နည်းပညာမြင့် HONOR N Series ၏ စမတ်ဖုန်းမျိုးဆက်သစ် HONOR 20 Series အား စတင်မိတ်ဆက်

pastedImage.png

ကမ္ဘာကျော်စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သော HONOR က စမတ်ဖုန်းစီးရီးအသစ်ဖြစ်သည့် HONOR 20i ၊ HONOR 20 နှင့် HONOR 20 Pro တို့အား လန်ဒန်မြို့တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုမိတ်ဆက်ခဲ့သော HONOR N Series သည် ဒီဇိုင်းနှင့်ဓာတ်ပုံရိုက်ကူးခြင်းအတွက်သာ ထူးခြားကောင်းမွန်နေခြင်းမဟုတ်ဘဲ လူငယ်များအတွက် အဓိကထားသော လုပ်ဆောင်ချက်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။

ယခုမိတ်ဆက်လိုက်သော Flagship စမတ်ဖုန်း HONOR 20 Series တွင် ကမ္ဘာပေါ်၌ လက်ရှိရေပန်းစားနေသော ရောင်ပြန်ဒီဇိုင်း (Dynamic Holographic) နှင့် 48MP ပါဝင်သော AI Quad Camera တို့ပါဝင်ထားပါသည်။ စွမ်းဆောင်ရည်မြင့်မားသော Quad Camera သည် HONOR 20 အတွက် DxOMark Score 111 ရရှိထားသည်။ HONOR 20 အားဈေးကွက်အတွင်း € 499 ဖြင့်မိတ်ဆက်သွားမည်ဖြစ်ပြီး HONOR 20i အား € 299 မှ စတင်ရောင်းချ သွားမည် ဖြစ်သည်။

စွမ်းဆောင်ရည်မြင့် 48 MP AI Quad Camera ၏အားသာချက်များ

စွမ်းဆောင်ရည်မြင့်မားသော HONOR 20 ၏ အဓိကကင်မရာတွင် Sony ၏ IMX586 48 MP အား အဓိကထားထည့်သွင်းထားပြီး တိုးတက်လာသော AL Ultra Clarity နှင့် AIS Super Night Mode တို့ကလည်း ကြည်လင်ပြတ်သားသောဓာတ်ပုံတစ်ခုရရှိလာနိုင်စေရန် ပံ့ပိုးပေးမည်ဖြစ်သည်။ ကင်မရာ (၄) လုံးအား 16 MP ပါဝင်သော Super Wide Angle Camera၊ 8 MP Telephoto Camera နှင့် 2 MP Macro Camera တို့ဖြင့်တည်ဆောက်ထားပြီး မြင်ကွင်းပိုကျယ်၍ ပိုမိုနီးကပ်သောအရာဝတ္ထုများအားရိုက်နိုင်ရန်အတွက် Optical Image Stabilization (OIS) ကိုလည်းထည့်သွင်းထားသည်။

HONOR 20 Series ၏တီထွင်မှုအသစ်ဖြစ်သော AIS Super Night Mode နှင့် စမတ်ဖုန်းလောကတွင် အကြီးမားဆုံးဖြစ်သော F1.4 aperture သည် စမတ်ဖုန်းလောကအတွင်း ဂယက်ရိုက်သွားခဲ့ပြီး AI multi frame နည်းပညာနှင့် ပြဿနာဖြေရှင်းနည်းဖော်ထုတ်ရာတွင် လိုက်နာရန်စည်းကမ်း (Algorith) နည်းပညာကိုအသုံးပြုထားခြင်းကြောင့် ညအမှောင်ထဲတွင်ပင် အလွန်ကြည်လင်ပြတ်သားသောဓာတ်ပုံများအား အလင်းရောင်တောက်ပပြီး အစက်အပြောက်ပါဝင် မှုအနည်းဆုံးအပြင် ပိုမိုတောက်ပသောအရောင်များဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ကျယ်ဝန်းသည့် F1.4 aperture အတွင်းသို့ အလင်းပိုမိုဝင်ရောက်နိုင်ခြင်းကြောင့် မှုန်ပြသည့် အလင်းရောက်အောက်၌ပင် ကြည်လင်ပြတ်သားသောဓာတ်ပုံများ ရိုက်ကူးနိုင်စေမည်ဖြစ်သည်။

