အပတ်စဉ်ဗေဒင် ဟောစာတမ်းကဏ္ဍ (၉-၉-၂၀၁၈ မှ ၁၅-၉-၂၀၁၈) ရက်နေ့အထိ

Bay-Din-4-Week-2-September.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၉-၉-၂၀၁၈ မှ ၁၅-၉-၂၀၁၈) ရက်နေ့အထိ

ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့၏ စီးပွားရေး လုပ်ငန်းများ ပုံမှန်အဆင်ပြေနေမည်။ ကံတရားက ကိုယ့်ဘက်ပါနေမည်။ လုပ်တိုင်းဖြစ်နေမည်။ လုပ်လက်စ လုပ်ငန်းများ ရဲရဲ ဆက်လုပ်ပါ၊ သတ္တုလုပ်ငန်း လုပ်ကိုင်သူများ စီးပွားပြန်ကောင်းလာမည်။ ရေလုပ်ငန်း လုပ်သူများ ညံ့ပါသည်။ ကျန်းမာရေးအနေဖြင့် မျက်လုံးရောဂါရှင်များ အထူး သတိထားရမည့်အချိန်ဖြစ်ပါတယ်။ အချစ်ရေးကတော့ ချစ်သူ၏ မရေရာသောအဖြေရမည်၊ကြိုရှည်ရှည်နှင့် လွတ်ထားတတ်သည်။ အိမ်ထောင်ရှင်များကတော့ မိဘတို့ကိုအကြောင်းပြုပြီး စိတ်သဘောထားမတိုက်မဆိုင်ဖြစ်နေမည်။ ပညာရေးသမားများ ရာထူးစာမေးပွဲအောင်မြင်ပါမည်။ ကားဝယ်ရောင်းသမားများ အဆင်ပြေမည်။ အစိုးရဝန်ထမ်းများ ကံကောင်းပါသည်။ အထူးသဖြင့် လက်နက်ကိုင်ဝန်ထမ်းများ အရေးကြီးစာရွက်စာတမ်း ပျောက်တတ်သဖြင့် အနည်းငယ် သတိထားပါ။

အကျိုးပေးဂဏန်းမှာ – ၆။၀။၉ ယတြာ – အသက်ကြီး နွမ်းပါး ဘိုးဘွားများကို ဆေးလှူပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည့်အချိန်ပင်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူများလည်း ပြန်အဆင်ပြေလာပြီဖြစ်သည်။ရေလုပ်ငန်း၊ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ အထူးသတိထားသင့်ပါသည်။ ယာဉ်စက်လုပ်ငန်း၊သတ္တုလုပ်ငန်း လုပ်သူများ အဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် ခွဲစိတ်ကုသထားရသူများ၊အရိုးနှင့်ပါတ်သက်သူများ အထူ သတိပြုပါ။ ပြင်ပထိလိုက်မှု့ ဖြစ်တတ်သည်။ အချစ်ရေးအနေနှင့် ချစ်သူ၏ ချစ်အဖြေ ရရှိလိမ့်မည်။ အိမ်ထောင်ရေးတွင် ကြားလူတစ်ဦးကို အကြောင်းပြုပြီး သံသယစိတ်ဖြင့် အိမ်တွင်းရေး ပူလောင်နေတတ်သည်။ မိဘကျန်းမာရေးညံ့တတ်သည်။ ပညာရေးသမားများ ကြိုးစားရမည်၊ ပလုပ်စာမေးပွဲ အောင်မည်။ နိုင်ငံခြားသွား၇န်လုပ်ထားသူများ အဆင်ပြေသွားမည်။ ဝန်ထမ်းများ ငွေဝင်မည်ကာလဖြစ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ၈။ ယတြာ– နွမ်းပါသော မိသားစုကို ထမင်းကျွေးလိုက်ပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့ စီးပွားရေးလုပ်ငန်းတွင် ပြိုင်ဘက်များမည့် ကာလဖြစ်သည်။ ပြိုင်ဘက်များကြောင့်လည်း အလုပ်တွင် အချိန်ပြည့်လုပ်ဆောင်နေရလိမ့်မည်။ မိမိလူယုံကြောင့် အတွင်းသတင်းပြိုင်ဘက်မှ ရသွားတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ဆက်သွယ်ရေးလုပ်ငန်းများတိုးတက်မည်။ ရေလုပ်ငန်းများလည်း ကံကောင်းနေသည်။ ကျန်းမာရေးအနေနှင့် အသဲရောဂါခံစားနေရသူများ အထူးသတိထားရလိမ့်မည်။ အချစ်ရေးတွင် မိမိချစ်သူမှ မိမိချစ်သလိုပြန်မချစ်ဘဲရှိမည်၊ ကိုယ်မချစ်တဲ့သူက ကိုယ့်ကို အလွန်ချစ်နေတတ်သည်ကို သတိပြုပါ။ အိမ်ထောင်သည်များ ခရီးများနေမည်။ ပညာရေးသမား အထက်တန်းကျောင်းသာများ လူပေါင်းမှားတတ်သည်။ ဝန်ထမ်းများ ကံကောင်းနေတတ်သည်။လက်နက်ကိုင်ဝန်ထမ်းများ ပင်ပန်းမည်။

