Category: International

ဒေါ်လာ ၄သောင်းတန်ဖိုးရှိတဲ့ လက်ဆွဲအိတ်ကို အပ်နှံခဲ့တဲ့ ရိုးသားသူတစ်ဦး

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်က နူကိုလင် (Neukölln) စီရင်စုမှာ အမည်မဖော်လိုသူ ၊ ရိုးသားတဲ့ ပြည်သူတစ်ဦးက ငွေသားများနဲ့ ရွှေချောင်းများပါဝင်ပြီး ယူရို ၃၃၅၀၀ (ဒေါ်လာ ၄၀၀၀၀) တန်ဖိုးရှိတဲ့ လက်ဆွဲအိတ်ကို သစ်ပင်တစ်ပင်အောက်မှာတွေ့ရှိခဲ့ပြီး ရဲလက်သို့ အပ်နှံခဲ့ပါတယ်။

Category: International

အမွှာညီအစ်မ အချင်းချင်း အရေပြား နဲ့ တစ်ရှူးဆဲလ် အစားထိုး ကုသမှု အောင်မြင်

     အသက် ၆၆ နှစ် အရွယ်စီ ရှိကြပြီ ဖြစ်တဲ့ မာရီယန်းဖီးဒ်စ် (Marian Fields) နဲ့ မေရီဂျိန်း (Mary Jane) တို့ အမွှာ ညီအစ်မ နှစ်ဦးဟာ တစ်သက်လုံး အတူတူ နေထိုင်လာကြသူတွေပါ။ မာရီယန်းမှာ ပြင်းထန်ပြီး ဖြစ်လေ့မရှိတဲ့ အရေပြားကင်ဆာ ပုံစံတစ်မျိုး ဖြစ်ပွားလာတဲ့ အခါမှာတော့ အမွှာညီအစ်မဖြစ်တဲ့ မေရီက သူမရဲ့ အရေပြားနဲ့ အစားထိုး ကုသစေခဲ့တာပါ။

Category: International

မြောက်ကိုရီးယား ရေငုပ်သင်္ဘောရဲ့ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို တွေ့ရှိရ

အမေရိကန်စစ်တပ်ဟာ မြောက်ကိုရီးယားရေငုပ်သင်္ဘောရဲ့ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို ထောက်လှမ်းနိုင်ခဲ့ပြီး ပြုံယမ်းရဲ့ တိုက်အချင်းချင်းအကြားအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စမ်းသပ်မှုအပြီး  ရေငုပ်သင်္ဘောကလှုပ်ရှားခဲ့တာ ဖြစ်တယ်လို့ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

Category: International

ကိုယ်တိုင်မီးမဖွားခင်အချိန်လေးအတွင်း လူနာကို ကလေးမွေးပေးခဲ့တဲ့ သားဖွားဆရာဝန်မ

အမေရိကန်နိုင်ငံ အရှေ့တောင်အလယ်ပိုင်းရှိ ကင်တပ်ကီ (Kentucky) ပြည်နယ်တွင် သားဖွားဆရာဝန်မတစ်ယောက်ဟာ သူမကိုယ်တိုင် မီးမဖွားခင်  အချိန်လေးမှာပဲ လူနာအမျိုးသမီးကို အောင်မြင်စွာ ကလေးမွေးပေးနိုင်ခဲ့ပါတယ်။ သားဖွားဆရာဝန်မရဲ့ နာမည်ဟာ ဒေါက်တာ အာမန်ဒါ ဟပ်စ်(Dr. Amanda  Hess) လို့ခေါ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ သူမရဲ့ ဒုတိယမြောက်ကလေးကို မီးဖွားဖို့ ရက်ချိန်းသတ်မှတ်ပြီးသားဖြစ်ပါတယ်။ ထိုအချိန်မှာပဲ လူနာတစ်ဦးဖြစ်သူ လိဒ်ဟာလီဒေး ဂျွန်ဆင် (Leah Halliday Johnson) ကလည်း သူမရဲ့ စတုတ္ထမြောက်ကလေးကို မီးဖွားရမယ့်ရက်လည်း ဖြစ်ပါတယ်။