48 MP AI Quad Camera ၏ AI Ultra Clarity Mode သည် နေ့ဘက်အချိန်တွင်လည်း အလွန်ကြည်လင်ပြတ်သားသောပုံများကို ရိုက်ယူနိုင်စေမည်ဖြစ်သည်။ ထို့အပြင် 7nm Kirin 980 AI Chipset ၏ Dual-NPU နှင့် Dual-ISP များအားပေါင်းစပ်ထားသော “Super 48MP Photo” သည် သာမန် 48 MP ဓာတ်ပုံများထက် ပုံထွက်ပိုမိုကောင်းမွန်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ 16 MP ပါဝင်သော Super Wide Angle Camera အားအသုံးပြုပြီး (၁၁၇) ဒီဂရီအထိ ကျယ်ပြန့်သော ဓာတ်ပုံများရိုက်ကူးနိုင်မည်ဖြစ်သည်။ Optical Image Stabilization (OIS) သည် သေးငယ်သော gyro-sensor များအားအသုံးပြု၍ ကင်မရာမှန်ဘီလူးများအား လျင်မြန်စွာရွေ့လျားပေးနိုင်စေခြင်းဖြင့် ရွေ့လျားနေသောဓာတ်ပုံများအား ဒစ်ဂျစ်တယ်ပုံစံသို့ပြောင်းလဲကာ မတည်ငြိမ်သောလက်ဖြင့် ရိုက်ကူးထားသည့်ဓာတ်ပုံများကိုပင် ကြည်လင်ပြတ်သားသောဓာတ်ပုံများဖြစ်ပေါ်စေရန် ရိုက်ကူးနိုင်မည်ဖြစ်သည်။

သာမန်မျက်စိဖြင့်မမြင်နိုင်သောအရာများအား ရိုက်ကူးနိုင်ရန် 2 MP Macro lens အားထည့်သွင်းထားသဖြင့် (၄) စင်တီမီတာအရွယ်အထိ သေးငယ်သောအရာများအား အသေးစိတ်ရိုက်ကူးနိုင်မည်ဖြစ်ပြီး သက်ရှိများနှင့် ပန်းပွင့်များအား အဓိကရိုက်ကူးတတ်သော ဓာတ်ပုံပညာရှင်များအတွက် အထူးသင့်တော်ပါသည်။ မြင်ကွင်းအကျယ်ချဲ့ခြင်းအတွက် 3X lossless optical zoom, 5X hybrid zoom နှင့် 30X digital zoom တို့ကိုအသုံးပြုထားပြီး မိနစ်ပိုင်းအသေးစိတ်ဓာတ်ပုံများအား လိုအပ်သလိုပြင်ဆင်၍ရိုက်ကူးနိုင်မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်အလှများကိုရိုက်ကူးလိုသူများအတွက်သာမက Street Photographer များအတွက်ပါ အထူးသင့်တော်သည့် စမတ်ဖုန်းကင်မရာလည်းဖြစ်ပါသည်။

အရောင်ပြေးရောင်ပြန်ဒီဇိုင်း (Dynamic Holographic) ၏ထူးခြားမှု

HONOR 20 ၏ကျောဘက်တွင် HONOR စမတ်ဖုန်းစီးရီးများအတွက် ပထမဆုံးဖြစ်ပြီး Triple 3D Mesh နည်းပညာအသုံးပြုထားသော ရှုထောင့်ပေါင်းစုံ အသွင်သဏ္ဍာန် ရောင်ပြန်မှန်ကိုတပ်ဆင်ထားပါသည်။ HONOR 20 Pro ကို Phantom Black နှင့် Phantom Blue အရောင် (၂) ရောင်ဖြင့် မိတ်ဆက်သွားမည်ဖြစ်ပြီး HONOR 20 ကို Midnight black, Sapphire Blue နှင့် Icelandic white စသည့်အရောင် (၃) ရောင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

