ဆန်းဝှစ်သွားဝယ်ရင်း ထီကံစမ်းမိပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အမျိုးသား

20.9.23-yyl-၂.jpg

ဖလော်ရီဒါပြည်နယ်က ထရာဗစ် ဟောလ်ဆိုတဲ့ အမျိုးသားဟာ ဆန်းဝှစ်ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Publix ကုန်စုံဆိုင်ကို သွားခဲ့ပါတယ်။ အဲ့ဒီဆိုင်ရောက်တော့ ခဲခြစ်ထီလက်မှတ်တွေကို မြင်ပြီး ဒေါ်လာ ၂၀ တန် Monopoly Doubler ခဲခြစ်ထီကို ထိုးဖြစ်သွားခဲ့ပါတယ်။ ထီထိုးလိုက်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်က သူ့ကို ဒေါ်လာ ၅ သန်း ကံထူးသွားစေခဲ့တာပါပဲ။

ထီလက်မှတ်ကို ချက်ချင်းခဲခြစ်ခဲ့တာမဟုတ်တဲ့အတွက် သူ သန်းကြွယ်သူဌေးဖြစ်မယ်ဆိုတာ တန်းမသိခဲ့ပါဘူး။ ထီလက်မှတ်ကို ခဲခြစ်ဖို့ ရက်အနည်းငယ်စောင့်ခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတော့ ထီလက်မှတ်ကို ခဲခြစ်ဖို့ စိတ်လှုပ်ရှားနေတဲ့အတွက် သူ့ဇနီးဖြစ်သူကို ခဲခြစ်ခိုင်းခဲ့တာပါ။

ထရာဗစ်က ထီဆုကြေးငွေ တစ်လုံးတစ်ခဲတည်းယူခဲ့တဲ့အတွက် ဒေါ်လာ ၄ သန်းနီးပါး (ဒေါ်လာ ၃၉၉၄၆၉၈) ရရှိသွားခဲ့ပါတယ်။

Ref: Florida Man Goes Out for a Sandwich, Comes Home with a $5 Million Lottery Ticket

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top