အကျိုးပေးဂဏန်း – ၃ ၊ ၉ ၊ ၅။ ယတြာ – အင်္ဂါနေ့တွင် ငှက်ကလေးများကို အစာကြွေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ကတော့ ဘာလုပ်လုပ် အနည်းငယ်ညံ့နေလိမ့်မည်။ အများနှင့်ဆိုင်သော တာဝန်များယူရလိမ့်မည်။ ဆောက်လုပ်ရေး၊ယာဉ်စက်တို့နှင့်ဆိုင်သော လုပ်ငန်းရှင်များ ကောင်းသောအချိန်ဖြစ်သည်။ ရေလုပ်ငန်း၊သတ္တုတွင်းလုပ်ငန်းလုပ်သူများ ကံညံ့သည်။ကျန်းမာရေးအနေဖြင့် ကျောက်ကပ်နှင့် ဆီချိုရောဂါသည်များ အထူးသတိထားရမည်။ဆေးမှန်မှန်စစ်ဆေးပါ၊ မထင်သည့်အချိန်ရောဂါဖောက်တတ်သည်။ အချစ်ရေးတွင် မိဘတို့သဘောမတူသဖြင့် ခိုးကြောင်ခိုးဝှက် ချစ်နေရမည်။ အိမ်ထောင်သည်များစိတ်သဘောထားမ တိုက်ဆိုင်သည်ကများနေမည်။ ပညာရေးတွင် အလွန်ကြိုးစာရမည်၊ထင်သလောက်မပေါက်နိုင်ပါ။ မြေ ဝင်မည်။ ဝန်ထမ်းများ ကံကောင်းသော အချိန်ဖြစ်သည်။

ရာဟု သားသမီးတို့ကတော့ အဆင်ပြေနေပါမည်။ အချစ်ရေးတွင် အဝေးရောက်ချစ်သူ ပြန်လာတတ်သည်။ ငယ်ချစ်နှင့် ပြန်ဆုံတတ်သည်။ စီးပွားရေးတွင် ကား၊စသည့်ယာဉ်နှင့်ဆိုင်သော ပစ္စည်းရောင်း/ဝယ်သူများ ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးကြောင့် စိတ်ညစ်ရတတ်သည်။