Category: International

ကန္တာရထဲက လူလုပ်ရေခဲစီးကြောင်း

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ အံ့သြဖွယ်မြေမျက်နှာသွင်ပြင်ရှိတဲ့ ကန္တာရဒေသတစ်ခုရှိပါတယ်။ ဒီအေးစက်ခြောက်သွေ့နေတတ်တဲ့ဒေသမှာ မိုးဟာ မရွာသလောက်ဖြစ်ပြီး အပူချိန်ကလည်း ပူပြင်းချိန်မှာ အလွန်အမင်းပူပြင်းပြီး အေးတဲ့ရာသီများမှာ ရေခဲမှတ်အောက်ရောက်တဲ့အထိ အေးခဲတတ်ပါတယ်။ ဒေသခံတွေပြောကြားချက်အရ နေရောင်အောက် ကြာကြာရပ်နေမယ်ဆို အပူရှပ်ခြင်းနဲ့နှင်းကိုက်ခြင်းကို တစ်ပြိုင်နက်တည်းခံစားရမယ့် ကမ္ဘာပေါ်ကတစ်ခုတည်းသောနေရာလို့ဆိုပါတယ်။ ဒီနေရာကတော့ လာဒက် (Ladakh) ဒေသဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်တွေဖြစ်တဲ့ ဟိမဝန္တာတောင်နဲ့ ခွန်လွန်တောင်နှစ်ခုကြားက တောင်ကြားဒေသလေးတစ်ခုလည်းဖြစ်ပါတယ်။

Category: International

ဆယ့်လေးနှစ်တိတိ ဆံပင် အရှည်ထားခဲ့တဲ့ ရုရှားအမျိုးသမီး

     ရုရှားနိုင်ငံတောင်ပိုင်း အယ်လ်တီ ခရိတ်ဒေသ၊ ဘာလ်နိုး မြို့တော်မှာ နေထိုင်တဲ့ အသက် ၂၇ အရွယ် ရုရှားအမျိုးသမီး ဒါရီရာ ဂူဘနိုဗာ (Daria Gubanova) ဟာ ဆံပင် အရှည်ထားခဲ့တာ ဆယ့်လေးနှစ်ရှိခဲ့ပါပြီတဲ့။ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က သူမရဲ့ သူငယ်ချင်းတစ်ယောက်ဟာ ဒါရီရာ အနေနဲ့  ဆံပင်ကို ကျစ်လို့ရတဲ့ထိတောင် ဆံပင်အရှည်ထားနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ထိုသူငယ်ချင်းနဲ့ အလောင်းအစားလုပ်တဲ့ အနေနဲ့ သူမက ဆံပင်အရှည်စထားဖြစ်ခဲ့တာပါ။

Category: International

ဒိုင်ယာနာမင်းသမီးရဲ့ ရှားပါးပစ္စည်းများ ဘက်ကင်ဟမ်နန်းတော်တွင် ခင်းကျင်းပြသ

ဗြိတိန်တော်ဝင်မိသားစုဟာ ဒိုင်ယာနာမင်းသမီးရဲ့သေဆုံးခြင်း အနှစ် ၂၀ပြည့်အထိမ်းအမှတ်အနေနဲ့ အထူးပွဲလေးတစ်ခုကို ဘက်ကင်ဟမ်နန်းတော်မှာပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ ဒိုင်ယာနာပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေထဲက သူမအနှစ်သက်ဆုံးပစ္စည်းလေးများကို ခင်းကျင်းပြသပေးထားမှာ ဖြစ်ပါတယ်။

Category: International

အိပ်မက်တွေကို အသက်သွင်းသူ သို့မဟုတ် ဘိုးအင်း ၇၇၇ လေယာဉ်ကို မောင်းနှင်ခွင့်ရတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးလေယာဉ်မှူး

