ကျောင်းသွား ကျောင်းပြန် ခြေလျင်လျှောက်ခဲ့လို့ ပေါင် (၁၀၀) ကျော် ကျသွားတဲ့ ဆယ်ကျော်သက်

https___cdn.cnn_.com_cnnnext_dam_assets_190514183439-michael-watson-before-and-after.jpg

လွန်ခဲ့တဲ့နှစ်နှစ်ကျော်က အရပ် (၆) ပေ (၄) လက်မရှိတဲ့ မိုက်ကယ် ဝက်တ်ဆန် (Michael Watson) ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ကိုယ်အလေးချိန် ပေါင် (၃၃၅) ရှိခဲ့ပြီး သူ့ရဲ့ကိုယ်အလေးချိန်ကြောင့် မကြာခဏ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျွန်တော့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်က အောက်ဆုံးပါပဲ” လို့ အသက် (၁၈) နှစ် ရှိပြီးဖြစ်တဲ့ ဝက်တ်ဆန်က ပြောခဲ့ပါတယ်။

အိုဟိုင်းယိုပြည်နယ်က McKinley High Schoolရဲ့ ဂျူနီယာဖြစ်တဲ့ အဲဒီဆယ်ကျော်သက်ကောင်လေးက သူ့ရဲ့ကိုယ်အလေးချိန်ကြောင့် ကျောင်းသွား ကျောင်းပြန်ကို နေ့တိုင်း လမ်းလျှောက်ပြီး သွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျောင်းကို ရောက်ဖို့ဆိုရင် မိနစ် (၂၀) ခန့် လမ်းလျှောက်ရပါတယ်။ ကျောင်းသွား ကျောင်းပြန်ကို လမ်းလျှောက်ရုံတင်မကပါဘူး။ သူရဲ့တစ်နေ့တာအစားအစာကိုလည်း ပြောင်းလဲမှု အနည်းငယ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဝက်တ်ဆန်က ကျောင်းမတက်ချင်ခဲ့ရင်တောင် မတက်ပဲမနေခဲ့ပါဘူး။ “ဘတ်စ်ကားလာတဲ့အချိန်ကိုတောင် ကျွန်တော် မသိတော့ပါဘူး”လို့ ဝက်တ်ဆန်က ပြောပါတယ်။

မိုးရွာတဲ့ရက်တွေမှာ သူ့ကို ဘတ်စ်ကားမစီးဘူးလားလို့ သူငယ်ချင်းတွေက မေးကြပါတယ်။ သူက မိုးရွာလည်း ဘတ်စ်ကားကို မစီးခဲ့ဘဲ ကျောင်းသွားကျောင်းပြန် ခြေချင်းလျှောက်တာပါပဲ။ သူက လမ်းလျှောက်တာအပြင် စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းအလုပ်လုပ်တဲ့အခါ အစားအစာကို ချင်ချိန်ပြီး စားဖြစ်ခဲ့ပါတယ်။ ကောင်မလေးတွေနား ကပ်ဖို့ ကြောက်တဲ့ အဲဒီကောင်လေးက ကိုယ်အလေးချိန်ကျသွားပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိနေပါပြီ။

ကျောင်းမှာ ဘွဲ့နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ တာရန် ဂျုန်း (Terrance Jones) က “အထက်တန်းကျောင်းသားအတွက်တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတတ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဝက်တ်ဆန်ရဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့လူနေမှုဘဝနဲ့ နေထိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ကျွန်တော်နဲ့ အမြဲတမ်း ရှိနေမှာပါ”လို့ ပြောခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ ကျောင်းသား/သူတွေရဲ့ဇာတ်လမ်းတွေကို McKinley Senior Limelight ဆိုတဲ့နာမည်နဲ့ ပြဖို့အတွက် ဝက်တ်ဆန်ရဲ့ဇာတ်လမ်းက ဂျုန်းအတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။

ဝက်တ်ဆန်က ဘွဲ့ရပြီးတဲ့နောက် အချိန်ပြည့်အလုပ်တစ်ခု လုပ်ဖို့ စီစဉ်ထားသလို ပြီးခဲ့တဲ့နှစ်က သူ ပါဝင်ခဲ့တဲ့ ဒရမ်မာသင်တန်းတစ်ခုက သူ့ကို လွှမ်းမိုးမှုရှိခဲ့တာကြောင့် မင်းသားတစ်ယောက်ဖြစ်လို့လည်း ဆန္ဒရှိနေပါတယ်။

အခုလ ဝက်တ်ဆန်ဘွဲ့ယူတဲ့နေ့ စင်ပေါ်လျှောက်လှမ်းတဲ့အခါ ကိုယ်အလေးချိန် (၁၁၅) ပေါင်ရှိနေပြီဖြစ်တဲ့ မိုက်ကယ် ဝက်တ်ဆန် (Micheal Watson) အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref: CNN “Ohio teen loses more than 100 pounds while walking to school every day”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top