အကျိုးပေးဂဏန်း – ၈ ၊ ၀ ၊ ၂။ ယတြာ – ယခုတစ်ပတ်အတွင်း သောက်ရေလှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် စီးပွားရေး အခြေအနေမှာ အကောင်းအဆိုး တွဲနေသည့်အခြေအနေဖြစ်သည်။ စပ်တူလုပ်ငန်းလုပ်သူများလည်း စိတ်ညစ်နေရတတ်သည်။မုန့်လုပ်ငန်းနှင့် ဓါတ်ဆီ၊ဒီဇယ် စသည့်စက်သုံးဆီလုပ်ငန်းသမားများ အမြတ်ရမည့်ကာလဖြစ်ပြီး ၊သတ္တုတွင်းလုပ်ငန်းလုပ်ကိုင်သူများ အလုပ် အေးနေမည်။ ကျန်းမာရေးအနေနှင့်ကတော့ ညာဘက်ဒူး ထိခိုက်မိတတ်သည်။ နှလုံးနှင့်ဆိုင်သော ဝေဒနာရှင်များ သတိပြုပါ။ အချစ်ရေးတွင် ချစ်သူကသစ္စာဖောက်တတ်သဖြင့် အထူးသတိထားပါ။ အိမ်ထောင်သည်များလည်း ချစ်သူအသစ်ရတတ်ပြီး ပြဿနာဖစ်တတ်သည်၊မိသားစုတွင် သားကြီး၊သမီးကြီး တစ်ဦး ကျန်းမာရေးညံ့တတ်သည်။ ပညာရေးလိုက်နေသော ၁၀ တန်းကျောင်းသားများ လူပေါင်းမှားပြီး ဘဝအတွက် ထိခိုက်သွားမည်၊ အထူးသတိပြုပါ။ မြေ ဝင်တတ်၊ထွက်တတ်သည်။ ဝန်ထမ်းများ အထူးကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၉ ၊ ၇။ ယတြာ – လမ်းတွင်တွေ့သော တိရိစ္ဆာန်များကို တတ်နိုင်သလောက် အစာကျွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေး လုပ်ငန်းများတွင် ကံကောင်းလာပါပြီ။ မိမိလုပ်ငန်းတွင် မိမိအား ငွေကြေးစိုက်ထုတ်ပေးသူရှိပါက သဘောရိုးနှင့်မဟုတ်ဘဲ ကြိုးကိုင်လာလိမ့်မည်။ အတတ်ပညာဖြင့် လုပ်ကိုင်ရသူများ ရန်ပေါ်မည်။ ငွေကြေးကို အခြေခံသူများကတော့ တရားရုံးအထိတက်ရောက်ရတတ်သည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်း၊ခါး ရောဂါရှိသူများ အထူးသတိထားရန်လိုအပ်သည်။ အချစ်ရေးကတော့ ကွဲကွာနေသောချစ်သူနှင့် ပြန်ဆုံရမည်။ အိမ်ထောင်ရေးသမားများ မိသားစုသာယာမည်။ ပညာရေးသမားများ ရာထူးအတွက် စာမေးပွဲအောင်ပါလိမ့်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။လက်နက်ကိုင်ဝန်ထမ်းများ ထီကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၆ ၊ ၂ ၊ ၁။ ယတြာ – ရဟန်းကို ငွေကပ်လှူပြီး ထီသွားထိုးလိုက်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ လူကြီးတစ်ဦး၏ အကူအညီဖြင့် အောင်မြင်သွားမည်။ မိမိလုပ်ကိုင်သော လုပ်ငန်းအတွက် လျှိဝှက်လုပ်ကိုင်ရန်ဖြစ်သည်။ စပ်တူလုပ်ငန်းမှ စာရင်းဇယာများ ပြင်ပသို့ပေါက်ကြားပြီး ပြသနာတက်တတ်သည်။ စတိုးဆိုင်ကဲ့သို့ အထိုင်ချလုပ်ကိုင်ရသော လုပ်ငန်းများ အထူးအောင်မြင်တတ်သည်။ ကျောက်မျက်ရတနာလုပ်ငန်းများ အမြတ်နည်းလိမ့်မည်။ ကျန်းမာရေးအနေဖြင့် မျက်လုံးထိလိုက်မိတတ်သည်။ ခွဲစိတ်ရသည်အထိ ဖြစ်တတ်သည်။ အချစ်ရေးတွင် ကံကောင်းပြီး လက်ထပ်ရန်ရက်ရွေးရမည်။ အိမ်ထောင်သည်များ ကံကောင်းပြီး (၇) အစပါသော ထီကိုထိုးသင့်သည်။ ကားဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများကတော့ အနည်းငယ် ညံ့ပါသည်။ ဝန်ထမ်းများ ကောင်းပါသည်။

အကျိုးပေးဂဏန်း – ၀ ၊ ၇ ၊၂။ ယတြာ – ခွေးကလေးများကို ထန်းလျှက်ကျွေးပါ။

 

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D. (Candidate)

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top