုးချဲ့လုပ်ကိုင်ရမည်။ သို့သော် လူယုံသတ်သဖြင့် ဒုက္ခရောက်တတ်သည်။ လုပ်ငန်းများကို လူယုံဖြင့် လွဲအပ်မထားသင့်သော နှစ်ဖြစ်သည်။ ပြည်ပလုပ်ငန်းအကျိုးပေးပြီး ပြည်ပရောက်မိတ်ဆွေများ၏ အကူအညီရရှိမည့် ခုနှစ်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါနှင့် ဦးခေါင်းနှင့်ဆိုင်သော ရောဂါတို့ကို အထူးသတိပြုပေးပါ။ သာမန်ထိခိုက်မှု့ဖြစ်တတ်သည်။ အချစ်ရေး ညံ့နေပြီး မိမိချစ်သူထံမှ အဖြေရရန်ခက်ခဲစွာကြိုးပန်းအားထုတ်ရမည်။ အိမ်ထောင်သည်များ အထူးသတိထားသင့်သည့် ကာလဖြစ်သည်၊ ဘာမဟုတ်သည့်အကြောင်းကိုအခြေခံပြီး ဝေးကွာရသည့်အထိ ပြဿနာကြီးသွားတတ်သည်။ ပညာရေးလိုက်စားသူများ၊ကျောင်းသူကျောင်းသားများသည်လည်း အချစ်ရေးရောထွေးပါက ရည်ရွယ်ချက်ပန်းတိုင်သို့ မရောက်ဖြစ်တတ်သည်။ နိုင်ငံခြားသွားရန် ရည်ရွယ်သူများ ၂၀၁၉ အတွင်းသွားဖြစ်မည်။ ဝန်ထမ်းများ အဆင်ပြေမည်။

၂၀၁၉ ခုနှစ်အတွက် အကျိုးပေးဂဏန်းတွေကတော့ – ၃။ ၁ ။၀ ယတြာ – နွမ်းပါးသူမိသားစုအား အဝတ်အထည်များ ထောက်ပံ့ပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top