ရုံတင်ပြသတဲ့ ပထမဆုံးသီတင်းပတ်မှာတင် စံချိန်တင်ဝင်ငွေပမာဏတစ်ရပ်ရနိုင်ချေရှိနေတဲ့ Avengers: Endgame

Avengers-Endgame-Box-Office-First-Day-International.jpg

မာဗယ်လ် (Marvel) ရဲ့ Avengers: Endgame ရုပ်ရှင်ကတော့ စပြီးရုံတင်ပြသတဲ့သီတင်းပတ်မှာတင် ဝင်ငွေစံချိန်တွေကို ချိုးဖျက်နေပြီလို့ သိရပါတယ်။ စနေနေ့မနက်အစောပိုင်းမှာရရှိတဲ့ နောက်ဆုံးသတင်းတွေအရ ဒီ Endgame ရုပ်ရှင်ဟာ ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၈၇) သန်း နဲ့ နိုင်ငံတကာ Box Office မှာ စာရင်းဝင်ထားပြီဖြစ်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလျံကျော်လောက်ထိ စံချိန်တင်ရနိုင်ချေရှိနေတယ်လို့ ထင်ကြေးပေးခံထားရပါပြီ။

ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလျံကျော်လောက်ထိ စံချိန်တင်ရနိုင်ချေရှိနေတယ်လို့ ထင်ကြေးပေးခံထားရ

စတင်ပြသတဲ့သောကြာနေ့ကနေ စနေနေ့အထိ အမေရိကန်တစ်နိုင်ငံတည်းမှာပဲရရှိတဲ့ဝင်ငွေကတင် ဒေါ်လာ (၁၅၆. ၇) သန်း ပါ။ တရုတ်နိုင်ငံအတွင်းပြသမှုကနေတော့ စနေနေ့ထိကို ဒေါ်လာ (၈၂. ၄) သန်းရရှိထားပြီး စုစုပေါင်း ဒေါ်လာ သန်း (၃၀၀) ထိ ရဖို့ရည်မှန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် Endgame ရုပ်ရှင်ဟာ မြောက်အမေရိကတိုက်အတွင်း ပြသခဲ့သမျှရုပ်ရှင်တွေထဲမှာ တစ်ရက်အတွင်း ဝင်ငွေ သန်း (၁၄၀) ရတဲ့ ပထမဆုံးရုပ်ရှင်ကားအဖြစ် မှတ်တမ်းဝင်သွားပြန်ပါတယ်။

ဒစ္စနေ (Disney) နဲ့ မာဗယ်လ် (Marvel) တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ ဒီ Endgame ရုပ်ရှင်အနေနဲ့ ၂၀၁၅ ခုနှစ်တုန်းက ( မြောက်အမေရိကဈေးကွက်မှာ) တစ်ရက်အတွင်း ဒေါ်လာ (၁၁၉) သန်းဝင်ငွေရခဲ့တဲ့ Star Wars: The Force Awakens ရဲ့ ဝင်ငွေစံချိန်ကိုလည်း အခု ချိုးဖျက်လိုက်နိုင်ပြီလို့ ဆိုရမှာပါ။

၂၀၁၅ ခုနှစ်တုန်းက တစ်ရက်အတွင်း ဒေါ်လာ (၁၁၉) သန်းဝင်ငွေရခဲ့တဲ့ Star Wars: The Force Awakens ရဲ့ ဝင်ငွေစံချိန်ကိုလည်း အခု ချိုးဖျက်လိုက်နိုင်ပြီလို့ ဆိုရမှာပါ

သောကြာနေ့မနက်ပိုင်းမှာမှ စတင်ပြသခဲ့တာဖြစ်ပေမဲ့ ကြာသပတေးနေ့ကတည်းကထွက်ပေါ်နေတဲ့ ရုပ်ရှင်အကြိုသုံးသပ်မှုတွေက Endgame ရုပ်ရှင်ဝင်ငွေကို တစ်ရက်တည်းနဲ့ ဒေါ်လာ သန်း (၁၄၀) ရှိလာဖို့ တစ်ဘက်တစ်လမ်းကဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း ရုပ်ရှင်ရုံတွေမှာ လက်မှတ်စောင့်ဝယ်နေတဲ့လူတန်းရှည်ကြီးတွေနဲ့ လူပြည့်ကြပ်နေတဲ့ ရုပ်ရှင်ရုံတွေရဲ့မြင်ကွင်းဓာတ်ပုံတွေက ပလူပျံလို့နေတာပါ။

လူမှုကွန်ရက်ပေါ်မှာလည်း ရုပ်ရှင်ရုံတွေမှာ လက်မှတ်စောင့်ဝယ်နေတဲ့လူတန်းရှည်ကြီးတွေနဲ့ လူပြည့်ကြပ်နေတဲ့ ရုပ်ရှင်ရုံတွေရဲ့မြင်ကွင်းဓာတ်ပုံတွေက ပလူပျံလို့နေ

တချို့မြို့ကြီးတွေမှာဆိုရင် ရုပ်ရှင်ရုံတွေကို မနက်အစောပိုင်းထိ ပွဲချိန်တွေထပ်တိုးကာ ညလုံးပေါက်ဖွင့်လှစ်ပြသပေးနေရတယ်လို့ သိရပြီး အမာခံပရိသတ်တစ်ဦးကတော့ “တကယ့်ကိုရူးချင်စရာပါပဲ။ မနက် (၃) နာရီပွဲချိန်မှာတောင် လာကြည့်တဲ့သူတွေအပြည့်ပဲ” လို့ တွစ်တာမှာရေးသားထားပါတယ်။

Ref: DailyMail “Avengers: Endgame crushes all box office records on its way to ‘historic’ $1billion worldwide opening weekend”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top