Goblin (မှင်စာသတို့သမီး) theme နဲ့လက်ထပ်ပွဲ ဖန်တီးခဲ့တဲ့ မင်္ဂလာစုံတွဲ

go.png

မကြာသေးခင်က လက်ထပ်ပွဲတစ်ခုမှာ သတို့သမီးက Hello Kitty ကြိုက်လွန်းလို့ Hello KittyTheme ဖန်တီးပြီး လက်ထပ်ခဲ့တဲ့ စုံတွဲအကြောင်း ဖေ့စ်ဘွတ်မှာ ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံက ဒီစုံတွဲလိုပဲ မလေးရှားမှာလည်း ကိုရီးယားကားထဲက ဇာတ်ဝင်ခန်းအတိုင်း လက်ထပ်ကြတဲ့ စုံတွဲရှိပါတယ်။ မလေးရှားအဆိုတော် ရှီလာ အမ်ဇား (Shila Amzah) ရဲ့ လက်ထပ်ပွဲအပြင်အဆင်က ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲ Goblin (မှင်စာသတို့သမီး) ထဲကအတိုင်းဖြစ်နေတာပါ။ Pre-wedding ဗီဒီယိုအဖြစ် မင်းသား ဂွန်ယူ (Gong Yoo) နဲ့ မင်းသမီး ကင်ဂိုအွန် (Kim Go Eun) တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းအတိုင်း သရုပ်ဆောင် ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းတွဲထဲက အရမ်းလှတဲ့ ရိုက်ကွင်းနေရာလေးတွေလည်း ပါပါတယ်။ ကောင်မလေးက သူ(မ)ရဲ့ သတို့သားလောင်း ကောင်လေးနဲ့ နီးနီးကပ်ကပ် လျှောက်သွားနေကြတဲ့ အခန်းလေးပါ။ မင်္ဂလာဆောင် ဓာတ်ပုံတွေထဲမှာ ကင်ရှင်း (ဂွန်ယူ) က ဂျီအွန်တက်ခ် ( ကင်ဂိုအွန်) ကို ဇာတ်လမ်းအစမှာ ပေးတဲ့ ဂျုံပန်းလေးတောင် ပါပါသေးတယ်။

မင်္ဂလာဆောင် ဗီဒီယိုထဲမှာ ကိုရီးယား နဲ့ မလေးရှားရိုးရာတို့ကို ရောစပ်ဖန်တီး ထားပါတယ်။ မင်္ဂလာဝတ်စုံကို အနက်ရောင် ရွေးချယ်ထားတာကလွဲလို့ ကျန်တာအားလုံးက theme နဲ့ကိုက်ညီပါတယ်။

ရှီလာက ခင်ပွန်းလောင်းကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက တိတ်တခိုး ချစ်ခဲ့ရတာဖြစ်ပြီး သူ(မ)ရဲ့ တစ်ဖက်သတ်အချစ်အတွက် သီချင်းတစ်ပုဒ်တောင် ရေးထားပါသေးတယ်။ မလေးရှားအဆိုတော် ရှီလာ က ဘစ်ဂ်ဘန်း (BIGBANG) ၊ ဘလက်ပင့်ခ် (Blackpink) နဲ့ အယ်လိုင်း (Aliee) တို့လို ကိုရီးယား အဆိုတော်တွေရဲ့ သီချင်းတွေကို Cover Songs ပြန်ဆိုသူပါ။

၂၀၁၇ ကထွက်ရှိခဲ့တဲ့ Goblin ဇာတ်ဝင်တေး “Beautiful”ကို cover ပြန်ဆိုကတည်းက ရှီလာ က Goblin ဇာတ်လမ်းတွဲကို ဘယ်လောက် သဘောကျလဲသိနိုင်ပါတယ်။

နောက်ပိုင်း မြန်မာနိုင်ငံက မင်္ဂလာဆောင် တွေမှာလည်း ဘယ်လို အထူးအဆန်း Theme တွေဖန်တီးလက်ထပ်ကြမလဲ ဆိုတာကတော့ စဉ်းစားစရာပါ။ မလေးရှားစုံတွဲရဲ့ pre-wedding ကိုကြည့်ချင်တယ်ဆိုရင်တော့ https://youtu.be/xQiUmbx41ds ကဆင့်ကြည့်ရှုနိုင်ပါတယ်။

Ref: Koreaboo “malaysian celebrity epic goblin-themed wedding will make die envy”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top