ပတ်ဝန်းကျင်က မဖြစ်နိုင်ဘူးလို့ ထင်မြင်ယူဆခဲ့ကြပေမယ့် အန်နီဒီဗီယာကတော့ သူ့အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဘိုးအင်း ၇၇၇ လေယာဉ်မောင်းသူတွေထဲမှာ
ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးလေယာဉ်မှူးဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Category: International

ဒေါ်နယ်ထရမ့် မြောက်ကိုရီးယားကိုစစ်ကြေညာမှာ စိုးရိမ်နေတဲ့ ပင်တဂွန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် Twitter ပေါ်မှာ စစ်ဘက်ဆိုင်ရာ စီမံကိန်းအကြောင်း tweet ခဲ့တာကြောင့် ထရန့်ဟာ မြောက်ကိုရီးယားကို စစ်ကြေညာမဲ့ အရေးနဲ့ပတ်သတ်ပြီး ပင်တဂွန်မှ တာဝန်ရှိသူများက စိုးရိမ်နေကြတယ် လို့သိရပါတယ်။ မစ္စတာထရန့်ဟာ Twitter ပေါ်မှာ သူဟာ သူ့ရဲ့ဗိုလ်ချုပ်များနဲ့ တိုင်ပင်နေကြောင်းပြောဆိုခဲ့ပြီး အမေရိကန်စစ်တပ်ထဲမှာ ယောင်္ကျားလျာနဲ့ မိန်းမလျာတွေကို စစ်မှုထမ်းခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Category: International

ရေချိုးကန်ထဲမှာ ဖုန်းသုံးရင်း ဓာတ်လိုက်ပြီးသေဆုံးသွားခဲ့တဲ့ ၁၄အရွယ်ကောင်မလေး

အမေရိကန်နိုင်ငံ၊ အနောက်တောင်ဘက်ပိုင်းပြည်နယ်ဖြစ်တဲ့ နယူးမက်ဆီကို (New Mexico)ပြည်နယ် လိုဗင်တန်မြို့တွင်နေထိုင်တဲ့ အသက် ၁၄နှစ်အရွယ် မက်ဒီဆင်ကိုး (Madison Coe) ဆိုတဲ့ကောင်မလေးဟာ ရေချိုးကန်မှာ ဖုန်းအသုံးပြုရင်း ဓာတ်လိုက်ကာ သေဆုံးသွားခဲ့ပါတယ်။ သူမဟာ စမတ်ဖုန်းကိုအသုံးပြုရင်း ရေချိုးကန်ထဲ ဝင်စိမ်လေ့ရှိပြီး ထိုနေ့ကလည်းသူမဟာ ဖုန်းကိုရေချိုးကန်ထဲယူသွားပြီး ခြောက်သွေ့အောင်တဘတ်ဖြင့် သုတ်ကာ  ဖုန်းကိုအားသွင်းခဲ့ပါတယ်။ ဖုန်းသုံးနေတုန်းမှာပဲ သူမဟာ ဓာတ်ပုံတစ်ပုံကို ရိုက်ခဲ့ပြီး “ extension ကြိုးခွေကို သုံးလိုက်တော့ ရေချိုးကန်ထဲမှာ ဖုန်းသုံးနေလည်းအားသွင်းလို့ရတာပေါ့ ” ဆိုကာ သူမရဲ့ သူငယ်ချင်းတွေဆီကို ပို့ခဲ့ပါသေးတယ်။ အဲ့ဒီဆဲလ်ဖီဟာ မက်ဒီဆင်ကိုးရဲ့ နောက်ဆုံးဆဲလ်ဖီ ဖြစ်ခဲ့ပါတယ်။