အသုံးပြုသူများအံ့အားသင့်ခဲ့ရသည့်အတွေ့အကြုံများ

HONOR သည် ရောင်ပြန် Dynamic Holographic ကျောဘက် မျက်နှာပြင်နှင့် အရောင်ဒီဇိုင်းများသာမက အခြားသောစွမ်းဆောင်ရည်များကိုပါ သာလွန်အောင် ပြုလုပ်ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ HONPR 20 Series တွင် (၆.၂၆) လက်မအရွယ်မျက်နှာပြင်နှင့် (၉၁.၇%) မျက်နှာပြင်-ကိုယ်ထည်အချိုးပါဝင်မည်ဖြစ်ပြီး (၄.၅) မီလီမီတာသာကျယ်သော မျက်နှာပြင်ပေါ်တွင်တည်ဆောက်ထားသည့် အရှေ့ကင်မရာသည် ပုံထွက်အရည်အသွေးနှင့် လှပမှုများကိုလျှော့ချရန်မလိုဘဲ all-view display ဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်။

အာရုံခံလက်ဗွေစနစ်မှာ ဖုန်းဖွင့်သည့်အခါ လက်ချောင်း၏ သဘာဝအတိုင်းထားရှိရာနေရာအား အခြေခံ၍ထည့်သွင်းထားသည်။ ကျောဘက်ရှိ ကင်မရာ (၄) လုံးအား “L” ပုံစံဖြင့် ဖွဲ့စည်းထားပြီး 4000 mAh ပါဝင်သော ဘက်ထရီသည် တစ်နေကုန် အားပြန်သွင်းရန်မလိုဘဲအသုံးပြုနိုင်ပါသည်။ ထို့အပြင် HONOR 20 Pro တွင် Graphene cooling sheet နည်းပညာဟုခေါ်သော ဖုန်းအပူချိန်တက်ခြင်းအားမဖြစ်ပေါ်စေသည့် Thermal Solution အားထည့်သွင်းထားခြင်းကြောင့် စမတ်ဖုန်းတစ်လုံး၏အကောင်းဆုံးသောလုပ်ဆောင်ချက်များအား ခံစားရရမည်ဖြစ်သည်။

ဂိမ်းကစားရာတွင် စမတ်ဖုန်း၏ဂိမ်းအတွင်းစွမ်းဆောင်ရည်များအားမြှင့်တင်ပေးနိုင်ရန် GPU Turbo 3.0 ကို အသုံးပြုထားပြီး မြင်ကွင်းနှင့် ထိတွေ့မှုအရည်အသွေးများကို တိုးမြှင့်ပေးထားနိုင်မည်ဖြစ်သည်။ သုံးစွဲသူများ၏တောင်းဆိုချက်များအရ HONOR 20 Series သည် Fortnite, PUBG Mobile နှင့် Arena of Valor အစရှိသော မိုဘိုင်းလ်ဂိမ်းကုမ္ပဏီပေါင်း (၂၅) ခုနှင့် ပူးပေါင်း၍ စိတ်ဝင်စားဖွယ်ရာအစီအစဉ်များ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

စွဲမက်ဖွယ်ရာအသံထွက်များယူဆောင်ပေးလာမည့် Histen 6.0 ဖြင့်တည်ဆောက်ထားသည့် Virtual 9.1 Surround Sound feature ကိုလည်း ထည့်သွင်းပေးထားသည်။ ထိုနည်းပညာသည် စမတ်ဖုန်းများအတွက် ပထမဦးစွာအသုံးပြုထားခြင်းဖြစ်ကာ နားကြပ်အများစု အတွက်အသုံးပြုရန်ပံ့ပိုးပေးနိုင်ပြီး ဆူညံသံအားလျှော့ချပေးနိုင်သည့်မိုက်ခရိုဖုန်းတစ်စုံအား နည်းပညာအသစ်များနှင့် သီချင်းအော်ဒီယိုစိတ်ပါဝင်စားသူများ၏ လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ထည့်သွင်းထားသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top