စနစ်တကျ သန့်ရှင်းပေးသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ

img1-10.jpg

နေ့စဉ်ရေချိုးတာက ကျွန်တော်တို့ရဲ့တစ်ကိုယ်ရေးသန့်ရှင်းရေးအတွက် သေချာပေါက် အရေးကြီးပါတယ်။ ကျွန်တော်တို့တွေက နေ့တိုင်းရေချိုးဖြစ်ပေမယ့် ဂရုတစိုက်နဲ့ စနစ်တကျမသန့်စင်ဖြစ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေရှိပါတယ်။ ကျွန်တော်တို့တွေက အဲဒီအစိတ်အပိုင်းတွေကို စနစ်တကျသန့်စင်ဖို့အတွက် ဂရုမပြုမိကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့စနစ်တကျသန့်စင်ပေးရမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဘာတွေလဲဆိုတာ အောက်မှာဖတ်ရှုလိုက်ကြည့်လိုက်ပါနော်..။

လက်

သန့်စင်ခန်းအသုံးမပြုခင်နဲ့ အသုံးပြုပြီး လက်ဆေးပေးတာ၊ ဘတ်တီးရီးယားပိုးတွေတွယ်ကပ်နေတဲ့အရာတစ်ခုခုကို ထိမိ၊ ကိုင်မိတဲ့အခါတိုင်း လက်ဆေးပေးတာ၊ ထမင်းမစားခင်နဲ့စားပြီးနောက် လက်ဆေးတာတွေက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဘယ်လိုလဲဆိုရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါကူးစက်မှုတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

စနစ်တကျသန့်စင်နည်း- လက်သန့်စင်ဆေးကြောတဲ့အချိန်တိုင်း အန်တီဘတ်တီရီးယားလက်သန့်ဆေးကို အသုံးပြုဖို့က အဲဒီလောက်အရေးမကြီးပါဘူး။ သင်အသုံးပြုတဲ့လက်ဆေးဆပ်ပြာကဘယ်ဟာပဲဖြစ်ဖြစ် အနည်းဆုံး စက္ကန့် (၂၀) လောက် လက်ချောင်း၊ လက်ချောင်းထိပ်၊ လက်ဖမိုး၊ လက်ဖဝါးကြားတွေကို အမြှပ်ထသည့်အထိ နှံ့နှံ့စပ်စပ် ပွတ်တိုက်ဆေးကြောပေးရပါမယ်။

မျက်နှာ

မျက်နှာထိန်းသိမ်းနည်းအမျိုးမျိုးလုပ်ကြပါတယ်။ ဒါပေမဲ့ တချို့က လိုတာထက်ပိုပြီး အသားအရေကို ဂရုစိုက်တာတွေလုပ်နေကြပါတယ်။ ဒါတွေက အသားအရေပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။

စနစ်တကျသန့်စင်နည်း – သင်ရဲ့လက်တွေနဲ့ မျက်နှာသစ်ဆေးကိုအသုံးပြုပြီး အမြှပ်နည်းနည်းထွက်လာအောင် စက်ဝိုင်းပုံစံရွေ့လျားပြီးပွတ်တိုက်ပါ။ မျက်နှာကို သန့်စင်ပြီးရင် ခြောက်သွေ့ပြီးနူးညံ့တဲ့မျက်နှာသုတ်ပုဝါနဲ့ ခြောက်သွားအောင် သုတ်လိုက်ပါ။ နေ့တိုင်း မျက်နှာပေါင်းတင်တာတွေ မပြုလုပ်မိပါစေနဲ့နော်။

သွား

သွားတိုက်ပေးတာက ကျွန်တော်တို့ရဲ့တစ်နေ့တာလုပ်ဆောင်ရမယ့် အရာတွေထဲက တစ်ခုပါ။ လူအများစုက မှန်မှန်ကန်ကန် သွားမတိုက်ဖြစ်ကြပါဘူး။ စနစ်တကျသွားမတိုက်ဖြစ်ရင် ခံတွင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ပါးစပ်ထဲမှာ အက်ဆစ်မညီမျှမှုတွေ ဖြစ်လာနိုင်သလို သင်ရဲ့သွားအပေါ်ယံကြွေသားကို ထိခိုက်စေနိုင်ပါတယ်။