Category: International

မြို့ကြီးများမှာ ကြွက်များကို နှိမ်နင်းရန်အတွက် အသုံးပြုမည့်ရေခဲခြောက်

ကြွက်ကောင်ရေများပြားနေတဲ့ မြို့များမှာတော့ ကြွက်များကို နှိမ်နင်းရန်အတွက် နည်းစနစ်သစ်ဖြစ်တဲ့ ရေခဲခြောက် (ကာဗွန်ဒိုင်အောက်ဆိုက်အခဲ)ကိုအသုံးပြုလာနိုင်ဖွယ်ရှိပါတယ်။ ကြွက်ကောင်ရေ များပြားမှုကြောင့် တစ်နှစ်တစ်နှစ်ကို တိုင်ကြားစာများစွာ လက်ခံရရှိနေတဲ့ နယူးယောက်မြို့ဟာ ရေခဲခြောက်ကို ကြွက်တွင်းများထဲချကာ ကြွက်များ အသက်ရှုကြပ်ပြီး သေဆုံးသွားစေရန် အစီအစဉ်တစ်ခုကို လုပ်ဆောင်လျက်ရှိနေပါတယ်။ Bell Laboratories က ထုတ်လုပ်တဲ့ ရေခဲခြောက်ကို အသုံးပြုရာမှာ ပထမဆုံးကြွက်တွင်းထဲထားရမှာ ဖြစ်ပါတယ်။ ရေခဲခြောက်က အငွေ့ပျံသွားတဲ့အခါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထွက်လာမှာ ဖြစ်ပြီး ကြွက်တွင်းထဲရှိ ကြွက်များ အသက်ရူကြပ်ကာ သေဆုံးသွားကြမှာ ဖြစ်ပါတယ်။

Category: International

ကမ္ဘာ့ပထမဆုံးရေပေါ် လေရဟတ်ဓာတ်အားပေးစက်ရုံ စကော့တလန်တွင်တည်ဆောက်

ယူနိုက်တက်ကင်းဒမ်း (United Kingdom) မြောက်ဘက်ဆုံးနိုင်ငံဖြစ်တဲ့ စကော့တလန်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး ရေပေါ် လေရဟတ်ဓာတ်အားပေးစက်ရုံကို  တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ထူးထူးခြားခြား နည်းပညာဖြစ်တဲ့ ဒီနည်းပညာအရ ရေပေါ်မှာတည်ဆောက်ထားခြင်းဖြင့် လေစွမ်းအား ပိုမိုရရှိစေမှာဖြစ်ပြီး အိမ်ပေါင်း  ၂၀၀၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးနိုင်မှာဖြစ်တယ် လို့သိရပါတယ်။

Category: International

အမျိုးသမီးတစ်ယောက်ရဲ့ မျက်လုံးထဲမှ မျက်ကပ်မှန် ၂၇ခု ရှာတွေ့

အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့မျက်လုံးအိမ်ခြောက်သွေ့မှုနဲ့ အသက်ရလာတာတာနှင့်အမျှ အမြင်ဝေဝါးလာမှုကြောင့် အတွင်းတိမ်ခွဲစိတ်မှုပြုလုပ်ဖို့ ဆရာဝန်ဆီပြသခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံ၊0 ဆိုလီဟောဆေးရုံက ဆရာဝန်တွေကတော့ သူမမျက်လုံးရဲ့ပြဿနာအစစ်အမှန်ဟာ ညာဘက်မျက်လုံးထဲနစ်ဝင်နေတဲ့ မျက်ကပ်မှန် ၂၇ခု ကြောင့်ပါလို့ ဆိုပါတယ်။

Category: International

အထက်တန်းကျောင်းထွက်ခဲ့ရပေမဲ့ ကိုယ်ထူးကိုယ်ချွန်ကြိုးစားခဲ့လို့ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာသူ

လက်ရှိအချိန်မှာ ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ်ထူးကိုယ်ချွန် အချမ်းသာဆုံး အမျိုးသမီးက ဘယ်သူလဲဆိုတာ သင်သိပါသလား။ Time မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ လက်ရှိအချိန်မှာ ကိုယ်ထူးကိုယ်ချွန်ကြိုးစားပြီး ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးဘီလီယံနာ ဖြစ်လာသူ ကတော့ ဇူကန်ဖေ (Zhou Qunfei) ဖြစ်ပြီး သူမရဲ့အသက်ဟာ လက်ရှိအချိန်မှာ ၄၇ နှစ်သာရှိပါသေးတယ်။