စနစ်တကျသွားတိုက်နည်း – (၄၅) ဒီဂရီထောင့်ကနေ သွားတိုက်ဆံကိုကိုင်ထားပြီး သွားဖုံးတွေပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းပွတ်မတိုက်ဘဲ စက်ဝိုင်းပုံစံရွေ့လျားပြီး သွားတိုက်ပေးပါ။ ဒီလိုရွေ့လျားမှုနဲ့ပဲ ထောင့်အကုန်လုံးကို နှံစပ်အောင် တိုက်ကြည့်ပေးပါ။ ကြမ်းတဲ့သွားတိုက်တံကို ဘယ်တော့မှ အသုံးမပြုမိပါစေနဲ့။

နား

ကျွန်တော်တို့ရဲ့နားကို သန့်စင်ဖို့အတွက် ဘောပင်အဖုံး၊ ကျဉ်းမြောင်းတဲ့အဆုံးသတ်ပါတဲ့အရာဝတ္ထုလို အန္တရာယ်ရှိတဲ့အရာတွေကို အသုံးပြုကြပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ နားစည်းကိုထိခိုက်နိုင်ပြီး အဆိုးရွားဆုံးအခြေအနေကတော့ အကြားအာရုံကိုတောင် ဆုံးရှုံးသွားနိုင်ပါတယ်။

စနစ်တကျနားသန့်စင်နည်း – နားအတွင်းထဲကို အရင်ဆုံးသန့်ရှင်းဖို့မလိုပါဘူး။ အဲဒါက သူအလိုလိုသန့်ရှင်းသွားပါလိမ့်မယ်။ နားအပြင်ဘက်အတွက် နားတစ်ဖက်တစ်ချက်၊ နားနောက်တို့ကို ဖြည်းဖြည်းသာသာသန့်စင်ပေးပါ။ နားအတွင်းသန့်စင်ပေးတာကို ရှောင်ရှားပါ။ လူတွေက နားအနောက်ဘက်ကို သန့်စင်ဖို့ မေ့တတ်ကြပါတယ်။ ဒါက တကယ်ကို အရေးကြီးပါတယ်။

ဦးရေပြား

ကျွန်တော်တို့တွေက ခေါင်းလျှော်တဲ့အခါမှာ ဆံပင်သန့်စင်ဖို့အတွက်သာ အာရုံစိုက်တတ်ကြပါတယ်။ ဦးရေပြားသန့်ရှင်းမှုကိုတော့ လျစ်လျူရှုထားကြပါတယ်။ မကြာခဏလျစ်လျူရှုထားတတ်သူတွေကတော့ ဆံပင်ရှည်တဲ့သူ၊ ဆံပင်ထူတဲ့သူတွေပါပဲ။ တစ်ခါတရံ ကျွန်တော်တို့တွေက ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးတွေ လုံးဝပြောင်သွားအောင် မလျှော်နိုင်ကြတာတွေလည်းရှိပါတယ်။

စနစ်တကျခေါင်းလျှော်နည်း – သင်က ဆံပင်ထူတယ်ဆိုရင် ခေါင်းလျှော်ရည်အပျော့စားနဲ့ ဦးရေပြားကို သန့်စင်လိုက်ပါ။ သေသေချာချာသန့်စင်ပစ်လိုက်ပါ။ Hair Productတွေ အရမ်းအသုံးခြင်းကို ရှောင်ရှားပေးပါ။

ချက်

ခန္ဓာကိုယ်တစ်ခုလုံးကို ရေချိုးသန့်စင်တဲ့အခါမှာ ဒီနေရာကို သန့်စင်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ချက်က ဘတ်တီးရီးယားတွေ စုနေနိုင်တယ်ဆိုတာကို အမှတ်ရလိုက်ပါ။ ဒါကြောင့် ရေချိုးတဲ့အခါ ချက်ကိုလည်း သန့်စင်ပေးသင့်ပါတယ်။

စနစ်တကျသန့်စင်နည်း – ဆပ်ပြာ၊ ရေနွေးနွေးတို့နဲ့ ချက်ကိုသန့်စင်ပေးပါ။ သန့်စင်တဲ့အခါ သင်ရဲ့လက်ချောင်းတွေကို အသုံးပြုမယ့်အစား ဂွမ်းကို အသုံးပြုပြီးသန့်စင်ပေးပါ။

ကဲ…စာဖတ်ပရိသတ်တွေလည်း စနစ်တကျသန့်စင်ပေးသင့်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဘာတွေလဲဆိုတာ သိသွားပြီဆိုတော့ ဂရုတစိုက်နဲ့သန့်စင်ကြဖို့ မမေ့ကြနဲ့နော်..။

Ref: TOI “You are not washing these 6 body parts correctly”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top